မွတ္သားဖြယ္ရာ… Johnnie Walker ပုလင္းမွ အေရာင္မ်ားအေၾကာင္း

Johnnie Walker ယမကာအေၾကာင္းႏွင့္ အေရာင္မ်ားအေၾကာင္း
Johnnie Walker ယမကာအေၾကာင္းႏွင့္ အေရာင္မ်ားအေၾကာင္း

မွတ္သားဖြယ္ရာ… Johnnie Walker ပုလင္းမွ အေရာင္မ်ားအေၾကာင္း

Johnnie Walker ဆိုရင္ မသိတဲ့သူ အင္မတန္မွရွားပါးပါလိမ့္မယ္။ Jonnie Walker ဟာ Red Label၊ Black Label၊ Double Black၊ Swing၊ Green Label၊ Gold Label၊ Platinum Label၊ Blue Label စတဲ့

နာမည္ေက်ာ္ ယမကာ မ်ားကို ပရိသတ္မ်ားအေနႏွင့္ ရင္းႏွီးကြၽမ္းဝင္ေနပါလိမ့္မည္။ Johnnie Walker ဟာ အေရာင္ေတြခြဲၿပီး ထုတ္လုပ္ခဲ့တာကလည္း ေဈးကြက္မွာ လူတန္းစားအမ်ိဳးမ်ိဳးကို ဆြဲ ေဆာင္ႏိုင္ဖို႔ဆိုရင္လဲ ပိုမွန္ပါလိမ့္မယ္။

ဒါေၾကာင့္ Platinum Label နဲ႔ Blue Label က ေစ်းႀကီး​လြန္းေနတာပါ။ တခ်ိဳ႕သာမန္ လူတန္းစားေတြက ေဈးႀကီးအရက္ ယမကာကိုဝယ္ဖို႔ လက္တြန႔္ ၾကပါတယ္။ အျခားအလယ္အလတ္နဲ႔ သာမန္ ယမကာေတြနဲ႔ ေဈးကြက္မွာ ထိုးေဖာက္ဖို႔အတြက္

Red Label နဲ႔ Black Label ဆိုရင္ေတာ့ သာမန္ လူတန္းစားအတြက္ အဆင္ေျပပါတယ္။ Johnnie Walker ရဲ႕ Brand ဟာဆိုရင္ေတာ့ျဖင့္ ကမာၻ႔နာမည္ အႀကီးဆုံး စေကာ့တလန္ ယမကာ Brand ႀကီးျဖစ္ပါတယ္။

အဆိုပါ Johnnie Walker ဟာ ေဈးကြက္မွာ ရပ္တည္ေနတာ ႏွစ္၂၀၀ ေက်ာ္တိတိ ရွိခဲ့ပါၿပီ။ Johnnie Walker စေကာ့တလန္ဝီစကီရဲ႕ ထူးျခားခ်က္က… အျခားယမကာေတြလို မုေယာစပါး အေျခာက္ကို ေနလွမ္းၿပီး ခ်က္လုပ္ထားတာမဟုတ္ပါဘူး။

အေကာင္းမြန္ဆုံးျဖစ္တဲ့ ခ်က္လုပ္ၿပီးသားမုေယာယမကာအခ်ိဳ႕ကိုသာ စနစ္တက် အတိုင္းအတာ ျဖင့္ ခ်က္ထားတယ္လို႔သိရပါတယ္။ ကမာၻ႔ ေဈးကြက္တြင္ ႏွစ္တစ္ႏွစ္လ်င္ ပုလင္းေပါင္း သန္း၁၅၀ နီးပါး ေသာက္သုံးသည္ဟုသိရွိရပါသည္။ Johnnie Walker ရဲ႕ Label မ်ားမွာ ကြဲျပားျခားနားမႈ႕ရွိပါသည္။

Red Label ( The Pioneer Blend / စတင္ေရာေႏွာျခင္း )

Red Label ဆိုတာကေတာ့ Johnnie Walker မိသားစုရဲ႕ ပထမဦးဆုံး အရက္ ခ်က္လုပ္မႈတစ္ခုပါ။ ၁၈၂၀ ခုႏွစ္ထဲက ေန ယမကာေဈးကြက္ကို ထိုးေဖာက္လာခဲ့တာျဖစ္ၿပီး ကမာၻ႔နာမည္ အႀကီးဆုံး Brand ျဖစ္ေနၿပီ ျဖစ္သည္။ ပုံပန္းသ႑ာန္မွာဆို…

ပ်ားရည္ႏွင့္ပယင္းေရာင္ရွိသည္။ မုေယာေစ့အေျခတည္ ခ်က္လုပ္ထားေသာ အရက္ ၃၅ မ်ိဳးကို ဗနီလာျဖင့္ အနည္းငယ္ေရာထည့္ ခ်က္လုပ္ထားသည္။ ရနံ႔အားျဖင့္ သစ္သီးရနံ႔ ျပင္းရွရွႏွင့္ လက္ဆက္တဲ့အရသာကိုေပးစြမ္းႏိုင္သည့္ ေကာင္းမြန္လွတဲ့ စေကာ့တလန္႐ိုးရာ ယမကာတစ္မ်ိဳးျဖစ္သည္။

Black Label ( ထူးျခားေျပာင္ေျမာက္တဲ့ ေရာစပ္မႈ)

Johnnie Walker ရဲ႕ Black Label ဟာဆိုရင္ေတာ့… ယမကာမ်ားၾကားထဲတြင္ ထင္ေပၚ လြန္းပါတယ္။ ပုလင္းပုံပန္းသ႑န္ လွပ႐ုံတင္မကပဲ အရသာမွာလဲထူးျခားေကာင္းမြန္ပါတယ္။ အရသာထူးျခားဆို… သိုေလွာင္သက္တမ္း ၁၂ႏွစ္ခန႔္ရွိတဲ့ မုေယာအရက္ေပါင္း ၄၀ ေက်ာ္ကို

ေပါင္းစပ္ ခ်က္လုပ္ထားသည္ဟု သိရသည္။ Black Label တစ္လုံးသည္ သိုေလွာင္ထား ခ်ိန္ ၁၂ ႏွစ္အထက္ ရွိသည္။ Black Label သည္ အနည္းငယ္ခ်ိဳၿမိန္တဲ့အရသာ ခံစားႏိုင္ၿပီး… လုံးဝ smooth ျဖစ္လြန္းတယ္လို႔ သိရပါတယ္။

Double Black Label ( အျပင္းစားေရာစပ္မႈ )

Black Label ကိုမွ စျပစ္သီးေျခာက္၊ ပန္းသီး၊ သစ္ေတာ္သီး၊ ဗနီလာတို႔ရဲ႕ အရသာကို ပိုမို ထိမိေစသည္။ ထို႔အျပင္ မုေယာေျခာက္မ်ားကို မီးရႈိ႕ကာ ထိုသာမန္ Black Label ယမကာအား မႈိင္းတိုက္ထားသည္။ Smoky ျဖစ္သည္ ရနံမွာ ရီေဝေဝ ျဖစ္သည္။

Johnnie Walker Swing ( ရနံံ့ မျပင္းေသာ ေရာစက္မႈ)

Johnni e Walker Swing စတင္ျဖစ္ေပၚလာတာကေတာ့… ၁၉၃၂ ႏွစ္ကတည္း ဆိုပါေတာ့။ ေျပာရရင္ေေတာ့… Johnnie Walker ရဲ႕ ေျမး ျဖစ္သူ Sir Alexander Walker မွ

ကမာၻ႔လွည့္ ခရီးသြား ေတြအတြက္ ရည္႐ြယ္ၿပီး ထုတ္လုပ္ထားတာပါတဲ့။ ေျပာရရင္ ရနံံ့က အင္မတန္မွ ေပ်ာ့ေျပာင္းၿပီး ေရေမႊး နရံ႕ကဲ့သို႔ ေမႊးပါတယ္။

Green Label ( ရႈပ္ေထြးေသာ ေရာစက္မႈ )

၁၅ ႏွစ္ခန႔္ ရွိတဲ့ မုေယာအရက္ေပါင္း ၄၀ ေက်ာ္ကို ေပါင္စပ္ခ်က္လုပ္ထားသည္ဟုသိရသည္။အဆိုပါမုေယာမ်ားသည္ စေကာ့တလန္၏ ဌာေန ၄ခု ျဖစ္ေသာ… Speyside၊ High Lands၊ Lowland ႏွင့္ Islay အရပ္ေဒသမွရရွိသည္။ Green Label တစ္လုံးသည္

သိုေလွာင္ထားခ်ိန္ ၁၅ ႏွစ္ အထက္ ရွိသည္။ Linkwood၊ Cragganmore ႏွင့္ Talisker စေသာ အေနာက္တိုင္းနာမည္ရွိ အရက္ခ်က္စက္႐ုံႀကီး မ်ားမွ အရက္မ်ားကို ရယူကာ ခ်က္လုပ္ထားသည္ဟု သိရသည္။

Gold Label ( ဂုဏ္ျပဳ ခ်ီးျမႇင့္ ျခင္း )

Gold Label ကေတာ့… ယမကာကို ေရာစပ္တဲ့သူကို ဂုဏ္ျပဳၿပီး ထြက္ရွိလာခဲ့တဲ့ ယမကာတစ္မ်ိဳးပါ။ Master Distiller Jim Beveridge ရဲ႕ ေကာင္းမြန္ေသာ ေရာခ်က္မႈျဖစ္ၿပီး ဌာေန ၄ ခုမွ

မုေယာဝီစကီ ၁၅ မ်ိဳးကို ေရာစပ္ ခ်က္လုပ္ထားသည္။ အလြန္ Smooth ျဖစ္ၿပီး အရသာမွာ Classic ဆန္ၿပီး အင္မတန္မွ အဝင္ေကာင္းသည္ဟု သိရပါတယ္။

Platinum Label ( သီးသန႔္ ေရာစပ္မႈ )

Platinum Label ကေတာ့… လုံးဝ ဇိမ္ခံ အဆင့္ျမင့္ ယမကာ ၁၈ မ်ိဳးကို ေရာစပ္ ခ်က္လုပ္ထားတာပါ။ ထိုယမကာမ်ားမွာ သက္တန္းအားျဖင့္ ၁၈ ႏွစ္ရွိၿပီ ျဖစ္ေသာေၾကာင့္ Platinum Label တစ္လုံးသည္ သိုေလွာင္ခ်ိန္သက္တမ္း

၁၈ ႏွစ္ေက်ာ္ၿပီဟု သိရသည္။ ထို႔ျပင္ Johnnie Walker Label မ်ားထဲတြင္ ဆုမ်ားစြာရရွိထားေသာ ယမကာပင္ျဖစ္သည္။ ေဈးႏႈန္းမ်ားသည္ အရာခံလူတန္းစားအတြက္ ရည္႐ြယ္ပါသည္။

Blue Label ( ရွားပါး ေရာစပ္မႈ )

Blue Label က… Johnnie Walker ယမကာ ေတြထဲမွာ အရွားပါးဆုံးပါပဲ။ Blue Label ဟာ ၁၈၆၇ ခုႏွစ္ Alexander Walker ရဲ႕ Old Highland Whisky အရသာကိုမွ မွီျငမ္း ထုတ္လုပ္ထားတာပါ။

သစ္ဥသစ္ဖု အရသာႏွင့္ ႏွင္းဆီ ပြင့္ဖတ္တို႔ကို ေဆး႐ြက္ႀကီး၊ ေခ်ာကလက္၊ အခါး စသည္တို႔ႏွင့္ေပါင္းစပ္ ခ်က္လုပ္ထားသည္။ Blue Label သည္ သက္တမ္းအားျဖင့္… ၂၅ ႏွစ္ရွိေနၿပီ ဟု သိရသည္။

သူ႔ရဲ႕ အရသာက Classic ဆန္သည္။ ေဈးႏႈန္းမွာ Johnnie Walker အရက္မ်ားထဲတြင္ ေစ်းအႀကီးဆုံးျဖစ္သည္။ အရာခံလူတန္းစားအတြက္ ရည္႐ြယ္သည္။ လူႀကီးလူေကာင္းမ်ားအား တန္ဖိုးႀကီး လက္ေဆာင္အျဖစ္ ေပးႏိုင္သည္။

Johnny Walker ရဲ႕ Logo အေၾကာင္း

Johnnie Walker Logo ကို ဆြဲ ထားသူသည္ ၁၉ ရာစုရဲ႕ ကာတြန္းဆရာ Tom Browne ျဖစ္သည္။ George Paterson နဲ ႔Alexander Walker တို႔ ႏွစ္ဦးမွာ ပန္းခ်ီဆရာေတြကိုေခၚ ၿပိဳင္ပြဲဝင္ခိုင္းခဲ့သည္။

သို႔ေသာ္ Red Label၊ Black Label တို႔ႏွင့္ကိုက္ညီေသာ Logo ပုံကို မည္သည့္ပန္းခ်ီဆရာမွ မဆြဲႏိုင္က်ပဲ… ကာတြန္းဆရာေလး Tom Browne ကသာ လမ္းေလွ်ာက္ေနတဲ့ လူပုံေလးကို ဆြဲႏိုင္ခဲ့သည္။ ထိုကစ Johnnie Walker ျဖစ္လာျခင္းျဖစ္သည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ဗဟုသုတအျဖစ္ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မှတ်သားဖွယ်ရာ… Johnnie Walker ပုလင်းမှ အရောင်များအကြေ

Johnnie Walker ဆိုရင် မသိတဲ့သူ အင်မတန်မှရှားပါးပါလိမ့်မယ်။ Jonnie Walker ဟာ Red Label၊ Black Label၊ Double Black၊ Swing၊ Green Label၊ Gold Label၊ Platinum Label၊ Blue Label စတဲ့

နာမည်ကျော် ယမကာ များကို ပရိသတ်များအနေနှင့် ရင်းနှီးကျွမ်းဝင်နေပါလိမ့်မည်။ Johnnie Walker ဟာ အရောင်တွေခွဲပြီး ထုတ်လုပ်ခဲ့တာကလည်း ဈေးကွက်မှာ လူတန်းစားအမျိုးမျိုးကို ဆွဲ ဆောင်နိုင်ဖို့ဆိုရင်လဲ ပိုမှန်ပါလိမ့်မယ်။

ဒါကြောင့် Platinum Label နဲ့ Blue Label က ဈေးကြီးလွန်းနေတာပါ။ တချို့သာမန် လူတန်းစားတွေက ဈေးကြီးအရက် ယမကာကိုဝယ်ဖို့ လက်တွန့် ကြပါတယ်။ အခြားအလယ်အလတ်နဲ့ သာမန် ယမကာတွေနဲ့ ဈေးကွက်မှာ ထိုးဖောက်ဖို့အတွက်

Red Label နဲ့ Black Label ဆိုရင်တော့ သာမန် လူတန်းစားအတွက် အဆင်ပြေပါတယ်။ Johnnie Walker ရဲ့ Brand ဟာဆိုရင်တော့ဖြင့် ကမ္ဘာ့နာမည် အကြီးဆုံး စကော့တလန် ယမကာ Brand ကြီးဖြစ်ပါတယ်။

အဆိုပါ Johnnie Walker ဟာ ဈေးကွက်မှာ ရပ်တည်နေတာ နှစ်၂၀၀ ကျော်တိတိ ရှိခဲ့ပါပြီ။ Johnnie Walker စကော့တလန်ဝီစကီရဲ့ ထူးခြားချက်က… အခြားယမကာတွေလို မုယောစပါး အခြောက်ကို နေလှမ်းပြီး ချက်လုပ်ထားတာမဟုတ်ပါဘူး။

အကောင်းမွန်ဆုံးဖြစ်တဲ့ ချက်လုပ်ပြီးသားမုယောယမကာအချို့ကိုသာ စနစ်တကျ အတိုင်းအတာ ဖြင့် ချက်ထားတယ်လို့သိရပါတယ်။ ကမ္ဘာ့ ဈေးကွက်တွင် နှစ်တစ်နှစ်လျင် ပုလင်းပေါင်း သန်း၁၅၀ နီးပါး သောက်သုံးသည်ဟုသိရှိရပါသည်။ Johnnie Walker ရဲ့ Label များမှာ ကွဲပြားခြားနားမှု့ရှိပါသည်။

Red Label ( The Pioneer Blend / စတင်ရောနှောခြင်း )

Red Label ဆိုတာကတော့ Johnnie Walker မိသားစုရဲ့ ပထမဦးဆုံး အရက် ချက်လုပ်မှုတစ်ခုပါ။ ၁၈၂၀ ခုနှစ်ထဲက နေ ယမကာဈေးကွက်ကို ထိုးဖောက်လာခဲ့တာဖြစ်ပြီး ကမ္ဘာ့နာမည် အကြီးဆုံး Brand ဖြစ်နေပြီ ဖြစ်သည်။ ပုံပန်းသဏ္ဍာန်မှာဆို…

ပျားရည်နှင့်ပယင်းရောင်ရှိသည်။ မုယောစေ့အခြေတည် ချက်လုပ်ထားသော အရက် ၃၅ မျိုးကို ဗနီလာဖြင့် အနည်းငယ်ရောထည့် ချက်လုပ်ထားသည်။ ရနံ့အားဖြင့် သစ်သီးရနံ့ ပြင်းရှရှနှင့် လက်ဆက်တဲ့အရသာကိုပေးစွမ်းနိုင်သည့် ကောင်းမွန်လှတဲ့ စကော့တလန်ရိုးရာ ယမကာတစ်မျိုးဖြစ်သည်။

Black Label ( ထူးခြားပြောင်မြောက်တဲ့ ရောစပ်မှု)

Johnnie Walker ရဲ့ Black Label ဟာဆိုရင်တော့… ယမကာများကြားထဲတွင် ထင်ပေါ် လွန်းပါတယ်။ ပုလင်းပုံပန်းသဏ္ဍန် လှပရုံတင်မကပဲ အရသာမှာလဲထူးခြားကောင်းမွန်ပါတယ်။ အရသာထူးခြားဆို… သိုလှောင်သက်တမ်း ၁၂နှစ်ခန့်ရှိတဲ့ မုယောအရက်ပေါင်း ၄၀ ကျော်ကို

ပေါင်းစပ် ချက်လုပ်ထားသည်ဟု သိရသည်။ Black Label တစ်လုံးသည် သိုလှောင်ထား ချိန် ၁၂ နှစ်အထက် ရှိသည်။ Black Label သည် အနည်းငယ်ချိုမြိန်တဲ့အရသာ ခံစားနိုင်ပြီး… လုံးဝ smooth ဖြစ်လွန်းတယ်လို့ သိရပါတယ်။

Double Black Label ( အပြင်းစားရောစပ်မှု )

Black Label ကိုမှ စပြစ်သီးခြောက်၊ ပန်းသီး၊ သစ်တော်သီး၊ ဗနီလာတို့ရဲ့ အရသာကို ပိုမို ထိမိစေသည်။ ထို့အပြင် မုယောခြောက်များကို မီးရှို့ကာ ထိုသာမန် Black Label ယမကာအား မှိုင်းတိုက်ထားသည်။ Smoky ဖြစ်သည် ရနံမှာ ရီဝေဝေ ဖြစ်သည်။

Johnnie Walker Swing ( ရနံံ့ မပြင်းသော ရောစက်မှု)

Johnni e Walker Swing စတင်ဖြစ်ပေါ်လာတာကတော့… ၁၉၃၂ နှစ်ကတည်း ဆိုပါတော့။ ပြောရရင်ေတော့… Johnnie Walker ရဲ့ မြေး ဖြစ်သူ Sir Alexander Walker မှ

ကမ္ဘာ့လှည့် ခရီးသွား တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတာပါတဲ့။ ပြောရရင် ရနံံ့က အင်မတန်မှ ပျော့ပြောင်းပြီး ရေမွှေး နရံ့ကဲ့သို့ မွှေးပါတယ်။

Green Label ( ရှုပ်ထွေးသော ရောစက်မှု )

၁၅ နှစ်ခန့် ရှိတဲ့ မုယောအရက်ပေါင်း ၄၀ ကျော်ကို ပေါင်စပ်ချက်လုပ်ထားသည်ဟုသိရသည်။အဆိုပါမုယောများသည် စကော့တလန်၏ ဌာနေ ၄ခု ဖြစ်သော… Speyside၊ High Lands၊ Lowland နှင့် Islay အရပ်ဒေသမှရရှိသည်။ Green Label တစ်လုံးသည်

သိုလှောင်ထားချိန် ၁၅ နှစ် အထက် ရှိသည်။ Linkwood၊ Cragganmore နှင့် Talisker စသော အနောက်တိုင်းနာမည်ရှိ အရက်ချက်စက်ရုံကြီး များမှ အရက်များကို ရယူကာ ချက်လုပ်ထားသည်ဟု သိရသည်။

Gold Label ( ဂုဏ်ပြု ချီးမြှင့် ခြင်း )

Gold Label ကတော့… ယမကာကို ရောစပ်တဲ့သူကို ဂုဏ်ပြုပြီး ထွက်ရှိလာခဲ့တဲ့ ယမကာတစ်မျိုးပါ။ Master Distiller Jim Beveridge ရဲ့ ကောင်းမွန်သော ရောချက်မှုဖြစ်ပြီး ဌာနေ ၄ ခုမှ

မုယောဝီစကီ ၁၅ မျိုးကို ရောစပ် ချက်လုပ်ထားသည်။ အလွန် Smooth ဖြစ်ပြီး အရသာမှာ Classic ဆန်ပြီး အင်မတန်မှ အဝင်ကောင်းသည်ဟု သိရပါတယ်။

Platinum Label ( သီးသန့် ရောစပ်မှု )

Platinum Label ကတော့… လုံးဝ ဇိမ်ခံ အဆင့်မြင့် ယမကာ ၁၈ မျိုးကို ရောစပ် ချက်လုပ်ထားတာပါ။ ထိုယမကာများမှာ သက်တန်းအားဖြင့် ၁၈ နှစ်ရှိပြီ ဖြစ်သောကြောင့် Platinum Label တစ်လုံးသည် သိုလှောင်ချိန်သက်တမ်း

၁၈ နှစ်ကျော်ပြီဟု သိရသည်။ ထို့ပြင် Johnnie Walker Label များထဲတွင် ဆုများစွာရရှိထားသော ယမကာပင်ဖြစ်သည်။ ဈေးနှုန်းများသည် အရာခံလူတန်းစားအတွက် ရည်ရွယ်ပါသည်။

Blue Label ( ရှားပါး ရောစပ်မှု )

Blue Label က… Johnnie Walker ယမကာ တွေထဲမှာ အရှားပါးဆုံးပါပဲ။ Blue Label ဟာ ၁၈၆၇ ခုနှစ် Alexander Walker ရဲ့ Old Highland Whisky အရသာကိုမှ မှီငြမ်း ထုတ်လုပ်ထားတာပါ။

သစ်ဥသစ်ဖု အရသာနှင့် နှင်းဆီ ပွင့်ဖတ်တို့ကို ဆေးရွက်ကြီး၊ ချောကလက်၊ အခါး စသည်တို့နှင့်ပေါင်းစပ် ချက်လုပ်ထားသည်။ Blue Label သည် သက်တမ်းအားဖြင့်… ၂၅ နှစ်ရှိနေပြီ ဟု သိရသည်။

သူ့ရဲ့ အရသာက Classic ဆန်သည်။ ဈေးနှုန်းမှာ Johnnie Walker အရက်များထဲတွင် ဈေးအကြီးဆုံးဖြစ်သည်။ အရာခံလူတန်းစားအတွက် ရည်ရွယ်သည်။ လူကြီးလူကောင်းများအား တန်ဖိုးကြီး လက်ဆောင်အဖြစ် ပေးနိုင်သည်။

Johnny Walker ရဲ့ Logo အကြောင်း

Johnnie Walker Logo ကို ဆွဲ ထားသူသည် ၁၉ ရာစုရဲ့ ကာတွန်းဆရာ Tom Browne ဖြစ်သည်။ George Paterson နဲ့Alexander Walker တို့ နှစ်ဦးမှာ ပန်းချီဆရာတွေကိုခေါ် ပြိုင်ပွဲဝင်ခိုင်းခဲ့သည်။

သို့သော် Red Label၊ Black Label တို့နှင့်ကိုက်ညီသော Logo ပုံကို မည်သည့်ပန်းချီဆရာမှ မဆွဲနိုင်ကျပဲ… ကာတွန်းဆရာလေး Tom Browne ကသာ လမ်းလျှောက်နေတဲ့ လူပုံလေးကို ဆွဲနိုင်ခဲ့သည်။ ထိုကစ Johnnie Walker ဖြစ်လာခြင်းဖြစ်သည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*