မိဘေတြ သိထားသင့္တဲ့… ကေလးေတြရဲ႕စိတ္မွာ စိတ္ဒဏ္ရာ ျဖစ္ေစႏိုင္တဲ့ စကား (၇) မ်ိဳး

မိဘေတြ သိထားသင့္တဲ့... ကေလးေတြရဲ႕စိတ္မွာ စိတ္ဒဏ္ရာ ျဖစ္ေစႏိုင္တဲ့ စကား (၇) မ်ိဳး
မိဘေတြ သိထားသင့္တဲ့... ကေလးေတြရဲ႕စိတ္မွာ စိတ္ဒဏ္ရာ ျဖစ္ေစႏိုင္တဲ့ စကား (၇) မ်ိဳး

မိဘေတြ သိထားသင့္တဲ့… ကေလးေတြရဲ႕စိတ္မွာ စိတ္ဒဏ္ရာ ျဖစ္ေစႏိုင္တဲ့ စကား (၇) မ်ိဳး

အေမရိကန္ တစ္ႏိုင္ငံတည္းမွာတင္ တစ္ႏွစ္ကို ကေလးေပါင္း ၇၀၀၀၀၀ ေက်ာ္ဟာ… စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္ညႇဥ္းပန္းမႈကို ခံစားေနရပါတယ္။ ကေလးေတြမွာ စိတ္ပိုင္းဆိုင္ရာ ႏွိပ္စက္ ညႇဥ္းစက္မႈကို ခံရၿပီးေနာက္…

စိတ္မတည္ၿငိမ္တာ၊ စိတ္ဓာတ္က်တာ၊ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ နည္းပါးတာတို႔ ခံစားလာရပါတယ္။ ကေလးေတြမွာ စိတ္ဒဏ္ရာ ရတာက မိဘေတြ လႊတ္ကနဲ ထြက္သြားမိတဲ့ စကားေတြေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။

အဲဒါေၾကာင့္ ဘယ္လိုစကားေတြက ကေလးေတြရဲ႕စိတ္မွာ အနာတရ ျဖစ္ေစႏိုင္လဲဆိုတာ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) သင့္ကေလး ကို အျခားကေလးမ်ားနဲ႔ ႏႈိင္းယွဥ္ျခင္း

သင့္ကေလးကို အျခားကေလးေတြ နဲ႔ ႏႈိင္းယွဥ္ၿပီးေတာ့ ဆူေျပာတာက ကေလးေတြမွာ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈ ေပ်ာက္ၿပီး… အရႈံးသမား တစ္ေယာက္လို ခံစားလာရပါတယ္။ ဒါ့အျပင္…

ေမာင္ႏွမ အခ်င္းခ်င္ ႏွိဳင္းယွဥ္ျပီး ျေပာတာကလည္း ေမာင္ႏွမေတြအၾကား မလိုအပ္ဘဲ မေက်နပ္ခ်က္ေတြ ျဖစ္လာေစပါတယ္။

ကေလးအခ်င္းခ်င္း ႏႈိင္းယွဥ္ၿပီး ဆူလိုက္တဲ့အခါ မိဘေတြက သူ႔ကို မခ်စ္ဘူးဆိုတဲ့ ခံစားခ်က္ကို ကေလးမွာ ရရွိ သြားပါတယ္။

(၂) ကေလးရဲ႕ ခံစားခ်က္ေတြကို ပစ္ပယ္ျခင္း

ကေလးရဲ႕ အ႐ုပ္ေလး က်ိဳးပဲ့သြားတာက မိဘေတြအတြက္ေတာ့ အေရးမႀကီးတဲ့အရာပါပဲ။ ဒါေပမယ့္… ကေလးအတြက္ေတာ့ သူႀကိဳက္တဲ့ အ႐ုပ္ေလး က်ိဳးပဲ့သြားရင္ အရမ္းဝမ္းနည္းသြားပါတယ္။ ကေလးက သူ႔ရဲ႕ဝမ္းနည္းမႈေတြ၊ ေပ်ာ္႐ႊင္မႈေတြကို မိဘေတြကို ေျပာျပတဲ့အခါ…

မိဘေတြက အေရးမပါသလို၊ ဂ႐ုမစိုက္သလို ျပဳမူလိုက္တဲ့အခါ ကေလးက ပို ဝမ္းနည္းသြားမွာပါ။ ေနာက္ပိုင္းမွာေတာ့… ကေလးက အသက္ႀကီးလာတဲ့အခါ စိတ္ခံစားခ်က္ေတြကို ထိန္းခ်ဳပ္ရ ခက္လာၿပီး အၿမဲလိုလို စိတ္ပူပန္ေနတာကို ႀကဳံေတြ႕ရႏိုင္ပါတယ္။

(၃) ကေလးကို လိမ္ညာျခင္း

မိဘေတြက ကေလးကို ေပးထားတဲ့ ကတိေတြကို မမွတ္မိေတာ့တာျဖစ္ႏိုင္သလို… ၿပီးစလြယ္ ကတိေပးလိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္… ကေလးေတြက မိဘေတြေပးထားတဲ့ ကတိေတြကို အၿမဲလိုလို မွတ္မိေနတတ္ပါတယ္။ ကေလးေတြအေပၚ လိမ္ညာေျပာတာ၊

ကတိ မတည္တာမ်ားလာရင္… သူတို႔ပတ္ဝန္းက်င္မွာ ရွိတဲ့ သူေတြအေပၚ အၿမဲတမ္း သံသယမ်က္လုံးနဲ႔ပဲ ၾကည့္ေနတတ္ပါတယ္။ ဒါ့အျပင္… လိမ္ညာေျပာလိုက္ရင္ အဆင္ေျပတယ္ဆိုတဲ့ မေကာင္းတဲ့အက်င့္လည္း ကူးစက္သြားေစမွာပါ။

(၄) ဖိအားေပးျခင္း

မိဘေတြက ကေလးေတြကို အရမ္း ေအာင္ျမင္ေစခ်င္တာေၾကာင့္ အစြမ္းကုန္ ပံ့ပိုးေပးၾကပါတယ္။ ဒါေပမယ့္… အခ်ိဳ႕ေသာစကားေတြက ကေလးေတြကို အားမျဖစ္ေစဘဲ

ဖိအားပဲ ျဖစ္သြားေစပါတယ္။ အခ်ိဳ႕ေသာ ဖိအားေတြက ကေလးအ႐ြယ္နဲ႔ မမွ်တတာေၾကာင့္ စိတ္ပူပန္မႈေတြက အၿမဲလိုလို လႊမ္းမိုးေနမွာပါ။

(၅) ကေလးေတြရဲ႕အစြမ္းအစ ကို ေမးခြန္းထုတ္ျခင္း

ကေလးေတြကို ပိုမိုႀကိဳးစားေစခ်င္တာေၾကာင့္ “ဒီေလာက္ပဲ ႀကိဳးစားႏိုင္ေတာ့တာလား၊ ဒီထက္ ပိုၿပီး မလုပ္ႏိုင္ေတာ့ဘူးလား” စတဲ့ ေမးခြန္းေတြ ေမးရင္… ရလဒ္က ေျပာင္းျပန္ထြက္လာမွာပါ။ ဒီလိုေမးခြန္းေတြက

ကေလးေတြရဲ႕ ႀကိဳးစားခ်င္စိတ္ကို ႐ိုက္ခ်ိဳးလိုက္သလို ျဖစ္ေစပါတယ္။ ပိုၿပီး ႀကိဳးစားခ်င္စိတ္ရွိေအာင္ အျခားေသာ နည္းလမ္းေတြနဲ႔ တိုက္တြန္းတာက ပိုၿပီး အက်ိဳးရွိေစမွာပါ။

(၆) ကေလးေတြရဲ႕ စိတ္ခံစားခ်က္ နဲ႔ ခႏၶာကိုယ္ကို အျပစ္တင္ျခင္း

ကေလးအ႐ြယ္မွာ ပစၥည္းေတြ ခဏခဏ လြတ္က်တာ၊ ဝမ္းနည္းၿပီး ခဏခဏ ငိုတာ၊ အေၾကာင္းမရွိဘဲ ဂ်ီက်တာတို႔ ျဖစ္ေလ့ ရွိပါတယ္။ ဒါ့အျပင္… မိဘေတြေျပာတဲ့ စကားတိုင္းကိုလည္း

အတိအက် လိုက္မလုပ္ႏိုင္ေသးပါဘူး။ “စားတာကလည္း ေႏွးလိုက္တာ၊ ဒီေလာက္ေတာင္ နားမလည္ဘူးလား” စတဲ့ စကားလုံးေတြက ကေလးေတြအတြက္ေတာ့ နာက်င္စရာ စကားေတြပါပဲ။

(၇) ကေလးေတြကို အၿမဲတမ္း အျပစ္ရွိတယ္လို႔ အထင္ေရာက္ေစျခင္း

အခ်ိဳ႕ေသာ မိဘေတြက အဆင္မေျပတဲ့အခါတိုင္းမွာ ကေလးေတြကို အျပစ္ ပုံခ်တတ္ပါတယ္။ “ဒီကေလးကို ေမြးလိုက္လို႔ ဝါသနာေတြ၊ အခြင့္အေရးေတြ၊ တက္လမ္းေတြ ဆုံးရႈံးရတယ္” လို႔ အမွတ္မထင္

ေျပာထြက္မိတတ္ၾကပါတယ္။ မိဘေတြက လႊတ္ခနဲ ေျပာလိုက္မိေပမယ့္… ကေလးေတြရဲ႕စိတ္ထဲမွာေတာ့ အၿမဲတမ္း အျပစ္ရွိတယ္လို႔ ခံစားသြားရပါတယ္။

ခရက္ဒစ္#Zombie (lovemedia)#ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

မိဘတွေ သိထားသင့်တဲ့… ကလေးတွေရဲ့စိတ်မှာ စိတ်ဒဏ်ရာ ဖြစ်စေနိုင်တဲ့ စကား (၇) မျိုး

အမေရိကန် တစ်နိုင်ငံတည်းမှာတင် တစ်နှစ်ကို ကလေးပေါင်း ၇၀၀၀၀၀ ကျော်ဟာ… စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဉ်းပန်းမှုကို ခံစားနေရပါတယ်။ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ နှိပ်စက် ညှဉ်းစက်မှုကို ခံရပြီးနောက်…

စိတ်မတည်ငြိမ်တာ၊ စိတ်ဓာတ်ကျတာ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးတာတို့ ခံစားလာရပါတယ်။ ကလေးတွေမှာ စိတ်ဒဏ်ရာ ရတာက မိဘတွေ လွှတ်ကနဲ ထွက်သွားမိတဲ့ စကားတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အဲဒါကြောင့် ဘယ်လိုစကားတွေက ကလေးတွေရဲ့စိတ်မှာ အနာတရ ဖြစ်စေနိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) သင့်ကလေး ကို အခြားကလေးများနဲ့ နှိုင်းယှဉ်ခြင်း

သင့်ကလေးကို အခြားကလေးတွေ နဲ့ နှိုင်းယှဉ်ပြီးတော့ ဆူပြောတာက ကလေးတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ပြီး… အရှုံးသမား တစ်ယောက်လို ခံစားလာရပါတယ်။ ဒါ့အပြင်…

မောင်နှမ အချင်းချင် နှိုင်းယှဉ်ပြီး ြပောတာကလည်း မောင်နှမတွေအကြား မလိုအပ်ဘဲ မကျေနပ်ချက်တွေ ဖြစ်လာစေပါတယ်။

ကလေးအချင်းချင်း နှိုင်းယှဉ်ပြီး ဆူလိုက်တဲ့အခါ မိဘတွေက သူ့ကို မချစ်ဘူးဆိုတဲ့ ခံစားချက်ကို ကလေးမှာ ရရှိ သွားပါတယ်။

(၂) ကလေးရဲ့ ခံစားချက်တွေကို ပစ်ပယ်ခြင်း

ကလေးရဲ့ အရုပ်လေး ကျိုးပဲ့သွားတာက မိဘတွေအတွက်တော့ အရေးမကြီးတဲ့အရာပါပဲ။ ဒါပေမယ့်… ကလေးအတွက်တော့ သူကြိုက်တဲ့ အရုပ်လေး ကျိုးပဲ့သွားရင် အရမ်းဝမ်းနည်းသွားပါတယ်။ ကလေးက သူ့ရဲ့ဝမ်းနည်းမှုတွေ၊ ပျော်ရွှင်မှုတွေကို မိဘတွေကို ပြောပြတဲ့အခါ…

မိဘတွေက အရေးမပါသလို၊ ဂရုမစိုက်သလို ပြုမူလိုက်တဲ့အခါ ကလေးက ပို ဝမ်းနည်းသွားမှာပါ။ နောက်ပိုင်းမှာတော့… ကလေးက အသက်ကြီးလာတဲ့အခါ စိတ်ခံစားချက်တွေကို ထိန်းချုပ်ရ ခက်လာပြီး အမြဲလိုလို စိတ်ပူပန်နေတာကို ကြုံတွေ့ရနိုင်ပါတယ်။

(၃) ကလေးကို လိမ်ညာခြင်း

မိဘတွေက ကလေးကို ပေးထားတဲ့ ကတိတွေကို မမှတ်မိတော့တာဖြစ်နိုင်သလို… ပြီးစလွယ် ကတိပေးလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်… ကလေးတွေက မိဘတွေပေးထားတဲ့ ကတိတွေကို အမြဲလိုလို မှတ်မိနေတတ်ပါတယ်။ ကလေးတွေအပေါ် လိမ်ညာပြောတာ၊

ကတိ မတည်တာများလာရင်… သူတို့ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေအပေါ် အမြဲတမ်း သံသယမျက်လုံးနဲ့ပဲ ကြည့်နေတတ်ပါတယ်။ ဒါ့အပြင်… လိမ်ညာပြောလိုက်ရင် အဆင်ပြေတယ်ဆိုတဲ့ မကောင်းတဲ့အကျင့်လည်း ကူးစက်သွားစေမှာပါ။

(၄) ဖိအားပေးခြင်း

မိဘတွေက ကလေးတွေကို အရမ်း အောင်မြင်စေချင်တာကြောင့် အစွမ်းကုန် ပံ့ပိုးပေးကြပါတယ်။ ဒါပေမယ့်… အချို့သောစကားတွေက ကလေးတွေကို အားမဖြစ်စေဘဲ

ဖိအားပဲ ဖြစ်သွားစေပါတယ်။ အချို့သော ဖိအားတွေက ကလေးအရွယ်နဲ့ မမျှတတာကြောင့် စိတ်ပူပန်မှုတွေက အမြဲလိုလို လွှမ်းမိုးနေမှာပါ။

(၅) ကလေးတွေရဲ့အစွမ်းအစ ကို မေးခွန်းထုတ်ခြင်း

ကလေးတွေကို ပိုမိုကြိုးစားစေချင်တာကြောင့် “ဒီလောက်ပဲ ကြိုးစားနိုင်တော့တာလား၊ ဒီထက် ပိုပြီး မလုပ်နိုင်တော့ဘူးလား” စတဲ့ မေးခွန်းတွေ မေးရင်… ရလဒ်က ပြောင်းပြန်ထွက်လာမှာပါ။ ဒီလိုမေးခွန်းတွေက

ကလေးတွေရဲ့ ကြိုးစားချင်စိတ်ကို ရိုက်ချိုးလိုက်သလို ဖြစ်စေပါတယ်။ ပိုပြီး ကြိုးစားချင်စိတ်ရှိအောင် အခြားသော နည်းလမ်းတွေနဲ့ တိုက်တွန်းတာက ပိုပြီး အကျိုးရှိစေမှာပါ။

(၆) ကလေးတွေရဲ့ စိတ်ခံစားချက် နဲ့ ခန္ဓာကိုယ်ကို အပြစ်တင်ခြင်း

ကလေးအရွယ်မှာ ပစ္စည်းတွေ ခဏခဏ လွတ်ကျတာ၊ ဝမ်းနည်းပြီး ခဏခဏ ငိုတာ၊ အကြောင်းမရှိဘဲ ဂျီကျတာတို့ ဖြစ်လေ့ ရှိပါတယ်။ ဒါ့အပြင်… မိဘတွေပြောတဲ့ စကားတိုင်းကိုလည်း

အတိအကျ လိုက်မလုပ်နိုင်သေးပါဘူး။ “စားတာကလည်း နှေးလိုက်တာ၊ ဒီလောက်တောင် နားမလည်ဘူးလား” စတဲ့ စကားလုံးတွေက ကလေးတွေအတွက်တော့ နာကျင်စရာ စကားတွေပါပဲ။

(၇) ကလေးတွေကို အမြဲတမ်း အပြစ်ရှိတယ်လို့ အထင်ရောက်စေခြင်း

အချို့သော မိဘတွေက အဆင်မပြေတဲ့အခါတိုင်းမှာ ကလေးတွေကို အပြစ် ပုံချတတ်ပါတယ်။ “ဒီကလေးကို မွေးလိုက်လို့ ဝါသနာတွေ၊ အခွင့်အရေးတွေ၊ တက်လမ်းတွေ ဆုံးရှုံးရတယ်” လို့ အမှတ်မထင်

ပြောထွက်မိတတ်ကြပါတယ်။ မိဘတွေက လွှတ်ခနဲ ပြောလိုက်မိပေမယ့်… ကလေးတွေရဲ့စိတ်ထဲမှာတော့ အမြဲတမ်း အပြစ်ရှိတယ်လို့ ခံစားသွားရပါတယ်။

ခရက်ဒစ်#Zombie (lovemedia)#လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*