ဒီလို ေရွးေဟာင္းနယ္ေျမတခု ျမန္မာႏုိင္ငံမွာ ရိွတယ္ဆိုတာ… သင္သိပါသလား…?

ဒီလို ေရွးေဟာင္းနယ္ေျမတခု ျမန္မာႏုိင္ငံမွာ ရိွတယ္ဆိုတာ... သင္သိပါသလား...?
ဒီလို ေရွးေဟာင္းနယ္ေျမတခု ျမန္မာႏုိင္ငံမွာ ရိွတယ္ဆိုတာ... သင္သိပါသလား...?

ဒီလို ေရွးေဟာင္းနယ္ေျမတခု ျမန္မာႏုိင္ငံမွာ ရိွတယ္ဆိုတာ… သင္သိပါသလား…?

ဘာနည္းပညာ အကူအညီမွ မပါပဲ ေက်ာက္ေတာင္ႀကီး တစ္ခုလုံးကို လက္နဲ႔သာ ထြင္းထုပုံေဖာ္ထားတဲ့ ” ေ႐ႊဘေတာင္ ” အံၾသရပါေပတယ္။ ကြၽန္ေတာ္တို႔ျမန္မာႏိုင္ငံမွာ ဒီလိုေနရာ ရွိေနတယ္ဆိုတာ သိရေတာ့… အလြန႔္အလြန္ကိုလည္း ဂုဏ္ယူမိပါတယ္။

ႏွစ္ေပါင္း ၉၀၀တိုင္ေအာင္ ခမ္းခမ္းနားနား ရွိေနဆဲျဖစ္တဲ့ မုံ႐ြာၿမိဳ႕ရဲ႕ေ႐ႊဘေတာင္ဟာ… ေနာင္တစ္ခ်ိန္ကို သြားေရာင္ေလ့လာလည္ပတ္ဖို႔ ႏွလုံးသားထဲက ေတးမွတ္ထားရမဲ့ ေနရာပါပဲ။

ေက်ာက္ ေစတီေတြ၊ ေက်ာက္ လႈိဏ္ဂူေတြ၊ ေက်ာက္ေလွကားေတြ၊ ေက်ာက္ဆင္႐ုပ္ေတြနဲ႔ ေက်ာက္ပန္းပုေတြနဲ႔ ခမ္းနားစြာ တည္ရွိေနတဲ့ ေ႐ႊဘေတာင္အၾကာင္းကို ဒီေနရာကေန အေသးစိတ္ဖတ္ရႈႏိုင္ပါတယ္။

ေ႐ႊဘေတာင္ဟာ… မုံ႐ြာၿမိဳ႕တစ္ဖက္ကမ္း စစ္ကိုင္းတိုင္း‌ေဒသႀကီး ယင္းမာပင္ၿမိဳ႕နယ္တြင္ တည္ရွိပါသည္။ ဖိုလ္ဝင္ေတာင္နဲ႔ ေတာင္ေၾကာ တစ္ဆက္တည္းျဖစ္ၿပီး… အျခားေသာ ႏြားသိုးေတာင္၊ ဖန္ခါးေတာင္၊ လင္းႏို႔ေတာင္၊ ေက်ာက္တစ္လုံးေတာင္တို႔ႏွင့္လဲ တစ္ဆက္တည္း ရွိေနပါသည္။

ေရွးေဟာင္းေက်ာက္ထြင္းေက်ာက္ေတာင္ႀကီးေတြ ဝန္းရံထားတဲ့ ေ႐ႊဘေတာင္ဟာ… ထူးျခားေနပါတယ္။ ျမန္မာတို႔ရဲ႕ ေစတီဘုရားေတြဟာ ပုံမွန္ေတာ့ အုတ္ေတြ သဲေတြ နဲ႔သာ တည္ထားကိုးကြယ္ၾကေသာ္လည္း… ေ႐ႊဘေတာင္မွာ ရွိတဲ့ ဘုရားေတြက‌ေတာ့… ေက်ာက္ေတြနဲ႔သာ ထြင္းထုထားပါတယ္။

ေက်ာက္သားနံရံမ်ားကို အဂၤေတ လုံးဝမပါပဲ ျမန္မာမႈလက္ရာ ေက်ာက္ပန္းတေမာ့ႏွင့္ ေက်ာက္လက္မႈပညာ စစ္စစ္ေတြနဲ႔သာ ထြင္းထုထားပါသည္။ေ႐ႊဘေတာင္မွာ နာမည္ႀကီး ေက်ာက္ေလွကားကေတာ့… Instragram နာမည္ႀကီးေနရာျဖစ္ၿပီး ‌

ေက်ာက္နံရံကို ေက်ာက္ေရအိုးစဥ္အျဖစ္ အသက္သြင္းထားမႈေတြ၊ ‌ေက်ာက္ေတာင္ႀကီးကို ေက်ာက္လႈိဏ္ဂူအျဖစ္ ေဆာက္လုပ္ထားၿပီး အတြင္းမွာ ေစတီမ်ား ဘုရားမ်ား တည္ထားပါသည္။ ေနာက္ထပ္ အထင္ကရေနရာကေတာ့…

ေက်ာက္ဆင္႐ုပ္ႀကီးပါ…။ ေက်ာက္ဆင္႐ုပ္ႀကီးဟာ ေက်ာက္တုံး အႀကီးႀကီးကို ထြင္းထုထားၿပီး ဆင္ႀကီးရဲ႕ အတြင္းဂူထဲမွာေတာ့ ဘုရားမ်ားကို ပူေဇာ္ထားပါတယ္။ ေ႐ႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းမွာေတာ့… ပုဂံေခတ္ အေလာင္းစည္သူမင္း လက္ထက္တြင္

ေက်ာက္ထြင္း အႏုပညာဆရာႀကီး သူေဌးမင္း ဦးေ႐ႊဘမွ ထိုေက်ာက္ေတာင္ အႀကီးႀကီးတြင္ ေက်ာက္နံရံမ်ား၊ ေက်ာက္႐ုပ္ထုမ်ား၊ ေက်ာက္ဂူမ်ား၊ ေက်ာက္ဘုရားမ်ားႏွင့္ ေက်ာက္ပန္းပုလက္ရာမ်ားကို ထြင္းထုၿပီး

ေက်ာက္လူသြားလမ္း ေဖာက္လုပ္ရာမွ ‌‌ေ႐ႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းျဖစ္ေပသည္။ ေက်ာက္ထြင္း အႏုပညာရွင္ဦးေ႐ႊဘႏွင့္ တပည့္မ်ားမွ ထိုေက်ာက္ေတာင္ႀကီးကို ပုံေဖာ္ရာတြင္လည္း မည္သည့္ နည္းပညာမွ မပါဝင္ပဲ လက္ႏွင့္ေဆာက္ကိုသာ သုံး၍

ေက်ာက္သားမ်ားကို ထြင္းထု ခဲ့ၾကပါသည္။ ထိုသို႔ေက်ာက္သားမ်ားကို ထြင္းထုရာတြင္ ဂဝံေျမသားကို အသုံးျပဳခဲ့ၾကပါသည္။ ဂဝံေျမသားဆိုသည္မွာ… ေက်ာက္ေပ်ာ့ အမ်ိဳးအစားျဖစ္ၿပီး ေအးေသာဓာတ္ ရွိပါသည္။

လိုသလို ပုံသြင္းႏိုင္ၿပီး ေနာက္မွ အလိုလိုမာသြားကာ ျဖတ္သုံး၍ရေသာ ေက်ာက္ျဖစ္ပါသည္။ လူသြားလမ္းမ်ား၊ သာသနာေက်ာင္းေဆာင္မ်ား၊ ဘုရားမ်ားေစတီမ်ား၊ ေက်ာက္ပန္းပု႐ုပ္အစုံ၊ ျမန္မာမႈလက္ရာမ်ားႏွင့္ ခမ္းနားေနတဲ့ ေ႐ႊဘေတာင္ဟာ…

ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား အားနည္းေနေသးတာေတာ့ ေတြ႕ရပါတယ္။ ဥပမာေျပာရရင္… အေဆာက္အဦးေတြနား အမႈိက္ပြေနျခင္းေတြ၊ ‌ေရွးေဟာင္းလက္ရာ ေက်ာင္းေဆာင္မ်ားအား ေခတ္လက္ရာေဆးမ်ား သုတ္ပစ္ျခင္းတို႔ ျဖစ္ပါတယ္။

စစ္ကိုင္းဘက္ကို ေရာက္ျဖစ္ခဲ့ရင္ေတာ့… ေ႐ႊဘေတာင္ကို ဝင္ၿပီး ျမန္မာေက်ာက္ပန္းပု လက္ရာေတြကို အဝေငးေမာရန္ ႏွလုံးသားထဲ ေတးထားမိေနေလၿပီေလ။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဒီလို ရှေးဟောင်းနယ်မြေတခု မြန်မာနိုင်ငံမှာ ရှိတယ်ဆိုတာ… သင်သိပါသလား…?

ဘာနည်းပညာ အကူအညီမှ မပါပဲ ကျောက်တောင်ကြီး တစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့ ” ရွှေဘတောင် ” အံသြရပါပေတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့… အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။

နှစ်ပေါင်း ၉၀၀တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့ မုံရွာမြို့ရဲ့ရွှေဘတောင်ဟာ… နောင်တစ်ချိန်ကို သွားရောင်လေ့လာလည်ပတ်ဖို့ နှလုံးသားထဲက တေးမှတ်ထားရမဲ့ နေရာပါပဲ။

ကျောက် စေတီတွေ၊ ကျောက် လှိုဏ်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနဲ့ ကျောက်ပန်းပုတွေနဲ့ ခမ်းနားစွာ တည်ရှိနေတဲ့ ရွှေဘတောင်အကြာင်းကို ဒီနေရာကနေ အသေးစိတ်ဖတ်ရှုနိုင်ပါတယ်။

ရွှေဘတောင်ဟာ… မုံရွာမြို့တစ်ဖက်ကမ်း စစ်ကိုင်းတိုင်း‌ဒေသကြီး ယင်းမာပင်မြို့နယ်တွင် တည်ရှိပါသည်။ ဖိုလ်ဝင်တောင်နဲ့ တောင်ကြော တစ်ဆက်တည်းဖြစ်ပြီး… အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊ လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်း ရှိနေပါသည်။

ရှေးဟောင်းကျောက်ထွင်းကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာ… ထူးခြားနေပါတယ်။ မြန်မာတို့ရဲ့ စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေ သဲတွေ နဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း… ရွှေဘတောင်မှာ ရှိတဲ့ ဘုရားတွေက‌တော့… ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။

ကျောက်သားနံရံများကို အင်္ဂတေ လုံးဝမပါပဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့် ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါသည်။ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့… Instragram နာမည်ကြီးနေရာဖြစ်ပြီး ‌

ကျောက်နံရံကို ကျောက်ရေအိုးစဉ်အဖြစ် အသက်သွင်းထားမှုတွေ၊ ‌ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ် ဆောက်လုပ်ထားပြီး အတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။ နောက်ထပ် အထင်ကရနေရာကတော့…

ကျောက်ဆင်ရုပ်ကြီးပါ…။ ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံး အကြီးကြီးကို ထွင်းထုထားပြီး ဆင်ကြီးရဲ့ အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့… ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင်

ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘမှ ထိုကျောက်တောင် အကြီးကြီးတွင် ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊ ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး

ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ‌‌ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းဖြစ်ပေသည်။ ကျောက်ထွင်း အနုပညာရှင်ဦးရွှေဘနှင့် တပည့်များမှ ထိုကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း မည်သည့် နည်းပညာမှ မပါဝင်ပဲ လက်နှင့်ဆောက်ကိုသာ သုံး၍

ကျောက်သားများကို ထွင်းထု ခဲ့ကြပါသည်။ ထိုသို့ကျောက်သားများကို ထွင်းထုရာတွင် ဂဝံမြေသားကို အသုံးပြုခဲ့ကြပါသည်။ ဂဝံမြေသားဆိုသည်မှာ… ကျောက်ပျော့ အမျိုးအစားဖြစ်ပြီး အေးသောဓာတ် ရှိပါသည်။

လိုသလို ပုံသွင်းနိုင်ပြီး နောက်မှ အလိုလိုမာသွားကာ ဖြတ်သုံး၍ရသော ကျောက်ဖြစ်ပါသည်။ လူသွားလမ်းများ၊ သာသနာကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ်အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ…

ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့ တွေ့ရပါတယ်။ ဥပမာပြောရရင်… အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊ ‌ရှေးဟောင်းလက်ရာ ကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်။

စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့… ရွှေဘတောင်ကို ဝင်ပြီး မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးထားမိနေလေပြီလေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*