ဒူးနာ၊ ခါးနာ၊ အ႐ိုးအဆစ္နာ ေရာဂါသည္မ်ားအတြက္… ေဆးနည္းေကာင္းေလး(ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္။)

ဒူးနာ၊ ခါးနာ၊ အ႐ိုးအဆစ္နာ ေရာဂါသည္မ်ားအတြက္... ေဆးနည္းေကာင္းေလး(ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္။)
ဒူးနာ၊ ခါးနာ၊ အ႐ိုးအဆစ္နာ ေရာဂါသည္မ်ားအတြက္... ေဆးနည္းေကာင္းေလး(ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္။)

ဒူးနာ၊ ခါးနာ၊ အ႐ိုးအဆစ္နာ ေရာဂါသည္မ်ားအတြက္… ေဆးနည္းေကာင္းေလး(ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္။)

လြန္ခဲ့ေသာ ႏွစ္ ၂၀ နီးပါးကထဲက ရခဲ့ေသာ ေဆးနည္းျဖစ္ပါသည္ အျပင္းအထန္ ေလ့က်င့္ခဲ့ၾကေသာ အားကစားသမားမ်ားတြင္ sport injury တစ္ခုမဟုတ္ တစ္ခု ရတတ္ပါသည္။ ကြၽန္ေတာ့္တြင္လည္း ခါးနာျခင္း ႏွင့္ ဒူးနာျခင္း ရခဲ့ပါသည္။

အားကစားမေလ့က်င့္သူမ်ားလည္း ဒူးနာခါးနာ အ႐ိုးအဆစ္မ်ား အေၾကာင္းအမ်ိဳးမ်ိဳးႏွင့္နာတတ္ပါသည္ ။ ကြၽန္ေတာ့ ခါးနာျခင္းက အၿမဲတမ္းမနာဘဲ အေၾကာင္းအက်ိဳး မသင့္သည့္အခါ အိပ္ယာထဲလွဲေနရသည္အထိနာပီး သက္သာသြားလွ်င္ မနာေတာ့ပါ။

ဒူးနာျခင္းကေတာ့… ဆယ္စုႏွစ္ တစ္ခုတိုင္ခဲ့ပါသည္။ ဤေဆးနည္းရခဲ့သည္မွာ ဆယ္စုႏွစ္ခ်ီခဲ့ပီျဖစ္ေသာ္လည္း အသုးံမျပဳ ုျဖစ္ခဲ့ဘဲ အျခား ျမန္မာ ႏိုင္ငံျခားလိမ္းေဆး ေပါင္းစုံလိမ္းခဲ့ပါသည္။ နာေနသည့္ ဒူးဆစ္အ႐ိုးတြင္ ဆရာဝန္ျဖင့္ေဆးထိုးျခင္းကိုပါ ျပဳလုပ္ခဲ့ပါသည္။

ဘယ္ေဆးနည္းကမွ် မသက္သာမေပ်ာက္ကင္းခဲ့ပါ။ ဤေဆးနည္းရခဲ့သည္မွာ ၾကာျမင့္လွပီျဖစ္ေသာ္လည္း မထိုက္ေသးသျဖင့္ အသုံးမျပဳ ျဖစ္ဘဲ ေရာဂါကိုေမြးျမဴ လာခဲ့သည္မွာ ဒူးတဖက္ေယာင္ကိုင္းပီးေကြးဆန္႔့မေကာင္းေတာ့ပါ။

ဆယ္စုႏွစ္ေက်ာ္ၾကာပီးမွ အသုံးျပဳ ပီးသက္သာေပ်ာက္ကင္းခဲ့သျဖင့္ ေဝဒနာခံစားခဲ့ရသည့္ ကုန္လြန္ခဲ့ေသာအခ်ိန္မ်ားကို ႏွေျမာမိပါသည္။ အစြမ္းထက္လွေသာ ဤေဆးနည္းကို နာက်င္ကိုက္ခဲမႈအမ်ိဳးမ်ိဳးျဖစ္ၾကေသာ ေဆြမ်ိဳး မိတ္ေဆြ တပည့္သားသမီးတို႔ကို ေပးခဲ့ပါသည္။

ဂါထာေပး ေတးျဖစ္ဆိုသလို… အခ်ိဳ႕က သူတို႔အတြက္ အလြယ္တကူရေသာ ေဆးနည္းျဖစ္သျဖင့္ ေလးေလးစားစားအသုံးမျပဳ ျဖစ္ၾကသည္ကို သိခဲ့ရပါသည္။ ေလးစားစားအသုံးျပဳ သူမ်ားတြင္ ေဆးအက်ိဳ းကို အခ်ိန္တိုအတြင္း အစြမ္းထက္စြာခံစားၾကရပါသည္။

ကြၽန္ေတာ္ကိုယ္တိုင္ေတာင္မွ ဆယ္ႏွစ္ေက်ာ္ၾကာမွ ထိုက္သည့္ေဆးနည္းျဖစ္ပါသည္။ ထိုက္သူမ်ား ရလွ်င္ရခ်င္း ေလးေလးစားစားအသုံးျပဳ ပီး ေဆးအက်ိဳးကို ခံစားႏိုင္ၾကပါေစ…

ေဆးနည္းကေတာ့… သနပ္ခါးေသြးသည့္ ေက်ာက္ျပင္ေပၚတြင္ ဆိတ္႐ိုးကိုေသြးပါ။ ထြက္လာသည့္ ဆိတ္႐ိုးအေပၚတြင္ ႏွမ္းလုံးႀကိဳ င္ျမစ္ကို သမသြားေအာင္ ေသြးပါ။ ရလွ်င္ နာက်င္ကိုက္ခဲသည့္ေနရာကို အသားထဲစိမ့္ဝင္သြားသည္အထိ မိနစ္၃၀ ခန္႔ အထပ္ထပ္အခါခါ လိမ္းပါ။

လိမ္းပီးပီးခ်င္းပင္ သိသိသာသာ ေဝဒနာသက္သာပါလိမ့္မည္။ သတိျပဳ ရန္မွာ… ဆိတ္႐ိုးကို မနဲပါေစႏွင့္ မိနစ္ ၃၀ ခန္႔အခ်ိန္ယူပီး အထပ္ထပ္အခါခါလိမ္းပါ။ ႏွမ္းလုံးႀကိဳ င္ျမစ္ကို ဘယေဆးဆိုင္မ်ားတြင္ဝယ္၍ ရပါသည္။

ဤေဆးနည္းကို ေဒါက္တာေအာင္ႏိုင္ (ေဆးသုေတသန)ျပဳစုေသာ ပြဲေတြ႕ တိုင္းရင္းျမန္မာေဆးနည္းမ်ားစာအုပ္မွ ရရွိခဲ့ပါသည္။ ထိုက္သူမ်ား ေဆးအက်ိဳး ခံစားႏိုင္ၾကပါေစ။

မွတ္ခ်က္… ႏွမ္းလုံႀကိဳင္အျမစ္မွာ ရွာရခက္ပါသည္။ အထက္ပါေဆးလိမ္းရမည့္ နည္းအတိုင္း ႏွမ္းလုံးႀကိဳင္ျမစ္မရွိပါလွ်င္… သက္ရင္းႀကီးအျမစ္ႏွင့္ ဆိတ္႐ိုးကိုလိမ္းေပးပါ ။ လက္ေတြ႕သက္သာေပ်ာက္ကင္းပါသည္။

ဆိတ္႐ိုးမွာ… ေတာင္ဆိတ္႐ိုးမဟုတ္ပါ။ ေစ်းမွဆိတ္သားေရာင္းခ်ေနေသာ အသားေရာင္းသူထံမွ ဆိတ္႐ိုးကို ေတာင္းယူၿပီး အေျခာက္လွမ္း၍ သက္ရင္းႀကီးျမစ္ႏွင့္ ေသြးလူးရန္ျဖစ္ပါသည္။

ေဆးေသြးရာတြင္ ေရအစား သံပုရာသီးကိုညႇစ္ၿပီး အသုံးျပဳပါက အ႐ိုးအေၾကာအတြက္ ပိုမိုၿပီးအက်ိဳးမ်ားပါသည္။

ဒူးနာ ခါးနာ အ႐ိုးအဆစ္နာ ေရာဂါမ်ား သက္သာေပ်ာက္ကင္းခဲ့ေသာ လက္ေတြ႕ေဆးနည္းျဖစ္သျဖင့္ ေမတၱာျဖင့္ မွ်ေဝလိုက္ပါသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဒူးနာ၊ ခါးနာ၊ အရိုးအဆစ်နာ ရောဂါသည်များအတွက်… ဆေးနည်းကောင်းလေး(ပြန်လည် မျှဝေပေးလိုက်ပါသည်။)

လွန်ခဲ့သော နှစ် ၂၀ နီးပါးကထဲက ရခဲ့သော ဆေးနည်းဖြစ်ပါသည် အပြင်းအထန် လေ့ကျင့်ခဲ့ကြသော အားကစားသမားများတွင် sport injury တစ်ခုမဟုတ် တစ်ခု ရတတ်ပါသည်။ ကျွန်တော့်တွင်လည်း ခါးနာခြင်း နှင့် ဒူးနာခြင်း ရခဲ့ပါသည်။

အားကစားမလေ့ကျင့်သူများလည်း ဒူးနာခါးနာ အရိုးအဆစ်များ အကြောင်းအမျိုးမျိုးနှင့်နာတတ်ပါသည် ။ ကျွန်တော့ ခါးနာခြင်းက အမြဲတမ်းမနာဘဲ အကြောင်းအကျိုး မသင့်သည့်အခါ အိပ်ယာထဲလှဲနေရသည်အထိနာပီး သက်သာသွားလျှင် မနာတော့ပါ။

ဒူးနာခြင်းကတော့… ဆယ်စုနှစ် တစ်ခုတိုင်ခဲ့ပါသည်။ ဤဆေးနည်းရခဲ့သည်မှာ ဆယ်စုနှစ်ချီခဲ့ပီဖြစ်သော်လည်း အသုးံမပြု ုဖြစ်ခဲ့ဘဲ အခြား မြန်မာ နိုင်ငံခြားလိမ်းဆေး ပေါင်းစုံလိမ်းခဲ့ပါသည်။ နာနေသည့် ဒူးဆစ်အရိုးတွင် ဆရာဝန်ဖြင့်ဆေးထိုးခြင်းကိုပါ ပြုလုပ်ခဲ့ပါသည်။

ဘယ်ဆေးနည်းကမျှ မသက်သာမပျောက်ကင်းခဲ့ပါ။ ဤဆေးနည်းရခဲ့သည်မှာ ကြာမြင့်လှပီဖြစ်သော်လည်း မထိုက်သေးသဖြင့် အသုံးမပြု ဖြစ်ဘဲ ရောဂါကိုမွေးမြူ လာခဲ့သည်မှာ ဒူးတဖက်ယောင်ကိုင်းပီးကွေးဆန့့်မကောင်းတော့ပါ။

ဆယ်စုနှစ်ကျော်ကြာပီးမှ အသုံးပြု ပီးသက်သာပျောက်ကင်းခဲ့သဖြင့် ဝေဒနာခံစားခဲ့ရသည့် ကုန်လွန်ခဲ့သောအချိန်များကို နှမြောမိပါသည်။ အစွမ်းထက်လှသော ဤဆေးနည်းကို နာကျင်ကိုက်ခဲမှုအမျိုးမျိုးဖြစ်ကြသော ဆွေမျိုး မိတ်ဆွေ တပည့်သားသမီးတို့ကို ပေးခဲ့ပါသည်။

ဂါထာပေး တေးဖြစ်ဆိုသလို… အချို့က သူတို့အတွက် အလွယ်တကူရသော ဆေးနည်းဖြစ်သဖြင့် လေးလေးစားစားအသုံးမပြု ဖြစ်ကြသည်ကို သိခဲ့ရပါသည်။ လေးစားစားအသုံးပြု သူများတွင် ဆေးအကျို းကို အချိန်တိုအတွင်း အစွမ်းထက်စွာခံစားကြရပါသည်။

ကျွန်တော်ကိုယ်တိုင်တောင်မှ ဆယ်နှစ်ကျော်ကြာမှ ထိုက်သည့်ဆေးနည်းဖြစ်ပါသည်။ ထိုက်သူများ ရလျှင်ရချင်း လေးလေးစားစားအသုံးပြု ပီး ဆေးအကျိုးကို ခံစားနိုင်ကြပါစေ…

ဆေးနည်းကတော့… သနပ်ခါးသွေးသည့် ကျောက်ပြင်ပေါ်တွင် ဆိတ်ရိုးကိုသွေးပါ။ ထွက်လာသည့် ဆိတ်ရိုးအပေါ်တွင် နှမ်းလုံးကြို င်မြစ်ကို သမသွားအောင် သွေးပါ။ ရလျှင် နာကျင်ကိုက်ခဲသည့်နေရာကို အသားထဲစိမ့်ဝင်သွားသည်အထိ မိနစ်၃၀ ခန့် အထပ်ထပ်အခါခါ လိမ်းပါ။

လိမ်းပီးပီးချင်းပင် သိသိသာသာ ဝေဒနာသက်သာပါလိမ့်မည်။ သတိပြု ရန်မှာ… ဆိတ်ရိုးကို မနဲပါစေနှင့် မိနစ် ၃၀ ခန့်အချိန်ယူပီး အထပ်ထပ်အခါခါလိမ်းပါ။ နှမ်းလုံးကြို င်မြစ်ကို ဘယဆေးဆိုင်များတွင်ဝယ်၍ ရပါသည်။

ဤဆေးနည်းကို ဒေါက်တာအောင်နိုင် (ဆေးသုတေသန)ပြုစုသော ပွဲတွေ့ တိုင်းရင်းမြန်မာဆေးနည်းများစာအုပ်မှ ရရှိခဲ့ပါသည်။ ထိုက်သူများ ဆေးအကျိုး ခံစားနိုင်ကြပါစေ။

မှတ်ချက်… နှမ်းလုံကြိုင်အမြစ်မှာ ရှာရခက်ပါသည်။ အထက်ပါဆေးလိမ်းရမည့် နည်းအတိုင်း နှမ်းလုံးကြိုင်မြစ်မရှိပါလျှင်… သက်ရင်းကြီးအမြစ်နှင့် ဆိတ်ရိုးကိုလိမ်းပေးပါ ။ လက်တွေ့သက်သာပျောက်ကင်းပါသည်။

ဆိတ်ရိုးမှာ… တောင်ဆိတ်ရိုးမဟုတ်ပါ။ ဈေးမှဆိတ်သားရောင်းချနေသော အသားရောင်းသူထံမှ ဆိတ်ရိုးကို တောင်းယူပြီး အခြောက်လှမ်း၍ သက်ရင်းကြီးမြစ်နှင့် သွေးလူးရန်ဖြစ်ပါသည်။

ဆေးသွေးရာတွင် ရေအစား သံပုရာသီးကိုညှစ်ပြီး အသုံးပြုပါက အရိုးအကြောအတွက် ပိုမိုပြီးအကျိုးများပါသည်။

ဒူးနာ ခါးနာ အရိုးအဆစ်နာ ရောဂါများ သက်သာပျောက်ကင်းခဲ့သော လက်တွေ့ဆေးနည်းဖြစ်သဖြင့် မေတ္တာဖြင့် မျှဝေလိုက်ပါသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*