ေခါင္းအုံး၊ ေမြ႕ယာ၊ ဖက္လုံး… ညစ္ေထးေနအာင္ အသံုးျပဳျခင္းရဲ႕ေနာက္ဆက္တြဲ အႏၱရာယ္

ေခါင္းအုံး၊ ေမြ႕ယာ၊ ဖက္လုံး... ညစ္ေထးေနအာင္ အသံုးျပဳျခင္းရဲ႕ေနာက္ဆက္တြဲ အႏၱရာယ္
ေခါင္းအုံး၊ ေမြ႕ယာ၊ ဖက္လုံး... ညစ္ေထးေနအာင္ အသံုးျပဳျခင္းရဲ႕ေနာက္ဆက္တြဲ အႏၱရာယ္

ေခါင္းအုံး၊ ေမြ႕ယာ၊ ဖက္လုံး… ညစ္ေထးေနအာင္ အသံုးျပဳျခင္းရဲ႕ေနာက္ဆက္တြဲ အႏၱရာယ္

ကြၽန္မတို႔ ျမန္မာလူမ်ိဳးအေတာ္မ်ားမ်ား ဟာ ေခါင္းအုံး၊ ေမြ႕ယာ၊ ဖက္လုံး စတာေတြကို လဲမႈိ႕ မ်ားနဲ႔ျပဳလုပ္ၿပီးေတာ့ ေခါင္းအုံး တစ္လုံး၊ ဖက္လုံး တစ္လုံးကို အခ်ိန္အေတာ္အၾကာ အသုံးျပဳေလ့ ရွိၾကပါတယ္။

မႈိ႕ နဲ႔မွ ေအးတာ ဆိုတဲ့ အစြဲ၊ ငါ က ေခါင္းအုံးေျပာင္းရင္ မအိပ္တတ္ဘူး ဆိုတဲ့အစြဲေတြေၾကာင့္ ေခါင္းအုံးတစ္လုံးကို ႏွစ္ေပါင္းမ်ားစြာ အသုံးျပဳၾကတာ ကိုေတြ႕ဖူးပါတယ္။ နယ္မွာေတာ့… ေခါင္းအုံးေတြကို ေနလွန္းေပးတာ၊

အုံးတာၾကာလို႔ အိသြားတဲ့ေခါင္းအုံးေတြကို မႈိ႕အသစ္ထည့္ ၿပီး ျပန္ခ်ဳပ္တာမ်ိဳးေတြ လုပ္ၾကတာ ျမင္ဖူးေပမဲ့… ကြၽန္မေနတဲ့ ရန္ကုန္ၿမိဳ႕လိုမ်ိဳး အလင္းေရာင္နဲ႔ ေလေကာင္းေလသန႔္ သိပ္မရတဲ့ တိုက္ခန္းေနသူေတြ အဖို႔…

ေခါင္းအုံးနဲ႔ ေမြ႕ယာေတြကို ေနျပဖို႔ဆိုတာ မလြယ္ကူလွပါဘူး။ အိပ္ေနတုန္းမွာ ေခါင္းကထြက္တဲ့ ေခြၽးနဲ႔ သြားေရဟာ ၾကာလာတဲ့အခါ ေခါင္းအုံးေတြမွာ ဝါက်င့္က်င့္ အကြက္လိုက္ေတြ ျဖစ္ေနတတ္ပါတယ္။

ေခါင္းအုံးေတြ၊ ဖက္လုံးေတြမွာ အဲသလို ဝါက်င့္က်င့္ ႏွင့္ အကြက္ေတြ ေပၚေနၿပီဆိုရင္ေတာ့… မသုံးသင့္ေတာ့ပါဘူး။ ကြၽန္မရဲ႕အေမမွာ ရင္ၾကပ္တဲ့ ေဝဒနာနဲ႔ ေခ်ာင္းဆိုးေနခဲ့တာ တစ္ႏွစ္ေလာက္ ရွိပါၿပီ။ လြန္ခဲ့တဲ့လက ဆိုရင္… ရာသီဥတုကလည္း ေနပူလိုက္ မိုး႐ြာလိုက္မို႔

Humidity (စိုထိုင္းဆ) ျမင့္ၿပီး Virus ေပါက္ပြားေစတဲ့ ရာသီျဖစ္တာေၾကာင့္… အေမ့ရဲ႕ ရင္ၾကပ္ေဝဒနာဟာ သက္သာမလာဘဲ ညစဥ္ ညစဥ္ လုံးဝအိပ္မရတဲ့ အထိေတာင္ ျဖစ္လာခဲ့ပါတယ္။

Covidကာလမွာ ေဆး႐ုံသာ ေခၚသြားရင္ ေခ်ာင္းဆိုးလို႔ ေရာက္လာတာေၾကာင့္ Covid သံသယ လူနာစာရင္းထဲ ထည့္ၿပီး… တျခားေဝဒနာ သည္ေတြနဲ အတူတူ ထားရာကေန ေရာဂါကူးၿပီးေတာ့ ပစ္လိုက္ရႏိုင္ပါတယ္

ႀကံရာမရျဖစ္မိတဲ့အဆုံး… ကြၽန္မျပေနက် ျပင္သစ္ဆရာဝန္ဆီ ဖုန္းဆက္ေတာ့မွ သူ႔ေဆးခန္းဖြင့္ထားေပးတာသိရလို႔ အေမ့ကို သူ႔ဆီ ေခၚသြားခဲ့ပါတယ္။

ျပန္လည္ စစ္ေဆးမႈေတြ လုပ္ေဆာင္ၿပီး… လိုအပ္တဲ့ေဆးဝါးကိုလည္း ေဆးခန္းကပဲ တစ္လစာ စီစဥ္ေပးခဲ့တာေၾကာင့္ လွ်င္ျမန္လြယ္ကူစြာပဲ သက္သာလာပါတယ္။

အဲအခ်ိန္မွာ ကြၽန္မ သတိျပဳမိတာက… အေမ့ရဲ႕အိပ္ယာနဲ႔ေခါင္းအုံးဟာ အေတာ္ႀကီး ေဟာင္းႏြမ္းေနတာကိုပါပဲ။ ဘယ္ေလာက္ ၾကာေနမွန္းေတာင္ မသိေတာ့ပါဘူ။း

ကြၽန္မကိုယ္တိုင္ Bronchitits ရွိသူျဖစ္ၿပီး တစ္ေန႔ကို ၃/၄ ခါေလာက္တာ့ ေခ်ာင္းဆိုးတတ္သူမို႔… အိပ္ယာခင္း၊ ေစာင္၊ ေခါင္းအုံးေမြ႕ယာကို သန႔္ရွင္းၿပီး အနံ႔အသက္မရွိေအာင္ ဂ႐ုစိုက္ရပါတယ္။ အေမနဲ႔ အိမ္ခြဲေနတာ ၁၀ ႏွစ္ေက်ာ္ၿပီမို႔…

အေမေနမေကာင္းမွပဲ အေမ့ အိပ္ယာနဲ႔ ေခါင္းအုံးေတြကို ေသခ်ာ ၾကည့္ျဖစ္ပါတယ္။ ကပ္ေစးနဲတဲ့အေမ့ကို အေမ့ေခါင္းအုံးေတြ အိပ္ယာေတြ လဲလိုက္လို႔ေျပာရင္… လဲမွာ မဟုတ္မွန္းလည္းသိ၊ အက်ိဳးအေၾကာင္းေျပာလဲ ေခါင္းမာတဲ့အေမက လက္ခံမယ္ မဟုတ္မွန္းလည္း သိတာေၾကာင့္…

ရန္ျဖစ္ျခင္းနဲ႔ အဆုံးသတ္ရမယ့္အတူတူ ဉာဏ္ ထပ္သုံးရပါေတာ့တယ္။ အေမ ေခါင္းအုံးေတြ၊ ေစာင္ျခင္ေထာင္၊ ေမြ႕ယာ အကုန္ပစ္လိုက္၊ အေမ့ေျခသည္း၊ လက္သည္း ႏွင့္ ဆံပင္ေလးပါ နည္းနည္းထည့္ပစ္လိုက္ေနာ္လို႔ပဲ ေျပာၿပီး ခ်က္ခ်င္းပဲ အဲဒီေန႔မွာ လိုအပ္တဲ့

အိပ္ယာ အသုံးအေဆာင္ေတြ ကိုယ္တိုင္ဝယ္ၿပီး သြားပို႔ေပးလိုက္ပါတယ္။ အေၾကာင္းတိုက္ဆိုင္စြာပဲ တစ္ႏွစ္ေလာက္ အဆက္မျပတ္ ေခ်ာင္းဆိုးလာတဲ့အေမဟာ ေခ်ာင္းလုံးဝမဆိုးေတာ့ဘဲ… ထူထူေထာင္ေထာင္ျပန္ျဖစ္လာပါတယ္။

အေမ ေနမေကာင္းတာနဲ႔ ကိုယ့္ရဲ႕ Bronchitis ေဝဒနာကို အေၾကာင္းျပဳၿပီး စာေတြလိုက္ရွာဖတ္ရင္း… မသန႔္ရွင္းတဲ့ ေခါင္းအုံးကို အသုံးျပဳေနၾကသူေတြဟာ… အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေဝဒနာေတြကို ခံစားတတ္ၾကရတယ္ဆိုတာကို သိခဲ့ရပါတယ္။

ၿပီးေတာ့… ေခါင္းအုံး တစ္လုံးကို ၁ ႏွစ္ ကေန ၂ ႏွစ္အတြင္းသာ သုံးသင့္ေၾကာင္းကိုလည္း ဖတ္သိခဲ့ရပါတယ္။ အိပ္စက္ျခင္းဟာ ကြၽန္မတို႔အတြက္ အေျခခံ ဇိမ္ခံျခင္း တစ္ခုပါ။ ကိုယ္ အိပ္တဲ့အခ်ိန္မွာ
သက္ေတာင့္သက္သာ အိပ္ေပ်ာ္ႏိုင္ဖို႔၊

အိပ္စက္ေနစဥ္မွာ ခံစားရႏိုင္တဲ့ ေဝဒနာေတြ ကင္းေဝးေစဖို႔က မိမိရဲ႕ အိပ္ယာ သန႔္ရွင္းမႈရွိေနဖို႔ ပထမ၊ သက္ေတာင့္ သက္သာရွိဖို႔ က ဒုတိယပါ။ ေနာက္ဆုံးကေတာ့… အိပ္စက္ျခင္းကို အေထာက္အကူျပဳေစတဲ့ အေမႊးနံ႔သာနဲ႔ အသံေတြပဲ ျဖစ္ပါတယ္။ ေလထုညစ္ညမ္းမႈေၾကာင့္…

အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြ ျဖစ္လြယ္ေနၾကတဲ့အခ်ိန္မွာ မသန႔္ရွင္းတဲ့ အိပ္ယာေတြေ၊ခါင္းအုံးေတြေၾကာင့္လည္း အပိုဆုေတြ မရၾကေစဖို႔ မွ်ေဝလိုက္ရပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ခေါင်းအုံး၊ မွေ့ယာ၊ ဖက်လုံး… ညစ်ထေးနေအာင် အသုံးပြုခြင်းရဲ့နောက်ဆက်တွဲ အန္တရာယ်

ကျွန်မတို့ မြန်မာလူမျိုးအတော်များများ ဟာ ခေါင်းအုံး၊ မွေ့ယာ၊ ဖက်လုံး စတာတွေကို လဲမှို့ များနဲ့ပြုလုပ်ပြီးတော့ ခေါင်းအုံး တစ်လုံး၊ ဖက်လုံး တစ်လုံးကို အချိန်အတော်အကြာ အသုံးပြုလေ့ ရှိကြပါတယ်။

မှို့ နဲ့မှ အေးတာ ဆိုတဲ့ အစွဲ၊ ငါ က ခေါင်းအုံးပြောင်းရင် မအိပ်တတ်ဘူး ဆိုတဲ့အစွဲတွေကြောင့် ခေါင်းအုံးတစ်လုံးကို နှစ်ပေါင်းများစွာ အသုံးပြုကြတာ ကိုတွေ့ဖူးပါတယ်။ နယ်မှာတော့… ခေါင်းအုံးတွေကို နေလှန်းပေးတာ၊

အုံးတာကြာလို့ အိသွားတဲ့ခေါင်းအုံးတွေကို မှို့အသစ်ထည့် ပြီး ပြန်ချုပ်တာမျိုးတွေ လုပ်ကြတာ မြင်ဖူးပေမဲ့… ကျွန်မနေတဲ့ ရန်ကုန်မြို့လိုမျိုး အလင်းရောင်နဲ့ လေကောင်းလေသန့် သိပ်မရတဲ့ တိုက်ခန်းနေသူတွေ အဖို့…

ခေါင်းအုံးနဲ့ မွေ့ယာတွေကို နေပြဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အိပ်နေတုန်းမှာ ခေါင်းကထွက်တဲ့ ချွေးနဲ့ သွားရေဟာ ကြာလာတဲ့အခါ ခေါင်းအုံးတွေမှာ ဝါကျင့်ကျင့် အကွက်လိုက်တွေ ဖြစ်နေတတ်ပါတယ်။

ခေါင်းအုံးတွေ၊ ဖက်လုံးတွေမှာ အဲသလို ဝါကျင့်ကျင့် နှင့် အကွက်တွေ ပေါ်နေပြီဆိုရင်တော့… မသုံးသင့်တော့ပါဘူး။ ကျွန်မရဲ့အမေမှာ ရင်ကြပ်တဲ့ ဝေဒနာနဲ့ ချောင်းဆိုးနေခဲ့တာ တစ်နှစ်လောက် ရှိပါပြီ။ လွန်ခဲ့တဲ့လက ဆိုရင်… ရာသီဥတုကလည်း နေပူလိုက် မိုးရွာလိုက်မို့

Humidity (စိုထိုင်းဆ) မြင့်ပြီး Virus ပေါက်ပွားစေတဲ့ ရာသီဖြစ်တာကြောင့်… အမေ့ရဲ့ ရင်ကြပ်ဝေဒနာဟာ သက်သာမလာဘဲ ညစဉ် ညစဉ် လုံးဝအိပ်မရတဲ့ အထိတောင် ဖြစ်လာခဲ့ပါတယ်။

Covidကာလမှာ ဆေးရုံသာ ခေါ်သွားရင် ချောင်းဆိုးလို့ ရောက်လာတာကြောင့် Covid သံသယ လူနာစာရင်းထဲ ထည့်ပြီး… တခြားဝေဒနာ သည်တွေနဲ အတူတူ ထားရာကနေ ရောဂါကူးပြီးတော့ ပစ်လိုက်ရနိုင်ပါတယ်

ကြံရာမရဖြစ်မိတဲ့အဆုံး… ကျွန်မပြနေကျ ပြင်သစ်ဆရာဝန်ဆီ ဖုန်းဆက်တော့မှ သူ့ဆေးခန်းဖွင့်ထားပေးတာသိရလို့ အမေ့ကို သူ့ဆီ ခေါ်သွားခဲ့ပါတယ်။

ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင်ပြီး… လိုအပ်တဲ့ဆေးဝါးကိုလည်း ဆေးခန်းကပဲ တစ်လစာ စီစဉ်ပေးခဲ့တာကြောင့် လျှင်မြန်လွယ်ကူစွာပဲ သက်သာလာပါတယ်။

အဲအချိန်မှာ ကျွန်မ သတိပြုမိတာက… အမေ့ရဲ့အိပ်ယာနဲ့ခေါင်းအုံးဟာ အတော်ကြီး ဟောင်းနွမ်းနေတာကိုပါပဲ။ ဘယ်လောက် ကြာနေမှန်းတောင် မသိတော့ပါဘူ။း

ကျွန်မကိုယ်တိုင် Bronchitits ရှိသူဖြစ်ပြီး တစ်နေ့ကို ၃/၄ ခါလောက်တာ့ ချောင်းဆိုးတတ်သူမို့… အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံးမွေ့ယာကို သန့်ရှင်းပြီး အနံ့အသက်မရှိအောင် ဂရုစိုက်ရပါတယ်။ အမေနဲ့ အိမ်ခွဲနေတာ ၁၀ နှစ်ကျော်ပြီမို့…

အမေနေမကောင်းမှပဲ အမေ့ အိပ်ယာနဲ့ ခေါင်းအုံးတွေကို သေချာ ကြည့်ဖြစ်ပါတယ်။ ကပ်စေးနဲတဲ့အမေ့ကို အမေ့ခေါင်းအုံးတွေ အိပ်ယာတွေ လဲလိုက်လို့ပြောရင်… လဲမှာ မဟုတ်မှန်းလည်းသိ၊ အကျိုးအကြောင်းပြောလဲ ခေါင်းမာတဲ့အမေက လက်ခံမယ် မဟုတ်မှန်းလည်း သိတာကြောင့်…

ရန်ဖြစ်ခြင်းနဲ့ အဆုံးသတ်ရမယ့်အတူတူ ဉာဏ် ထပ်သုံးရပါတော့တယ်။ အမေ ခေါင်းအုံးတွေ၊ စောင်ခြင်ထောင်၊ မွေ့ယာ အကုန်ပစ်လိုက်၊ အမေ့ခြေသည်း၊ လက်သည်း နှင့် ဆံပင်လေးပါ နည်းနည်းထည့်ပစ်လိုက်နော်လို့ပဲ ပြောပြီး ချက်ချင်းပဲ အဲဒီနေ့မှာ လိုအပ်တဲ့

အိပ်ယာ အသုံးအဆောင်တွေ ကိုယ်တိုင်ဝယ်ပြီး သွားပို့ပေးလိုက်ပါတယ်။ အကြောင်းတိုက်ဆိုင်စွာပဲ တစ်နှစ်လောက် အဆက်မပြတ် ချောင်းဆိုးလာတဲ့အမေဟာ ချောင်းလုံးဝမဆိုးတော့ဘဲ… ထူထူထောင်ထောင်ပြန်ဖြစ်လာပါတယ်။

အမေ နေမကောင်းတာနဲ့ ကိုယ့်ရဲ့ Bronchitis ဝေဒနာကို အကြောင်းပြုပြီး စာတွေလိုက်ရှာဖတ်ရင်း… မသန့်ရှင်းတဲ့ ခေါင်းအုံးကို အသုံးပြုနေကြသူတွေဟာ… အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ခံစားတတ်ကြရတယ်ဆိုတာကို သိခဲ့ရပါတယ်။

ပြီးတော့… ခေါင်းအုံး တစ်လုံးကို ၁ နှစ် ကနေ ၂ နှစ်အတွင်းသာ သုံးသင့်ကြောင်းကိုလည်း ဖတ်သိခဲ့ရပါတယ်။ အိပ်စက်ခြင်းဟာ ကျွန်မတို့အတွက် အခြေခံ ဇိမ်ခံခြင်း တစ်ခုပါ။ ကိုယ် အိပ်တဲ့အချိန်မှာ
သက်တောင့်သက်သာ အိပ်ပျော်နိုင်ဖို့၊

အိပ်စက်နေစဉ်မှာ ခံစားရနိုင်တဲ့ ဝေဒနာတွေ ကင်းဝေးစေဖို့က မိမိရဲ့ အိပ်ယာ သန့်ရှင်းမှုရှိနေဖို့ ပထမ၊ သက်တောင့် သက်သာရှိဖို့ က ဒုတိယပါ။ နောက်ဆုံးကတော့… အိပ်စက်ခြင်းကို အထောက်အကူပြုစေတဲ့ အမွှေးနံ့သာနဲ့ အသံတွေပဲ ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့်…

အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်လွယ်နေကြတဲ့အချိန်မှာ မသန့်ရှင်းတဲ့ အိပ်ယာတွေေ၊ခါင်းအုံးတွေကြောင့်လည်း အပိုဆုတွေ မရကြစေဖို့ မျှဝေလိုက်ရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*