ဗဟုသုတ မွတ္သားဖြယ္… နတ္ဝွက္သစ္ပင္ (သို့မဟုတ္) သိဒၶိဝင္ ကၽြန္းနက္အေၾကာင္း

ဗဟုသုတ မွတ္သားဖြယ္... နတ္ဝွက္သစ္ပင္ (သို့မဟုတ္) သိဒၶိဝင္ ကၽြန္းနက္အေၾကာင္း
ဗဟုသုတ မွတ္သားဖြယ္... နတ္ဝွက္သစ္ပင္ (သို့မဟုတ္) သိဒၶိဝင္ ကၽြန္းနက္အေၾကာင္း

ဗဟုသုတ မွတ္သားဖြယ္… နတ္ဝွက္သစ္ပင္ (သို့မဟုတ္) သိဒၶိဝင္ ကၽြန္းနက္အေၾကာင္း

ကၽြန္းနက္ျဖစ္ေစ ကၽြန္းနက္အေဆာင္ျဖစ္ေစ ကၽြန္းနက္ပုတီးျဖစ္ေစ မသကၤာပါက၊ စစ္မစစ္ စမ္းသပ္လိုပါက ကၽြန္းနက္အသားကို မီးရွို့၍စမ္းသပ္နိုင္ပါသည္ မီးရွို့လိုက္ပါက ကၽြန္းနက္အစစ္ရဲ့ ျပာအေရာင္ဟာ ေရႊအိုေရာင္လိုလို ဝါဖန္႔ဖန္႔ အေရာင္မ်ိဳးကို ရရွိပါတယ္။

ျပာက.. ဝါဖန္႔ဖန္၊႔ ေရႊအိုေရာင္ ျဖစ္တိုင္းလည္း မစစ္ေသးပါဘူး… ထိုျပာဟာ သံလိုက္တုံးကို ေျပးၿပီးကပ္ေနမွ အရည္အေသြး ေကာင္းမြန္ေသာ ကၽြန္းနက္သား စစ္စစ္ျဖစ္ပါတယ္။ အဂၢိရက္ ဖိုထိုးသမားမ်ားကေတာ့… ထိုသို့ေသာအရာမ်ားကို အလြန္ပဲ ႏွစ္သက္သေဘာက်ပါတယ္။

သံဓာတ္လုံးအသန္႔ရရွိေရး ကၽြန္းနက္အမွုန္႔ျဖင့္ ဖိုထိုးၾကေသာေၾကာင့္ပင္ျဖစ္ပါတယ္။ တခ်ိဳ့ျပာကေတာ့ ဝါပါရဲ့သံလိုက္တုံးကို ေျပးကပ္တာမ်ိဳး မရွိတာတို့၊ ကပ္ခ်င္သလို မကပ္ခ်င္သလို သံဓာတ္နဲတာတို့လည္း ေတြ႕ဖူးပါတယ္။

ကၽြန္းနက္လို့ ေျပာလို့ရေပမယ့္… ထင္သေလာက္အစြမ္းသိဒၶိ မရွိပါဘူး။ ကၽြန္းနက္ႏွင့္ အေရာင္အဆင္းတူေသာ္လည္း ျပာမွာ ေရႊေရာင္မျဖစ္ေသာ သံလိုက္မဆြဲေသာ အသားမ်ားကေတာ့… သစ္ကနက္၊ ယင္းတိုက္၊ တည္(တယ္)အသားတို့ ျဖစ္ပါတယ္။

ကၽြန္းနက္သည္ တနလၤာနံႏွင့္ စေနနံေပါင္းထားသည့္အတြက္…၂၇ …+ေပါင္းခ်င္း ၉ ျဖစ္ပါတယ္။ ၂၇ သည္ ေငြနဝင္းဓာတ္ျဖစ္ပါသည္။ ကၽြန္းနက္ဟာ မ်ားေသာအားျဖင့္ ေရေပၚေရေအာက္ထဲက ရတက္ေသာ ကၽြန္းပင္တမ်ိဳးျဖစ္ပါတယ္။

ေရထဲမွာ ႏွစ္ေပါင္းကာလၾကာျမင့္စြာ နစ္ျမဳပ္ေနရင္း… သဘာဝအေလၽွာက္ ဓာတ္ေျပာင္းၿပီး မည္းနက္သြားျခင္းျဖစ္ပါတယ္။ အလြန္ ရွားပါးၿပီး အစြမ္းထက္ျမက္ၿပီး သိဒၶိရွိေစပါတယ္။ ပုတီးစီရင္ၿပီး ထိုပတီးျဖင့္ ဂုဏ္ေတာ္ကိုးပါး ေန႔တိုင္းစိတ္ပါက… လာတ္ရႊင္ေငြဝင္ေစပါတယ္။ လိုအပ္တဲ့အခါ ပုတီးေစာင့္နတ္က အိမ္မက္ေပးတယ္လို့ ဆိုပါတယ္။

ကၽြန္းနက္အသားကို ေဆာင္ထား႐ုံျဖင့္ ပေယာဂ အတိုက္အခိုက္ ကင္းေစၿပီး… သရဲတေစၧ မကပ္ေစပါဘူး။ အိမ္မက္ဆိုးေတြ မျမင္မက္ေစပါဘူး။ အိမ္တြင္၊ ေက်ာင္းတြင္ ထုလုပ္ ကိုးကြယ္ပူေဇာ္ပါက လိုရာဆုေတာင္းျပည့္ေစပါတယ္။

ဘုရားထုလုပ္ကိုးကြယ္ ပူေဇာ္မည္ဆိုပါက… အိမ္စီးပြားတက္ဖို့ ဇဗၺဳပတိဘုရား၊ မဟာမုနိဘုရား၊ ဒကၡိဏသာခါဘုရား၊ စက္႐ုံ အလုပ္႐ုံ၊ ေစ်းဆိုင္မ်ားတြင္ ပူေဇာ္ကိုးကြယ္မည္ဆိုပါက… လာဘမုနိ။ ဒါ့အျပင္ ရွင္သီဝလိရဟႏၲာျမတ္ ထုလုပ္ပူေဇာ္ၾကပါတယ္။

အတက္ေရာဂါရွိသူမ်ားကေတာ့… ကၽြန္းနက္အသားကို မီးရွို့၍ အေငြ႕ကို ရွုေစျခင္းျဖင့္ အတက္ေရာဂါကို သက္သာေပ်ာက္ကင္းေစပါတယ္။ ကၽြန္းနက္ရဲ့ျပာကို ပ်ားရည္ႏွင့္ေရာကာစိမ္ၿပီး တစ္ေန႔တစ္ဇြန္း ေသာက္ေပးျခင္းျဖင့္ ႐ုပ္အဆင္း လွပတင့္တယ္ၿပီး အသားအေရ ႏုပ်ိဳဝင္းဝါေစပါတယ္။

ေသြးတို၊း ဆီးခ်ိဳ၊ ႏွလုံး၊ ေလငန္း၊ အေမာေဖာက္တဲ့ေရာဂါေတြကိုလဲ သက္သာေပ်ာက္ကင္းေစပါတယ္။ ကၽြန္းအပိုင္းစေလးေတြကို ေန႔စဥ္ေသာက္ေနတဲ့ ေရအိုး ေရဗူးထဲတြင္ စိမ္ထားၿပီး ေသာက္မယ္ဆိုရင္… အသက္ရွည္က်မၼာ ႏုပ်ိဳေစပါတယ္။

ဝိဇၨာလမ္း ထြက္ရပ္လမ္းကို လိုက္ေနသူမ်ား အဂၢိရက္ထိုးရတြင္ သံဓာတ္လုံးထိုးရန္ သံ အႏွစ္သားကို ကၽြန္းနက္မွ ထုတ္ယူရပါတယ္။ စာခ်ိဳးအရ ေျပာရရင္…”လက္ခက္သံ ကၽြန္းဖိုသား ေသာင္းတိုင္က ၾကားသေလး”သီခ်င္းမွာ ကၽြန္းနက္ကို ဆိုလိုေၾကာင္း မွတ္သားဖူးပါတယ္။

အထက္ေကာင္းကင္အထိ လက္ခေမာင္း ခက္ေလာက္ေအာင္ သဒၶိဝင္ေစေသာ သံမွာ ကၽြန္းနက္သံ ျဖစ္ေၾကာင္း သိရပါတယ္။ ကၽြန္းနက္သည္ ကၽြန္းဖိုပင္မွာ ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေရေပၚေျမေအာက္မွာ နစ္ျမဳပ္ေနရင္းကေန ကၽြန္းနက္သား ဆိုၿပီးျဖစ္လာတယ္လို့ ဆိုပါတယ္။

နဝင္းဓာတ္ျဖစ္ေသာ ကၽြန္းနက္ရဲ့ အသုံးဝင္ပုံ မ်ားစြာရွိပါတယ္… အိမ္ ၿခံ ေျမ၊ တိုက္တာ ကား အျမန္ေရာင္းထြက္ခ်င္သလား…? အျပင္မီ၊း အတြင္းမီး၊ အပူေသာကမီးမ်ား ၿငိမ္းေစလိုသလား… ကၽြန္းနက္ အတုံးေလးတတုံး အေခ်ာင္းတစ္ေခ်ာင္း ျဖင့္ ေရာင္းလိုေသာေျမကြက္ အလယ္ဗဟိုရွိ ေျမႀကီးေပၚေထာက္၍ ေရာင္းလိုေသာေစ်းျဖင့္ အျမန္ေရာင္းထြက္ဖို့ ဆုေတာင္းရမွာျဖစ္ပါတယ္

ေနာက္တနည္းကေတာ့…

ေရသန္႔ဗူးထဲကို ကၽြန္းနက္လက္မေလာက္ေလးထည့္… ဘုရားအား ကပ္လွူ၍ ပရိတ္ ပ႒ာန္းရြတ္ဖတ္ ဆုေတာင္းၿပီး ေရာင္းလိုေသာ ကုန္ပစၥည္း၊ ကား၊ အိမ္ ၿခံတို့ကို ပတ္ဖ်န္းေပးျခင္းျဖင့္ အလၽွင္အျမန္ေရာင္းထြက္ေစပါတယ္။

မိမိေနတဲ့အိမ္ကိုလည္း ပတ္ဖ်န္းေပးျခင္းျဖင့္ အိမ္က်က္သေရႏွင့္ျပည့္စုံၿပီး ေအးခ်မ္းမွု အျပည့္ရေစပါတယ္။ ေစ်းေရာင္း ေစ်းဝယ္ လုပ္သူမ်ား အေနျဖင့္လည္း ေမတၱာသုတ္ ရြတ္ဖတ္၍ ပတ္ဖ်န္းျခင္းျဖင့္လည္း ေစ်းဝယ္သူမ်ား စည္ကားေစပါတယ္။

အင္မတန္လြယ္ကူရိုးရွင္းလို့ ဟုတ္မွဟုတ္ပါ့မလားလို့ ထင္မိမွာပါ… ဒါေပမယ့္ ကၽြန္းနက္သား တစ္လက္မေလာက္ ရွာေဖြၿပီး လုပ္ၾကည့္ပါ… တကယ္ ထူးျခားမွုကိုေတြ႕ရမွာပါ။

ကၽြန္းနက္ကို ထိမ္းသိမ္းရာမွာ ေျခနင္းၾကမ္းျပင္၊ ခုတင္ေအာက္၊ လူအမ်ားေက်ာ္ျဖတ္သြားလာေသာ
ေလွခါးေအာက္၊ အိမ္အျပင္ ဖိနပ္ခၽြတ္ရာေနရာ၊ ေရခ်ိဳးခန္း၊ အိမ္သာနား မထားရပါ.. မထားေကာင္းပါ။ အစြမ္းသိဒၶိျပယ္ကာ ေဆြးေျမ့လြယ္ပါတယ္။

က်ီးငွက္နားပါကလည္း ဂုဏ္သတၱိျပယ္ေစတယ္လို့ ဆိုပါတယ္။ ေျခာက္ေသြ႕သန္႔ရွင္းေသာ ျမင့္ျမတ္ေသာေနရာမ်ားတြင္ ထားသိုရန္ လိုအပ္ပါတယ္။ ရာထူးဂုဏ္ထူးတက္လိုသူ၊ အေရာင္းအဝယ္ေကာင္းလိုသူ၊ မိမိစကား ေအာင္ေစလိုသူ၊

မနာလိုသူ အမုန္းပြား ရန္ျဖစ္ေနရသူ၊ တအိမ္သားလုံး စီးပြားေရးအဆင္မေျပသူ၊ လာတ္လာဘ ဘုန္းကံပြင့္ ဘုန္းႀကီးလိုသူ၊ စန္းထ လာတ္ပြင့္လိုသူမ်ား အထူးေဆာင္သင့္သည္ ဆိုတဲ့အေၾကာင္း ကၽြန္းနက္(သို့မဟုတ္) နတ္ဝွက္သစ္ပင္အေၾကာင္း ရွာေဖြတင္ျပအပ္ပါသည္။

ရွာေဖြတင္ျပသူ# မတ္ေတာစိတ္တေန အရွင္နႏၵသီရိ တင္ျပင္ေခြဆရာေတာ္၊ နတ္တလင္းၿမိဳ့။

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဗဟုသုတ မှတ်သားဖွယ်… နတ်ဝှက်သစ်ပင် (သို့မဟုတ်) သိဒ္ဓိဝင် ကျွန်းနက်အကြောင်း

ကျွန်းနက်ဖြစ်စေ ကျွန်းနက်အဆောင်ဖြစ်စေ ကျွန်းနက်ပုတီးဖြစ်စေ မသင်္ကာပါက၊ စစ်မစစ် စမ်းသပ်လိုပါက ကျွန်းနက်အသားကို မီးရှို့၍စမ်းသပ်နိုင်ပါသည် မီးရှို့လိုက်ပါက ကျွန်းနက်အစစ်ရဲ့ ပြာအရောင်ဟာ ရွှေအိုရောင်လိုလို ဝါဖန့်ဖန့် အရောင်မျိုးကို ရရှိပါတယ်။

ပြာက.. ဝါဖန့်ဖန်၊့ ရွှေအိုရောင် ဖြစ်တိုင်းလည်း မစစ်သေးပါဘူး… ထိုပြာဟာ သံလိုက်တုံးကို ပြေးပြီးကပ်နေမှ အရည်အသွေး ကောင်းမွန်သော ကျွန်းနက်သား စစ်စစ်ဖြစ်ပါတယ်။ အဂ္ဂိရက် ဖိုထိုးသမားများကတော့… ထိုသို့သောအရာများကို အလွန်ပဲ နှစ်သက်သဘောကျပါတယ်။

သံဓာတ်လုံးအသန့်ရရှိရေး ကျွန်းနက်အမှုန့်ဖြင့် ဖိုထိုးကြသောကြောင့်ပင်ဖြစ်ပါတယ်။ တချို့ပြာကတော့ ဝါပါရဲ့သံလိုက်တုံးကို ပြေးကပ်တာမျိုး မရှိတာတို့၊ ကပ်ချင်သလို မကပ်ချင်သလို သံဓာတ်နဲတာတို့လည်း တွေ့ဖူးပါတယ်။

ကျွန်းနက်လို့ ပြောလို့ရပေမယ့်… ထင်သလောက်အစွမ်းသိဒ္ဓိ မရှိပါဘူး။ ကျွန်းနက်နှင့် အရောင်အဆင်းတူသော်လည်း ပြာမှာ ရွှေရောင်မဖြစ်သော သံလိုက်မဆွဲသော အသားများကတော့… သစ်ကနက်၊ ယင်းတိုက်၊ တည်(တယ်)အသားတို့ ဖြစ်ပါတယ်။

ကျွန်းနက်သည် တနင်္လာနံနှင့် စနေနံပေါင်းထားသည့်အတွက်…၂၇ …+ပေါင်းချင်း ၉ ဖြစ်ပါတယ်။ ၂၇ သည် ငွေနဝင်းဓာတ်ဖြစ်ပါသည်။ ကျွန်းနက်ဟာ များသောအားဖြင့် ရေပေါ်ရေအောက်ထဲက ရတက်သော ကျွန်းပင်တမျိုးဖြစ်ပါတယ်။

ရေထဲမှာ နှစ်ပေါင်းကာလကြာမြင့်စွာ နစ်မြုပ်နေရင်း… သဘာဝအလျှောက် ဓာတ်ပြောင်းပြီး မည်းနက်သွားခြင်းဖြစ်ပါတယ်။ အလွန် ရှားပါးပြီး အစွမ်းထက်မြက်ပြီး သိဒ္ဓိရှိစေပါတယ်။ ပုတီးစီရင်ပြီး ထိုပတီးဖြင့် ဂုဏ်တော်ကိုးပါး နေ့တိုင်းစိတ်ပါက… လာတ်ရွှင်ငွေဝင်စေပါတယ်။ လိုအပ်တဲ့အခါ ပုတီးစောင့်နတ်က အိမ်မက်ပေးတယ်လို့ ဆိုပါတယ်။

ကျွန်းနက်အသားကို ဆောင်ထားရုံဖြင့် ပယောဂ အတိုက်အခိုက် ကင်းစေပြီး… သရဲတစ္ဆေ မကပ်စေပါဘူး။ အိမ်မက်ဆိုးတွေ မမြင်မက်စေပါဘူး။ အိမ်တွင်၊ ကျောင်းတွင် ထုလုပ် ကိုးကွယ်ပူဇော်ပါက လိုရာဆုတောင်းပြည့်စေပါတယ်။

ဘုရားထုလုပ်ကိုးကွယ် ပူဇော်မည်ဆိုပါက… အိမ်စီးပွားတက်ဖို့ ဇဗ္ဗုပတိဘုရား၊ မဟာမုနိဘုရား၊ ဒက္ခိဏသာခါဘုရား၊ စက်ရုံ အလုပ်ရုံ၊ ဈေးဆိုင်များတွင် ပူဇော်ကိုးကွယ်မည်ဆိုပါက… လာဘမုနိ။ ဒါ့အပြင် ရှင်သီဝလိရဟန္တာမြတ် ထုလုပ်ပူဇော်ကြပါတယ်။

အတက်ရောဂါရှိသူများကတော့… ကျွန်းနက်အသားကို မီးရှို့၍ အငွေ့ကို ရှုစေခြင်းဖြင့် အတက်ရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ ကျွန်းနက်ရဲ့ပြာကို ပျားရည်နှင့်ရောကာစိမ်ပြီး တစ်နေ့တစ်ဇွန်း သောက်ပေးခြင်းဖြင့် ရုပ်အဆင်း လှပတင့်တယ်ပြီး အသားအရေ နုပျိုဝင်းဝါစေပါတယ်။

သွေးတို၊း ဆီးချို၊ နှလုံး၊ လေငန်း၊ အမောဖောက်တဲ့ရောဂါတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ်။ ကျွန်းအပိုင်းစလေးတွေကို နေ့စဉ်သောက်နေတဲ့ ရေအိုး ရေဗူးထဲတွင် စိမ်ထားပြီး သောက်မယ်ဆိုရင်… အသက်ရှည်ကျမ္မာ နုပျိုစေပါတယ်။

ဝိဇ္ဇာလမ်း ထွက်ရပ်လမ်းကို လိုက်နေသူများ အဂ္ဂိရက်ထိုးရတွင် သံဓာတ်လုံးထိုးရန် သံ အနှစ်သားကို ကျွန်းနက်မှ ထုတ်ယူရပါတယ်။ စာချိုးအရ ပြောရရင်…”လက်ခက်သံ ကျွန်းဖိုသား သောင်းတိုင်က ကြားသလေး”သီချင်းမှာ ကျွန်းနက်ကို ဆိုလိုကြောင်း မှတ်သားဖူးပါတယ်။

အထက်ကောင်းကင်အထိ လက်ခမောင်း ခက်လောက်အောင် သဒ္ဓိဝင်စေသော သံမှာ ကျွန်းနက်သံ ဖြစ်ကြောင်း သိရပါတယ်။ ကျွန်းနက်သည် ကျွန်းဖိုပင်မှာ နှစ်ပေါင်းများစွာကြာအောင် ရေပေါ်မြေအောက်မှာ နစ်မြုပ်နေရင်းကနေ ကျွန်းနက်သား ဆိုပြီးဖြစ်လာတယ်လို့ ဆိုပါတယ်။

နဝင်းဓာတ်ဖြစ်သော ကျွန်းနက်ရဲ့ အသုံးဝင်ပုံ များစွာရှိပါတယ်… အိမ် ခြံ မြေ၊ တိုက်တာ ကား အမြန်ရောင်းထွက်ချင်သလား…? အပြင်မီ၊း အတွင်းမီး၊ အပူသောကမီးများ ငြိမ်းစေလိုသလား… ကျွန်းနက် အတုံးလေးတတုံး အချောင်းတစ်ချောင်း ဖြင့် ရောင်းလိုသောမြေကွက် အလယ်ဗဟိုရှိ မြေကြီးပေါ်ထောက်၍ ရောင်းလိုသောဈေးဖြင့် အမြန်ရောင်းထွက်ဖို့ ဆုတောင်းရမှာဖြစ်ပါတယ်

နောက်တနည်းကတော့…

ရေသန့်ဗူးထဲကို ကျွန်းနက်လက်မလောက်လေးထည့်… ဘုရားအား ကပ်လှူ၍ ပရိတ် ပဋ္ဌာန်းရွတ်ဖတ် ဆုတောင်းပြီး ရောင်းလိုသော ကုန်ပစ္စည်း၊ ကား၊ အိမ် ခြံတို့ကို ပတ်ဖျန်းပေးခြင်းဖြင့် အလျှင်အမြန်ရောင်းထွက်စေပါတယ်။

မိမိနေတဲ့အိမ်ကိုလည်း ပတ်ဖျန်းပေးခြင်းဖြင့် အိမ်ကျက်သရေနှင့်ပြည့်စုံပြီး အေးချမ်းမှု အပြည့်ရစေပါတယ်။ ဈေးရောင်း ဈေးဝယ် လုပ်သူများ အနေဖြင့်လည်း မေတ္တာသုတ် ရွတ်ဖတ်၍ ပတ်ဖျန်းခြင်းဖြင့်လည်း ဈေးဝယ်သူများ စည်ကားစေပါတယ်။

အင်မတန်လွယ်ကူရိုးရှင်းလို့ ဟုတ်မှဟုတ်ပါ့မလားလို့ ထင်မိမှာပါ… ဒါပေမယ့် ကျွန်းနက်သား တစ်လက်မလောက် ရှာဖွေပြီး လုပ်ကြည့်ပါ… တကယ် ထူးခြားမှုကိုတွေ့ရမှာပါ။

ကျွန်းနက်ကို ထိမ်းသိမ်းရာမှာ ခြေနင်းကြမ်းပြင်၊ ခုတင်အောက်၊ လူအများကျော်ဖြတ်သွားလာသော
လှေခါးအောက်၊ အိမ်အပြင် ဖိနပ်ချွတ်ရာနေရာ၊ ရေချိုးခန်း၊ အိမ်သာနား မထားရပါ.. မထားကောင်းပါ။ အစွမ်းသိဒ္ဓိပြယ်ကာ ဆွေးမြေ့လွယ်ပါတယ်။

ကျီးငှက်နားပါကလည်း ဂုဏ်သတ္တိပြယ်စေတယ်လို့ ဆိုပါတယ်။ ခြောက်သွေ့သန့်ရှင်းသော မြင့်မြတ်သောနေရာများတွင် ထားသိုရန် လိုအပ်ပါတယ်။ ရာထူးဂုဏ်ထူးတက်လိုသူ၊ အရောင်းအဝယ်ကောင်းလိုသူ၊ မိမိစကား အောင်စေလိုသူ၊

မနာလိုသူ အမုန်းပွား ရန်ဖြစ်နေရသူ၊ တအိမ်သားလုံး စီးပွားရေးအဆင်မပြေသူ၊ လာတ်လာဘ ဘုန်းကံပွင့် ဘုန်းကြီးလိုသူ၊ စန်းထ လာတ်ပွင့်လိုသူများ အထူးဆောင်သင့်သည် ဆိုတဲ့အကြောင်း ကျွန်းနက်(သို့မဟုတ်) နတ်ဝှက်သစ်ပင်အကြောင်း ရှာဖွေတင်ပြအပ်ပါသည်။

ရှာဖွေတင်ပြသူ# မတ်တောစိတ်တနေ အရှင်နန္ဒသီရိ တင်ပြင်ခွေဆရာတော်၊ နတ်တလင်းမြို့။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*