ခံတြင္းပုတ္အနံ႕အတြက္ သံပုရာသီး တစ္လုံးပဲ လိုတာပါ… (ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္)

ခံတြင္းပုတ္အနံ႕အတြက္ သံပုရာသီး တစ္လုံးပဲ လိုတာပါ... (ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္)
ခံတြင္းပုတ္အနံ႕အတြက္ သံပုရာသီး တစ္လုံးပဲ လိုတာပါ... (ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္)

ခံတြင္းပုတ္အနံ႕အတြက္ သံပုရာသီး တစ္လုံးပဲ လိုတာပါ… (ျပန္လည္ မွ်ေ၀ေပးလိုက္ပါသည္)

ခံတြင္း ပုတ္ အနံ့ သည္ လူတေယာက္အတြက္ မိမိကိုယ္ကို ယုံၾကည္မူ႔ မဲ့ေစပါသည္။ ခံတြင္းအနံ့ မေကာင္းသူမ်ားသည္ လူအမ်ားၾကားတြင္ စကားေျပာဆိုရာတြင္ မိမိ၏ ပါးစပ္မွ အနံ့ေၾကာင့္ သူတပါးအား အေႏွာင့္အယွက္ ျဖစ္ေစသလို… မိမိကိုယ္တိုင္လည္း သိမ္ငယ္ရပါသည္။

ကၽြန္ေတာ္ တာဝန္ထမ္းေဆာင္ရာ အရပ္တပါး၌ ေတာရေက်ာင္းတခုတြင္ သီတင္းသုံး ေနထိုင္ေသာ ရဟန္းတပါးအား အခါ အခြင့္သင့္၍ သြားေရာက္ ဖူးခဲ့ပါသည္။ ထိုရဟန္းသည္ စကားေျပာေသာအခါတြင္ ပါးစပ္အား လက္ဝါးႏွင့္ ကာ၍ စကားေျပာေနပါသည္။

ထို့ေၾကာင့္ အနီးသို့ သြားေရာက္ ေလၽွာက္ထားေသာအခါ… ရဟန္းမွ မိမိ ၏ ခံတြင္းနံ့ မွာ အလြန္ဆိုးဝါးစြာ ထြက္ေနေသာေၾကာင့္ လက္ျဖင့္ကာ၍ စကားေျပာသည္ဟု မိန္႔ပါသည္။

အဘယ္ေၾကာင့္ ျဖစ္ပါသလဲ ဟု ေလ်ာက္ေသာအခါ… အရင္က သူမ်ားအတင္း ေျပာေသာေၾကာင့္ ျဖစ္မွာေပါ့ဟု ရဟန္းမွ ရယ္စရာ အျဖစ္ မိန္႔ပါသည္။ ကၽြန္ေတာ္ကိုယ္တိုင္လည္း အနီးတြင္ ေရာက္ေနေသာေၾကာင့္ ခံတြင္းပုတ္နံ အား အနံ့ ရေနပါသည္။

ထိုေၾကာင့္ သံပုရာသီး ေက်ာင္း၌ ရွိေနပါသလားဟု ေလ်ာက္သည့္အခါ… တကာတဦးအားေခၚယူ၍ သံပုရာသီး ႏွစ္လုံး ယူခဲ့ေစပါသည္။

ေဖာ္စပ္နည္းမွာ…

(၁) သံပုရာသီးအား ခါးလယ္မွ ပိုင္းရပါမည္

(၂) ပိုင္းထားေသာ သံပုရာသီးအား အရည္ ညႇစ္ရပါမည္။ ဖန္ခြက္တြင္ ထည့္ထားပါ။

(၃) အရည္ညႇစ္ထားေသာ သံပုရာခြံအား ျပန္ေဖာင္းကာ အိမ္သုံး ဆားအား သိပ္ထည့္ရပါမည္။

(၄) ဆားသိပ္ထားေသာ သံပုရာ ႏွစ္ျခမ္းအား ျပန္ မ်က္ႏွာခ်င္းဆိုင္ ဆက္ေစပါသည္။

(၅) ထိုေနာက္ ဆား သိပ္ထားေသာ သံပုရာ ျခမ္းအား မီးက်ီ ခဲ ရဲရဲ တြင္ မီးဖုတ္ရပါမည္။

(၆) သံပုရာသီး အေရာင္မွာ မီးက်ီခဲေရာင္ကဲ့သို႕ နီရဲလာပါက… ဆားက်က္၍ ညႇပ္ျဖင့္ ဆယ္ယူကာ အေအး ခံထားပါ။ ( မီးေသြးခဲကဲ့သို့ျဖစ္ပါသည္)

(၇) ၎သံပုရာ ဆားမီးဖုတ္အား စကၠဴ အထူ တရြက္အတြင္းထည့္ကာ ပုလင္းျဖင့္ ႀကိတ္ရပါမည္။

(၈) အမွုန္႔ ျဖစ္သြားေသာ သံပုရာ ဆားမီးဖုတ္အား သံပုရာေရတြင္ ေရာေမႊ ၍ သမထားပါ။ မနက္တႀကိမ္… ေန႔လည္တႀကိမ္… ညေနတႀကိမ္… လကၻရည္ဇြန္း တဇြန္းစီ တေန႔သုံးႀကိမ္ စားရန္ မွာခဲ့ပါသည္။ တပတ္ေက်ာ္လ်င္ အနံ့ ေပ်ာက္မည္ဟု ေလ်ာက္ခဲ့ ပါသည္။

ေနာက္၁၀ ရက္ခန္႔ ေက်ာင္းသို့ တေခါက္ျပန္ ေရာက္ေသာအခါ… ေပ်ာ္ရႊင္ ယုံၾကည္စြာ စကားေျပာဆိုေနေသာ ရဟန္းႏွင့္ ဆုံရပါေတာ့သည္…။ ေမတၱာ ျဖင့္ အ႐ွင္ဒိဗၺ

Unicode

ခံတွင်းပုတ်အနံ့အတွက် သံပုရာသီး တစ်လုံးပဲ လိုတာပါ… (ပြန်လည် မျှဝေပေးလိုက်ပါသည်)

ခံတွင်း ပုတ် အနံ့ သည် လူတယောက်အတွက် မိမိကိုယ်ကို ယုံကြည်မူ့ မဲ့စေပါသည်။ ခံတွင်းအနံ့ မကောင်းသူများသည် လူအများကြားတွင် စကားပြောဆိုရာတွင် မိမိ၏ ပါးစပ်မှ အနံ့ကြောင့် သူတပါးအား အနှောင့်အယှက် ဖြစ်စေသလို… မိမိကိုယ်တိုင်လည်း သိမ်ငယ်ရပါသည်။

ကျွန်တော် တာဝန်ထမ်းဆောင်ရာ အရပ်တပါး၌ တောရကျောင်းတခုတွင် သီတင်းသုံး နေထိုင်သော ရဟန်းတပါးအား အခါ အခွင့်သင့်၍ သွားရောက် ဖူးခဲ့ပါသည်။ ထိုရဟန်းသည် စကားပြောသောအခါတွင် ပါးစပ်အား လက်ဝါးနှင့် ကာ၍ စကားပြောနေပါသည်။

ထို့ကြောင့် အနီးသို့ သွားရောက် လျှောက်ထားသောအခါ… ရဟန်းမှ မိမိ ၏ ခံတွင်းနံ့ မှာ အလွန်ဆိုးဝါးစွာ ထွက်နေသောကြောင့် လက်ဖြင့်ကာ၍ စကားပြောသည်ဟု မိန့်ပါသည်။

အဘယ်ကြောင့် ဖြစ်ပါသလဲ ဟု လျောက်သောအခါ… အရင်က သူများအတင်း ပြောသောကြောင့် ဖြစ်မှာပေါ့ဟု ရဟန်းမှ ရယ်စရာ အဖြစ် မိန့်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း အနီးတွင် ရောက်နေသောကြောင့် ခံတွင်းပုတ်နံ အား အနံ့ ရနေပါသည်။

ထိုကြောင့် သံပုရာသီး ကျောင်း၌ ရှိနေပါသလားဟု လျောက်သည့်အခါ… တကာတဦးအားခေါ်ယူ၍ သံပုရာသီး နှစ်လုံး ယူခဲ့စေပါသည်။

ဖော်စပ်နည်းမှာ…

(၁) သံပုရာသီးအား ခါးလယ်မှ ပိုင်းရပါမည်

(၂) ပိုင်းထားသော သံပုရာသီးအား အရည် ညှစ်ရပါမည်။ ဖန်ခွက်တွင် ထည့်ထားပါ။

(၃) အရည်ညှစ်ထားသော သံပုရာခွံအား ပြန်ဖောင်းကာ အိမ်သုံး ဆားအား သိပ်ထည့်ရပါမည်။

(၄) ဆားသိပ်ထားသော သံပုရာ နှစ်ခြမ်းအား ပြန် မျက်နှာချင်းဆိုင် ဆက်စေပါသည်။

(၅) ထိုနောက် ဆား သိပ်ထားသော သံပုရာ ခြမ်းအား မီးကျီ ခဲ ရဲရဲ တွင် မီးဖုတ်ရပါမည်။

(၆) သံပုရာသီး အရောင်မှာ မီးကျီခဲရောင်ကဲ့သို့ နီရဲလာပါက… ဆားကျက်၍ ညှပ်ဖြင့် ဆယ်ယူကာ အအေး ခံထားပါ။ ( မီးသွေးခဲကဲ့သို့ဖြစ်ပါသည်)

(၇) ၎င်းသံပုရာ ဆားမီးဖုတ်အား စက္ကူ အထူ တရွက်အတွင်းထည့်ကာ ပုလင်းဖြင့် ကြိတ်ရပါမည်။

(၈) အမှုန့် ဖြစ်သွားသော သံပုရာ ဆားမီးဖုတ်အား သံပုရာရေတွင် ရောမွှေ ၍ သမထားပါ။ မနက်တကြိမ်… နေ့လည်တကြိမ်… ညနေတကြိမ်… လက္ဘရည်ဇွန်း တဇွန်းစီ တနေ့သုံးကြိမ် စားရန် မှာခဲ့ပါသည်။ တပတ်ကျော်လျင် အနံ့ ပျောက်မည်ဟု လျောက်ခဲ့ ပါသည်။

နောက်၁၀ ရက်ခန့် ကျောင်းသို့ တခေါက်ပြန် ရောက်သောအခါ… ပျော်ရွှင် ယုံကြည်စွာ စကားပြောဆိုနေသော ရဟန်းနှင့် ဆုံရပါတော့သည်…။ မေတ္တာ ဖြင့် အရှင်ဒိဗ္ဗ

Be the first to comment

Leave a Reply

Your email address will not be published.


*