ေခ်ာင္းသာကမ္းေျခလဲ ေရဆြဲတယ္ေနာ္…(အားလပ္ရက္ အပမ္းေျဖခရီးထြက္တဲ့သူေတြ သတိထားဖို႕…)

ေခ်ာင္းသာကမ္းေျခလဲ ေရဆြဲတယ္ေနာ္...(အားလပ္ရက္ အပမ္းေျဖခရီးထြက္တဲ့သူေတြ သတိထားဖို႕...)
ေခ်ာင္းသာကမ္းေျခလဲ ေရဆြဲတယ္ေနာ္...(အားလပ္ရက္ အပမ္းေျဖခရီးထြက္တဲ့သူေတြ သတိထားဖို႕...)

ေခ်ာင္းသာကမ္းေျခလဲ ေရဆြဲတယ္ေနာ္…(အားလပ္ရက္ အပမ္းေျဖခရီးထြက္တဲ့သူေတြ သတိထားဖို႕…)

ေျပာခ်င္တာ အခုမွ႔စတယ္ ေခ်ာင္းသာကမ္းေျခလဲ ေရဆြဲတယ္ေနာ္…ေအာင္တို႔ ၃ ရက္ေနတာ ေနာက္ဆုံးရက္မွာျဖစ္တာ… ေရကူးတိုင္း ေဘာကြင္းပါတယ္။ ကေလးကလဲ ေဘာကြင္းပါတယ္။

သူကိုဖက္ၿပီး ေရအၿမဲကူးတာပါ… ကေလးလဲ အၿမဲပါတာမို႔ ေအာက္ေျခပင္လယ္ၾကမ္းျပင္နဲ႔ေျခေထာက္နဲ႔ထိတဲ့ေနရာမွာပဲ အၿမဲေနတာ… အရင္ရက္ေတြက လိူင္းတခ်က္ပုတ္တိုင္း ကမ္းေျခဘက္ပဲ လူကပါသြားတာ။

အဲ့ေန႔က ​ေရကူးရင္း ေျခေထာက္က သတိထားမိတယ္။ အရင္ရက္ေတြကဆို ပင္လယ္ေအာက္ေျခ သဲေျမက မာတင္းတင္းေလး။ ေရဆြဲခံရတဲ့ေန႔က ​သဲက မြေနၿပီး လႉပ္လူပ္ လူပ္လူပ္နဲ႔ေနတာေအာက္ေျခသဲေျမက ကြၽံက်ေနသလိုမ်ိဳး ခံစားခ်က္ပဲ

ဒါေပမယ့္ ေခ်ာင္းသာမွာ ဒါမ်ိဳးမရွိတာတေၾကာင္း၊ ကိုယ္တိုင္လဲ ေရာက္ေနတာ အေခါက္ေပါင္းမ်ားစြာရွိၿပီ မႀကဳံဖူးတာတေၾကာင္းမို႔ ပုံမွန္အတိုင္းပဲ ေရဆက္ကူးေနတာပဲ။ ဒါေပမယ့္ လိူင္းတခါပုတ္တိုင္း ကမ္းေျခဘက္ မေရာက္ပဲ ပင္လယ္ဘက္ ပါပါသြားတာ။

လိူင္းတခ်က္ပုတ္ ပင္လယ္ထဲ ၃ ေပေလာက္တခါပါ။ ေနာက္တခါလိူင္းပုတ္ ပင္လယ္ဘက္ ၃ ေပပါနဲ႔ လိူင္း ၄ ခါေလာက္အပုတ္မွာ ေအာင္တို႔သားအမိပဲ ဟိုးအစြန္ဘက္ေရာက္ေနၿပီ။ ေရဆြဲတာကို သတိထားမိၾကသူေတြလဲရွိတယ္။

အဲ့လူတခ်ိဳ႕ကလဲ ေရဆြဲတယ္ ေရဆြဲတယ္နဲ႔ ကမ္းေပၚ ေျပးတက္သူ တက္ေပါ့။ ေအာင္လဲ ကမ္းေျခဘက္ျပန္ကူးတာပဲ။ ဒါေပမယ့္ ကမ္းေျခဘက္ ျပန္မေရာက္ဘူး။ တခ်ိဳ႕လူေတြကလဲ စိတ္ပူလို႕ ေအာင္တို႔ဘက္ကို ကူးလာၾကၿပီ။

အေရးေပၚအကူအညီေပးရေအာင္ေပါ့။ အဲ့အခ်ိန္မွာ ေမေမနဲ႔လဲ လူစုကြဲၿပီေမေမကလဲ ေအာ္ေအာ္ေခၚေပါ့။ သူလဲ ေရဆြဲခံရတယ္။ ေကာင္ေလးတေယာက္ လာဆြဲေခၚေပးတယ္ေျပာတယ္။ ဟိုမွာ အန္တီသမီးနဲ႔ ေျမးေလး က်န္ေသးတယ္… သူ႔တို႔ကိုလဲ ဆြဲေခၚေပးပါအုန္းနဲ႔ ေမေမကလဲ ေအာ္ေခၚေနတာေပါ့။

အဲ့အခ်ိန္မွာ ေအာင္လဲ ေရဆြဲခံရၿပီဆိုတာ သိလိုက္ၿပီ… ပထမေတာ့ ကေလးေၾကာက္မွာဆိုးလို႔ (ေဘာကြင္းေတာ့ ကိုယ္စီပါတယ္)… ကိုယ့္ဘာသာကိုယ္ လက္ကယက္ ေျခကခပ္နဲ႔ႀကိတ္ကူးေနတာ… ေေနာက္ဆုံး မရႏိုင္ေတာ့မွ႔ လက္ေလွ်ာ့ၿပီး လွမ္းၾကည့္ေနၾကတဲ့ သူအခ်ိဳ႕ကို လာဆြဲေခၚဖို႔ အကူအညီေတာင္းရေတာ့တယ္။

အုပ္စုထဲက တေယာက္က လာဆြဲေခၚေပးတယ္။ ေျမႀကီးနဲ႔ ေျခေထာက္ထိတဲ့ေနရာေရာက္မွ႔ လူလဲ သက္ျပင္းခ်ႏိုင္ေတာ့တယ္။(***လာဆြဲေခၚေပးတဲ့သူကိုလဲ ေက်းဇူးအထူးတင္မိပါတယ္***)

ထူပူေနတာနဲ႔ ဆြဲေခၚေပးတဲ့သူ ျဖဴသလား မဲသလား ဘယ္အ႐ြယ္မွန္းေတာင္သတိမထားမိလိုက္ပါဘူး။ ေက်းဇူးတင္စကား ကမန္းကတန္းေျပာၿပီး ကမ္းေပၚေျပးတက္လာမိတာ။ အခုလိုေျပာျပတာ သတိထားမိေအာင္လို႔ပါ။

ေခ်ာင္းသာမွာ ေအးေဆးပဲဆိုၿပီး ေပါ့ေပါ့ေလး ေနမိမွာစိုးလို႔ပါ။ ေခ်ာင္းသာလဲ အခန္႔မသင့္ရင္ ေရဆြဲခံရတယ္။ ကေလးငယ္ေတြနဲ႔ကူးသူေတြ သတိေလးထားၿပီး ကူးၾကပါလို႔ ေစသနာအရင္းခံၿပီး ေျပာခ်င္ပါတယ္ရွင္။

အေမးမ်ားေသာေမးခြန္းေလးေတြကို တေယာက္ျခင္း စာမျပန္ႏိုင္ေတာ့လို႔ ဒီမွာပဲ ျဖည့္ပါရေစရွင္…။

ဘယ္ေနရာမွာလဲ…? Akariz Resort ေရွ႕မွာပါ။

ကယ္သူေတြက ဘယ္လိုကယ္လဲ…? သူတို႔လဲ မလွမ္းမကမ္းမွာေရကူးေနၾကသူေတြပါပဲ။ ကမ္းေျခနဲ႔ မ်ဥ္းၿပိဳင္အေနအထားအတိုင္း လက္ပစ္ကူးၿပီး ေဘာကြင္းကို လာဆြဲေပးတာပါ။ ေရဆြဲတာကို သိလိုက္တဲ့အခ်ိန္နဲ႔ လာကူဆြဲေခၚေပးတဲ့အခ်ိန္က ၅ မိနစ္ေလာက္သာ ၾကာပါတယ္။

ေဘာကြင္းပါတာတေၾကာင္း၊ သတိထားမိတာတေၾကာင္းေၾကာင့္ လာကူညီသူ ျမန္ဆန္တာတေၾကာင္းေၾကာင့္ အႏၲရာယ္မရွိခဲ့တာပါရွင္ ဒီအေၾကာင္းကို တင္မယ္ မတင္ဘူးနဲ႔

ေနာက္ဆုံးေတာ့ လူေတြသိထားရင္ ေရကူးတဲ့အခါ ပိုၿပီးသတိေလးထားလို႔ရေအာင္လို႔ပါ။ ကိုယ္ေတြလို ကေလးနဲ႔အတူ အၿမဲကူးသူေတြအတြက္ စိတ္ပူလို႔ပါရွင္။

မူရင္းတင္ဆက္သူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ချောင်းသာကမ်းခြေလဲ ရေဆွဲတယ်နော်…(အားလပ်ရက် အပမ်းဖြေခရီးထွက်တဲ့သူတွေ သတိထားဖို့…)

ပြောချင်တာ အခုမှ့စတယ် ချောင်းသာကမ်းခြေလဲ ရေဆွဲတယ်နော်…အောင်တို့ ၃ ရက်နေတာ နောက်ဆုံးရက်မှာဖြစ်တာ… ရေကူးတိုင်း ဘောကွင်းပါတယ်။ ကလေးကလဲ ဘောကွင်းပါတယ်။

သူကိုဖက်ပြီး ရေအမြဲကူးတာပါ… ကလေးလဲ အမြဲပါတာမို့ အောက်ခြေပင်လယ်ကြမ်းပြင်နဲ့ခြေထောက်နဲ့ထိတဲ့နေရာမှာပဲ အမြဲနေတာ… အရင်ရက်တွေက လိူင်းတချက်ပုတ်တိုင်း ကမ်းခြေဘက်ပဲ လူကပါသွားတာ။

အဲ့နေ့က ရေကူးရင်း ခြေထောက်က သတိထားမိတယ်။ အရင်ရက်တွေကဆို ပင်လယ်အောက်ခြေ သဲမြေက မာတင်းတင်းလေး။ ရေဆွဲခံရတဲ့နေ့က သဲက မွနေပြီး လှူပ်လူပ် လူပ်လူပ်နဲ့နေတာအောက်ခြေသဲမြေက ကျွံကျနေသလိုမျိုး ခံစားချက်ပဲ

ဒါပေမယ့် ချောင်းသာမှာ ဒါမျိုးမရှိတာတကြောင်း၊ ကိုယ်တိုင်လဲ ရောက်နေတာ အခေါက်ပေါင်းများစွာရှိပြီ မကြုံဖူးတာတကြောင်းမို့ ပုံမှန်အတိုင်းပဲ ရေဆက်ကူးနေတာပဲ။ ဒါပေမယ့် လိူင်းတခါပုတ်တိုင်း ကမ်းခြေဘက် မရောက်ပဲ ပင်လယ်ဘက် ပါပါသွားတာ။

လိူင်းတချက်ပုတ် ပင်လယ်ထဲ ၃ ပေလောက်တခါပါ။ နောက်တခါလိူင်းပုတ် ပင်လယ်ဘက် ၃ ပေပါနဲ့ လိူင်း ၄ ခါလောက်အပုတ်မှာ အောင်တို့သားအမိပဲ ဟိုးအစွန်ဘက်ရောက်နေပြီ။ ရေဆွဲတာကို သတိထားမိကြသူတွေလဲရှိတယ်။

အဲ့လူတချို့ကလဲ ရေဆွဲတယ် ရေဆွဲတယ်နဲ့ ကမ်းပေါ် ပြေးတက်သူ တက်ပေါ့။ အောင်လဲ ကမ်းခြေဘက်ပြန်ကူးတာပဲ။ ဒါပေမယ့် ကမ်းခြေဘက် ပြန်မရောက်ဘူး။ တချို့လူတွေကလဲ စိတ်ပူလို့ အောင်တို့ဘက်ကို ကူးလာကြပြီ။

အရေးပေါ်အကူအညီပေးရအောင်ပေါ့။ အဲ့အချိန်မှာ မေမေနဲ့လဲ လူစုကွဲပြီမေမေကလဲ အော်အော်ခေါ်ပေါ့။ သူလဲ ရေဆွဲခံရတယ်။ ကောင်လေးတယောက် လာဆွဲခေါ်ပေးတယ်ပြောတယ်။ ဟိုမှာ အန်တီသမီးနဲ့ မြေးလေး ကျန်သေးတယ်… သူ့တို့ကိုလဲ ဆွဲခေါ်ပေးပါအုန်းနဲ့ မေမေကလဲ အော်ခေါ်နေတာပေါ့။

အဲ့အချိန်မှာ အောင်လဲ ရေဆွဲခံရပြီဆိုတာ သိလိုက်ပြီ… ပထမတော့ ကလေးကြောက်မှာဆိုးလို့ (ဘောကွင်းတော့ ကိုယ်စီပါတယ်)… ကိုယ့်ဘာသာကိုယ် လက်ကယက် ခြေကခပ်နဲ့ကြိတ်ကူးနေတာ… ေနောက်ဆုံး မရနိုင်တော့မှ့ လက်လျှော့ပြီး လှမ်းကြည့်နေကြတဲ့ သူအချို့ကို လာဆွဲခေါ်ဖို့ အကူအညီတောင်းရတော့တယ်။

အုပ်စုထဲက တယောက်က လာဆွဲခေါ်ပေးတယ်။ မြေကြီးနဲ့ ခြေထောက်ထိတဲ့နေရာရောက်မှ့ လူလဲ သက်ပြင်းချနိုင်တော့တယ်။(***လာဆွဲခေါ်ပေးတဲ့သူကိုလဲ ကျေးဇူးအထူးတင်မိပါတယ်***)

ထူပူနေတာနဲ့ ဆွဲခေါ်ပေးတဲ့သူ ဖြူသလား မဲသလား ဘယ်အရွယ်မှန်းတောင်သတိမထားမိလိုက်ပါဘူး။ ကျေးဇူးတင်စကား ကမန်းကတန်းပြောပြီး ကမ်းပေါ်ပြေးတက်လာမိတာ။ အခုလိုပြောပြတာ သတိထားမိအောင်လို့ပါ။

ချောင်းသာမှာ အေးဆေးပဲဆိုပြီး ပေါ့ပေါ့လေး နေမိမှာစိုးလို့ပါ။ ချောင်းသာလဲ အခန့်မသင့်ရင် ရေဆွဲခံရတယ်။ ကလေးငယ်တွေနဲ့ကူးသူတွေ သတိလေးထားပြီး ကူးကြပါလို့ စေသနာအရင်းခံပြီး ပြောချင်ပါတယ်ရှင်။

အမေးများသောမေးခွန်းလေးတွေကို တယောက်ခြင်း စာမပြန်နိုင်တော့လို့ ဒီမှာပဲ ဖြည့်ပါရစေရှင်…။

ဘယ်နေရာမှာလဲ…? Akariz Resort ရှေ့မှာပါ။

ကယ်သူတွေက ဘယ်လိုကယ်လဲ…? သူတို့လဲ မလှမ်းမကမ်းမှာရေကူးနေကြသူတွေပါပဲ။ ကမ်းခြေနဲ့ မျဉ်းပြိုင်အနေအထားအတိုင်း လက်ပစ်ကူးပြီး ဘောကွင်းကို လာဆွဲပေးတာပါ။ ရေဆွဲတာကို သိလိုက်တဲ့အချိန်နဲ့ လာကူဆွဲခေါ်ပေးတဲ့အချိန်က ၅ မိနစ်လောက်သာ ကြာပါတယ်။

ဘောကွင်းပါတာတကြောင်း၊ သတိထားမိတာတကြောင်းကြောင့် လာကူညီသူ မြန်ဆန်တာတကြောင်းကြောင့် အန္တရာယ်မရှိခဲ့တာပါရှင် ဒီအကြောင်းကို တင်မယ် မတင်ဘူးနဲ့

နောက်ဆုံးတော့ လူတွေသိထားရင် ရေကူးတဲ့အခါ ပိုပြီးသတိလေးထားလို့ရအောင်လို့ပါ။ ကိုယ်တွေလို ကလေးနဲ့အတူ အမြဲကူးသူတွေအတွက် စိတ်ပူလို့ပါရှင်။

မူရင်းတင်ဆက်သူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*