ပ႐ုပ္လုံးနံ႔ေလး ေမႊးေနတဲ့ အဝတ္အထည္ေတြရဲ႕ ေနာက္ကြယ္ကအႏၲရာယ္

ပ႐ုပ္လုံးနံ႔ေလး ေမႊးေနတဲ့ အဝတ္အထည္ေတြရဲ႕ ေနာက္ကြယ္ကအႏၲရာယ္
ပ႐ုပ္လုံးနံ႔ေလး ေမႊးေနတဲ့ အဝတ္အထည္ေတြရဲ႕ ေနာက္ကြယ္ကအႏၲရာယ္

ပ႐ုပ္လုံးနံ႔ေလး ေမႊးေနတဲ့ အဝတ္အထည္ေတြရဲ႕ ေနာက္ကြယ္ကအႏၲရာယ္

အဝတ္အထည္ေလးေတြ ပ႐ုပ္လုံးနံ႔ သင္းေနေအာင္ /သန္႔ရွင္းတဲ့ရနံ႔ ပိုးမႊားေတြတက္မွာ မပူရေအာင္… ပ႐ုပ္လုံးေတြကို အဝတ္ဘီဒို ေမြ႕ရာ၊ ေစာင္၊ အဝတ္ျခင္းေတာင္း ေတြမွာထည့္ၾကတယ္။

အဂၤလိပ္လို Moth balls လို႔ေခၚၿပီး ျမန္မာျပည္မွာ ပ႐ုပ္လုံးလို႔ သိၾကပါတယ္။ ပိုးမႊားေျပးေအာင္ သုံးတာ… ပါဝင္တဲ့ ဓာတုေဗဒဓာတ္က နပ္ဖ္သလင္း ( Naphthalene ) နဲ႔ ပါရာဒိုင္ကလို႐ိုဘန္ဇင္း (Paradichlorobenzene) ျဖစ္ပါတယ္။

ပ႐ုပ္လုံးရဲ႕ အာနိသင္ကိုက တေျဖးေျဖး လုံးပါးပါးၿပီး အေငြ႕ပ်ံတာ။ ပ်ံတဲ့အေငြ႕ေတြက ဓာတုဓာတ္ နပ္ဖ္သလင္းနဲ႔ ပါရာဒိုင္ကလို႐ိုဘန္ဇင္း ဓာတ္ေတြပါ။

စူးစူးရွရွ နဲ႔ သင္းပ်ံ႕တဲ့ ရနံ႔လို႔ သတ္မွတ္ထားၾကတဲ့ အေငြ႕ေတြက… ကေလးငယ္နဲ႔ လူႀကီး/လူငယ္ အားလုံးရဲ႕ က်န္းမာေရးကို ထိခိုက္ေစတဲ့ အဆိပ္ေငြ႕ သေဘာပါ။

ေျဖးေျဖးခ်င္း သူလဲ လုံးပါး ပါးရင္း… ကိုယ္လဲ ထိခိုက္ေနတာေပါ့။ အနည္းနဲ႔အမ်ားပဲ ကြာတယ္… သိေတာင္ မသိလိုက္ၾကဘူး။ အဲဒီ့အေငြ႕ေတြက မ်က္စိ? အသက္႐ူလမ္းေၾကာင္း စတာေတြကို အေႏွာက္အယွက္ ျဖစ္ေစတယ္။

ေခါင္းကိုက္တာ/ မူးတာ/ အန္ခ်င္တာ ျဖစ္တတ္တယ္။ တခ်ိဳ႕ေလ့လာမူေတြအရ… ကင္ဆာ အခ်ိဳ႕နဲ႔ေတာင္ ဆက္စပ္မူ ရွိတယ္ ဆိုတယ္။ နပ္ဖ္သလင္းဓာတ္က ပိုဆိုးတဲ့ အဆိပ္ ဓာတ္ပါ။ ေသြးနီဥ ေလးေတြကို အခ်ိန္မတိုင္ခင္ ပ်က္စီးေစတဲ့ အာနိသင္ရွိတယ္။

ေသြးနီဥေတြ ပ်က္စီးရင္ျဖစ္တဲ့ ေသြးအားနည္းေရာဂါ အက်ိဳးဆက္ေတြ ျဖစ္တတ္တယ္။ G6PDဆိုတဲ့ အင္ဇိုင္း ခ်ိဳ႕တဲ့မူ ရွိသူေတြဆို ပိုၿပီး ထိခိုက္တယ္။ လူႀကီးနဲ႔ကေလး ခံရတာျခင္း ကြာျခားျခင္းက… ကေလးေတြက ဒီအဆိပ္ေတြကို ကိုယ္ကေန ထုတ္ျပစ္ႏိုင္ဖို႔ အားအင္က… လူႀကီးေတြထက္ နည္းတယ္.. ပိုအႏၲရာယ္ရွိတယ္။

ပ႐ုပ္အျဖဴေရာင္တင္ မကပါ… ေစ်းကြက္ထဲမွာ အေရာင္စုံ ဒီဇိုင္းစုံ ပုစံမ်ိဳးစုံ ေပၚေနတယ္။ ကေလးမ်ား ပါးစပ္ထဲ ေကာက္ထည့္လိုက္မွာသတိထားပါ.. ေသခ်ာ သိမ္းပါ။ လူႀကီးေတြအတြက္လည္း မေကာင္းပါဘူး ။

အေငြ႕ ရႈမိလို႔ ေရရွည္မေကာင္းသလို… ပ႐ုပ္လုံးနဲ႔ အၾကာၿပီး ထိေတြ႕ထားတဲ့ အဝတ္ကို ဝတ္ရင္ အေရျပားကေန ထိေတြ႕တာလည္း မေကာင္းပါဘူး။ ဓာတ္ေတြက အဝတ္ေတြထဲမွာ စိမ့္ဝင္ၿပီး ရွိေနတာ ျပန္ေလ်ာ္ၿပီး ေနလွန္း… ေျခာက္သြားမွ ဝတ္ေပးတာ ေကာင္းပါတယ္။

ပ႐ုပ္လုံး မသုံးရင္ အနံ႔ေတြေပ်ာက္ေအာင္ ဘယ္လိုလုပ္ရမလဲ…? ပိုးေကာင္ေတြ ေျပးေအာင္ ဘယ္လို လုပ္ရမလဲ…?

ပ႐ုပ္လုံး ဝယ္ရင္… ဒီလို Naphthalene – Paradichlorobenzene ဓာတုအမည္ ပါရင္ မဝယ္ပဲ.. မသုံးဘဲ ေရွာင္ပါ။ ထင္း႐ူးသားနဲ႔ လုပ္တဲ့ ပ႐ုပ္လုံးကို သုံးလို႔ရတယ္..( ျမန္မာျပည္မွာရွိမယ္မထင္ပါ )။ ထင္း႐ူးသားေလး ထည့္ထားတာမ်ိဳး လုပ္ပါ။

တခ်ိ႕က်ေတာ့… ေလညႇင္းပြင့္ေလးေတြ ထင္း႐ူးသား သန္႔သန္႔ေလးေတြကို အဝတ္အိတ္ေလေတြနဲ႔ ခ်ဳပ္ထည့္ၿပီး ဘီဒိုေထာင့္ေလးေတြမွာ ထားၾကတယ္။ ဘာပဲဝယ္ဝယ္… ဘာ ပါဝင္သလဲဆိုတာ ဖတ္ပါ.. ထုပ္ပိုးတာ လွတိုင္း အေကာင္းစား မဟုတ္ပါ။

ခုေပၚေနတဲ့ အဝတ္ျဖန္း အေမႊးရည္မွာ ဘာေတြပါဝင္ေနလဲ အထက္ကေဖာ္ျပထားတဲ့ ဓာတ္ေတြ ပါလား.. စစ္ပါ။ ကိုယ့္ႏိုင္ငံကို အတုမ်ိးစုံ ဝင္လာေနတဲ့ အခ်ိန္အခါမွာ… ဆက္မသုံးေတာ့ရင္ အေကာင္းဆုံးပါ။ ေရာဂါလကၡဏာကို ၾကည့္ၿပီး ပ႐ုပ္လုံးေၾကာင့္ တထစ္ခ်ေျပာမရပါ.. သတိထားၾကဖို႔ပါ။

ခရက္ဒစ္#မခင္နီ၀င္း#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

နံ့လေး မွှေးနေတဲ့ အဝတ်အထည်တွေရဲ့ နောပရုပ်လုံးက်ကွယ်ကအန္တရာယ်

အဝတ်အထည်လေးတွေ ပရုပ်လုံးနံ့ သင်းနေအောင် /သန့်ရှင်းတဲ့ရနံ့ ပိုးမွှားတွေတက်မှာ မပူရအောင်… ပရုပ်လုံးတွေကို အဝတ်ဘီဒို မွေ့ရာ၊ စောင်၊ အဝတ်ခြင်းတောင်း တွေမှာထည့်ကြတယ်။

အင်္ဂလိပ်လို Moth balls လို့ခေါ်ပြီး မြန်မာပြည်မှာ ပရုပ်လုံးလို့ သိကြပါတယ်။ ပိုးမွှားပြေးအောင် သုံးတာ… ပါဝင်တဲ့ ဓာတုဗေဒဓာတ်က နပ်ဖ်သလင်း ( Naphthalene ) နဲ့ ပါရာဒိုင်ကလိုရိုဘန်ဇင်း (Paradichlorobenzene) ဖြစ်ပါတယ်။

ပရုပ်လုံးရဲ့ အာနိသင်ကိုက တဖြေးဖြေး လုံးပါးပါးပြီး အငွေ့ပျံတာ။ ပျံတဲ့အငွေ့တွေက ဓာတုဓာတ် နပ်ဖ်သလင်းနဲ့ ပါရာဒိုင်ကလိုရိုဘန်ဇင်း ဓာတ်တွေပါ။

စူးစူးရှရှ နဲ့ သင်းပျံ့တဲ့ ရနံ့လို့ သတ်မှတ်ထားကြတဲ့ အငွေ့တွေက… ကလေးငယ်နဲ့ လူကြီး/လူငယ် အားလုံးရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အဆိပ်ငွေ့ သဘောပါ။

ဖြေးဖြေးချင်း သူလဲ လုံးပါး ပါးရင်း… ကိုယ်လဲ ထိခိုက်နေတာပေါ့။ အနည်းနဲ့အများပဲ ကွာတယ်… သိတောင် မသိလိုက်ကြဘူး။ အဲဒီ့အငွေ့တွေက မျက်စိ? အသက်ရူလမ်းကြောင်း စတာတွေကို အနှောက်အယှက် ဖြစ်စေတယ်။

ခေါင်းကိုက်တာ/ မူးတာ/ အန်ချင်တာ ဖြစ်တတ်တယ်။ တချို့လေ့လာမူတွေအရ… ကင်ဆာ အချို့နဲ့တောင် ဆက်စပ်မူ ရှိတယ် ဆိုတယ်။ နပ်ဖ်သလင်းဓာတ်က ပိုဆိုးတဲ့ အဆိပ် ဓာတ်ပါ။ သွေးနီဥ လေးတွေကို အချိန်မတိုင်ခင် ပျက်စီးစေတဲ့ အာနိသင်ရှိတယ်။

သွေးနီဥတွေ ပျက်စီးရင်ဖြစ်တဲ့ သွေးအားနည်းရောဂါ အကျိုးဆက်တွေ ဖြစ်တတ်တယ်။ G6PDဆိုတဲ့ အင်ဇိုင်း ချို့တဲ့မူ ရှိသူတွေဆို ပိုပြီး ထိခိုက်တယ်။ လူကြီးနဲ့ကလေး ခံရတာခြင်း ကွာခြားခြင်းက… ကလေးတွေက ဒီအဆိပ်တွေကို ကိုယ်ကနေ ထုတ်ပြစ်နိုင်ဖို့ အားအင်က… လူကြီးတွေထက် နည်းတယ်.. ပိုအန္တရာယ်ရှိတယ်။

ပရုပ်အဖြူရောင်တင် မကပါ… ဈေးကွက်ထဲမှာ အရောင်စုံ ဒီဇိုင်းစုံ ပုစံမျိုးစုံ ပေါ်နေတယ်။ ကလေးများ ပါးစပ်ထဲ ကောက်ထည့်လိုက်မှာသတိထားပါ.. သေချာ သိမ်းပါ။ လူကြီးတွေအတွက်လည်း မကောင်းပါဘူး ။

အငွေ့ ရှုမိလို့ ရေရှည်မကောင်းသလို… ပရုပ်လုံးနဲ့ အကြာပြီး ထိတွေ့ထားတဲ့ အဝတ်ကို ဝတ်ရင် အရေပြားကနေ ထိတွေ့တာလည်း မကောင်းပါဘူး။ ဓာတ်တွေက အဝတ်တွေထဲမှာ စိမ့်ဝင်ပြီး ရှိနေတာ ပြန်လျော်ပြီး နေလှန်း… ခြောက်သွားမှ ဝတ်ပေးတာ ကောင်းပါတယ်။

ပရုပ်လုံး မသုံးရင် အနံ့တွေပျောက်အောင် ဘယ်လိုလုပ်ရမလဲ…? ပိုးကောင်တွေ ပြေးအောင် ဘယ်လို လုပ်ရမလဲ…?

ပရုပ်လုံး ဝယ်ရင်… ဒီလို Naphthalene – Paradichlorobenzene ဓာတုအမည် ပါရင် မဝယ်ပဲ.. မသုံးဘဲ ရှောင်ပါ။ ထင်းရူးသားနဲ့ လုပ်တဲ့ ပရုပ်လုံးကို သုံးလို့ရတယ်..( မြန်မာပြည်မှာရှိမယ်မထင်ပါ )။ ထင်းရူးသားလေး ထည့်ထားတာမျိုး လုပ်ပါ။

တချိ့ကျတော့… လေညှင်းပွင့်လေးတွေ ထင်းရူးသား သန့်သန့်လေးတွေကို အဝတ်အိတ်လေတွေနဲ့ ချုပ်ထည့်ပြီး ဘီဒိုထောင့်လေးတွေမှာ ထားကြတယ်။ ဘာပဲဝယ်ဝယ်… ဘာ ပါဝင်သလဲဆိုတာ ဖတ်ပါ.. ထုပ်ပိုးတာ လှတိုင်း အကောင်းစား မဟုတ်ပါ။

ခုပေါ်နေတဲ့ အဝတ်ဖြန်း အမွှေးရည်မှာ ဘာတွေပါဝင်နေလဲ အထက်ကဖော်ပြထားတဲ့ ဓာတ်တွေ ပါလား.. စစ်ပါ။ ကိုယ့်နိုင်ငံကို အတုမျိးစုံ ဝင်လာနေတဲ့ အချိန်အခါမှာ… ဆက်မသုံးတော့ရင် အကောင်းဆုံးပါ။ ရောဂါလက္ခဏာကို ကြည့်ပြီး ပရုပ်လုံးကြောင့် တထစ်ချပြောမရပါ.. သတိထားကြဖို့ပါ။

ခရက်ဒစ်#မခင်နီဝင်း#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*