ဟင္းေတြ ဆားငန္သြားတဲ့အခါ အရသာမပ်က္ေစဖို႔ ျပဳလုပ္ႏိုင္တဲ႕ နည္းလမ္း (၉)ခု

ဟင္းေတြ ဆားငန္သြားတဲ့အခါ အရသာမပ်က္ေစဖို႔ ျပဳလုပ္ႏိုင္တဲ႕ နည္းလမ္း (၉)ခု
ဟင္းေတြ ဆားငန္သြားတဲ့အခါ အရသာမပ်က္ေစဖို႔ ျပဳလုပ္ႏိုင္တဲ႕ နည္းလမ္း (၉)ခု

ဟင္းေတြ ဆားငန္သြားတဲ့အခါ အရသာမပ်က္ေစဖို႔ ျပဳလုပ္ႏိုင္တဲ႕ နည္းလမ္း (၉)ခု

ဆားမပါတဲ့ဟင္းက အရသာမရွိသလို ဆားမ်ားတဲ့ဟင္းကလည္း အရသာပ်က္ၿပီး စားမရျဖစ္သြားတတ္ပါတယ္။ ဆားေတြအမ်ားႀကီး

ထည့္မိတဲ့အခါ စိတ္ပူစရာမလိုပါဘူး။ ဟင္းေတြ ဆားငန္သြားတဲ့အခါ အရသာမပ်က္ေအာင္ ဒီနည္းလမ္းေလးေတြကို အသုံးျပဳႏိုင္ပါတယ္။

၁။ ေရေဆးလိုက္ပါ။

ဟင္းသီးဟင္း႐ြက္, pasta တို႔နဲ႔ ခ်က္တဲ့ဟင္းေတြမွာ ဆားခပ္တာမ်ားသြားရင္ ေရနဲ႔ ေဆးခ်လိုက္ပါ။ ေရေဆးၿပီးေတာ့မွ ျပန္ခ်က္ပါ။ ဒါမွမဟုတ္ ေရထဲမွာ ခဏစိမ္ထားၿပီးမွ ျပန္ခ်က္လည္း ရပါတယ္။

၂။ ေရ

ဟင္းထဲကို ဆားေတြအမ်ားႀကီး ထည့္မိသြားလို႔ ငန္သြားရင္ ေရအနည္းငယ္ထပ္ထည့္ၿပီး ပြက္ေအာင္ တည္လိုက္ပါ။ ျမည္းၾကည့္ၿပီးေနာက္

ငန္ေနေသးတယ္ဆိုရင္ ေရအနည္းငယ္ ထပ္ထည့္ပါ။ ဆားက အရမ္းကို ငန္ေနၿပီဆိုရင္ေတာ့ ေရထပ္ထည့္တဲ့နည္းကို အသုံးမျပဳသင့္ပါဘူး။

၃။ သံပုရာသီး

သံပုရာသီးက အသားနဲ႔ ငါးေတြမွာ ဆားငန္ေနရင္ အငန္သက္သာေစပါတယ္။ သံပုရာသီးတစ္လုံးကို အရည္ညႇစ္ၿပီးေနာက္ ဟင္းထဲကို ထည့္လိုက္ပါ။ သံပုရာသီးညႇစ္ထည့္တဲ့အခါမွာလည္း

နည္းနည္းခ်င္းစီ ထည့္သင့္ပါတယ္။ အခ်ဥ္အရမ္းမ်ားသြားတဲ့အခါမွာလည္း ဟင္းက အရသာမရွိေတာ့ပါဘူး။

၄။ သၾကား

သၾကားက အငန္ဓာတ္ကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။ ငန္ေနတဲ့ဟင္းထဲကို သၾကားနည္းနည္းခ်င္းစီ ထည့္ၿပီး ျမည္းၾကည့္ပါ။ ငန္ေနေသးတယ္ဆိုရင္ သၾကားထပ္ထည့္ၿပီး သၾကားေတြ ေပ်ာ္သြားတဲ့အထိ ေမႊေပးပါ။

သၾကားမထည့္ခ်င္တဲ့အခါ ေပါင္မုန႔္အကာသားေလးကို ဟင္းထဲထည့္လို႔ရပါတယ္။ ေပါင္မုန႔္အကာသားက ငန္ေနတာေတြကို စုပ္ယူေပးပါတယ္။

၅။ ဆန္၊ ပန္းဂ်ဳံ နဲ႔ အာလူး

ဆန္၊ ပန္းဂ်ဳံနဲ႔ အာလူးတို႔က ငန္ေနတာေတြကို စုပ္ယူေပးႏိုင္ပါတယ္။ စြပ္ျပဳက္ အရမ္းငန္ေနတဲ့အခါမွာ ဆန္အနည္းငယ္၊ ပန္းဂ်ဳံ သို႔မဟုတ္ အာလူးထပ္ထည့္ပါ။ အာလူးကို

အငန္သက္သာေအာင္ ထည့္ၿပီးတဲ့အခါ ဟင္းထဲကေန မဖယ္ပစ္လည္း ရပါတယ္။ အာလူးထည့္လိုက္ရင္ အရသာပိုရွိသြားပါတယ္။

၆။ အသီးအ႐ြက္

ဆားေတြ အထည့္မ်ားလို႔ ငန္သြားတဲ့အခါ အသီးအ႐ြက္ေတြကို ထပ္ထည့္ပါ။ ခရမ္းခ်ဥ္သီးကို အတုံးေလးေတြျဖစ္ေအာင္လွီးၿပီး ထည့္လို႔ရသလို

မုန္လာဥနီကိုလည္း ထည့္လို႔ရပါတယ္။ အသီးအ႐ြက္ေတြကလည္း အငန္ေတြကို စုပ္ေပးၿပီး ဟင္းအရသာလည္း မပ်က္၊ အရသာရွိေနမွာပါ။

၇။ ဆီ သို႔မဟုတ္ ႏို႔ထြက္ပစၥည္းမ်ား

ႏြားႏို႔နဲ႔ ခ်ဥ္ၿပဳံးၿပဳံးခရင္မ္ေတြကို ငန္သြားတဲ့ အသားငါးဟင္းလ်ာေတြမွာ အသုံးျပဳႏိုင္ပါတယ္။ ဟင္းအရမ္းငန္သြားတဲ့အခါမွာ ဟင္းသီးဟင္း႐ြက္ကိုလည္း

ထပ္ထည့္ႏိုင္ပါတယ္။ အုန္းႏို႔၊ ေထာပတ္သီးတို႔ကိုလည္း ႏြားႏို႔အစား အသုံးျပဳလို႔ရပါတယ္။ အဲဒီအခါ ဟင္းက မငန္ေတာ့ဘဲ အရသာရွိေနမွာပါ။

၈။ ပါဝင္ပစၥည္းေတြကို ထပ္ထည့္လိုက္ပါ။

ဟင္းက အရမ္းငန္သြားတဲ့အခါမွာ ပါဝင္ပစၥည္းေတြကို ထပ္ထည့္ၿပီး ဟင္းမ်ားမ်ားခ်က္လိုက္ပါ။ ဂ်ဳံနယ္တဲ့အခါ ငန္သြားရင္လည္း ဂ်ဳံေတြ ထပ္ထည့္လိုက္လို႔ရပါတယ္။

၉။ မငန္တဲ့ပါဝင္ပစၥည္းေတြ ထပ္ထည့္ပါ။

ငန္ေနတာေတြ ေလ်ာ့ပါးသြားေစဖို႔အတြက္ လတ္ဆတ္တဲ့အသီးေတြ၊ အရည္ေတြ ထပ္ထည့္ႏိုင္ပါတယ္။ ခရမ္းခ်ဥ္သီးကို အႏွစ္ကလည္း အငန္ေတြကို စုပ္ယူေပးႏိုင္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။

Unicode

ဟင်းတွေ ဆားငန်သွားတဲ့အခါ အရသာမပျက်စေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်း (၉)ခု

ဆားမပါတဲ့ဟင်းက အရသာမရှိသလို ဆားများတဲ့ဟင်းကလည်း အရသာပျက်ပြီး စားမရဖြစ်သွားတတ်ပါတယ်။ ဆားတွေအများကြီး

ထည့်မိတဲ့အခါ စိတ်ပူစရာမလိုပါဘူး။ ဟင်းတွေ ဆားငန်သွားတဲ့အခါ အရသာမပျက်အောင် ဒီနည်းလမ်းလေးတွေကို အသုံးပြုနိုင်ပါတယ်။

၁။ ရေဆေးလိုက်ပါ။

ဟင်းသီးဟင်းရွက်, pasta တို့နဲ့ ချက်တဲ့ဟင်းတွေမှာ ဆားခပ်တာများသွားရင် ရေနဲ့ ဆေးချလိုက်ပါ။ ရေဆေးပြီးတော့မှ ပြန်ချက်ပါ။ ဒါမှမဟုတ် ရေထဲမှာ ခဏစိမ်ထားပြီးမှ ပြန်ချက်လည်း ရပါတယ်။

၂။ ရေ

ဟင်းထဲကို ဆားတွေအများကြီး ထည့်မိသွားလို့ ငန်သွားရင် ရေအနည်းငယ်ထပ်ထည့်ပြီး ပွက်အောင် တည်လိုက်ပါ။ မြည်းကြည့်ပြီးနောက်

ငန်နေသေးတယ်ဆိုရင် ရေအနည်းငယ် ထပ်ထည့်ပါ။ ဆားက အရမ်းကို ငန်နေပြီဆိုရင်တော့ ရေထပ်ထည့်တဲ့နည်းကို အသုံးမပြုသင့်ပါဘူး။

၃။ သံပုရာသီး

သံပုရာသီးက အသားနဲ့ ငါးတွေမှာ ဆားငန်နေရင် အငန်သက်သာစေပါတယ်။ သံပုရာသီးတစ်လုံးကို အရည်ညှစ်ပြီးနောက် ဟင်းထဲကို ထည့်လိုက်ပါ။ သံပုရာသီးညှစ်ထည့်တဲ့အခါမှာလည်း

နည်းနည်းချင်းစီ ထည့်သင့်ပါတယ်။ အချဉ်အရမ်းများသွားတဲ့အခါမှာလည်း ဟင်းက အရသာမရှိတော့ပါဘူး။

၄။ သကြား

သကြားက အငန်ဓာတ်ကို လျှော့ချပေးနိုင်ပါတယ်။ ငန်နေတဲ့ဟင်းထဲကို သကြားနည်းနည်းချင်းစီ ထည့်ပြီး မြည်းကြည့်ပါ။ ငန်နေသေးတယ်ဆိုရင် သကြားထပ်ထည့်ပြီး သကြားတွေ ပျော်သွားတဲ့အထိ မွှေပေးပါ။

သကြားမထည့်ချင်တဲ့အခါ ပေါင်မုန့်အကာသားလေးကို ဟင်းထဲထည့်လို့ရပါတယ်။ ပေါင်မုန့်အကာသားက ငန်နေတာတွေကို စုပ်ယူပေးပါတယ်။

၅။ ဆန်၊ ပန်းဂျုံ နဲ့ အာလူး

ဆန်၊ ပန်းဂျုံနဲ့ အာလူးတို့က ငန်နေတာတွေကို စုပ်ယူပေးနိုင်ပါတယ်။ စွပ်ပြုက် အရမ်းငန်နေတဲ့အခါမှာ ဆန်အနည်းငယ်၊ ပန်းဂျုံ သို့မဟုတ် အာလူးထပ်ထည့်ပါ။ အာလူးကို

အငန်သက်သာအောင် ထည့်ပြီးတဲ့အခါ ဟင်းထဲကနေ မဖယ်ပစ်လည်း ရပါတယ်။ အာလူးထည့်လိုက်ရင် အရသာပိုရှိသွားပါတယ်။

၆။ အသီးအရွက်

ဆားတွေ အထည့်များလို့ ငန်သွားတဲ့အခါ အသီးအရွက်တွေကို ထပ်ထည့်ပါ။ ခရမ်းချဉ်သီးကို အတုံးလေးတွေဖြစ်အောင်လှီးပြီး ထည့်လို့ရသလို

မုန်လာဥနီကိုလည်း ထည့်လို့ရပါတယ်။ အသီးအရွက်တွေကလည်း အငန်တွေကို စုပ်ပေးပြီး ဟင်းအရသာလည်း မပျက်၊ အရသာရှိနေမှာပါ။

၇။ ဆီ သို့မဟုတ် နို့ထွက်ပစ္စည်းများ

နွားနို့နဲ့ ချဉ်ပြုံးပြုံးခရင်မ်တွေကို ငန်သွားတဲ့ အသားငါးဟင်းလျာတွေမှာ အသုံးပြုနိုင်ပါတယ်။ ဟင်းအရမ်းငန်သွားတဲ့အခါမှာ ဟင်းသီးဟင်းရွက်ကိုလည်း

ထပ်ထည့်နိုင်ပါတယ်။ အုန်းနို့၊ ထောပတ်သီးတို့ကိုလည်း နွားနို့အစား အသုံးပြုလို့ရပါတယ်။ အဲဒီအခါ ဟင်းက မငန်တော့ဘဲ အရသာရှိနေမှာပါ။

၈။ ပါဝင်ပစ္စည်းတွေကို ထပ်ထည့်လိုက်ပါ။

ဟင်းက အရမ်းငန်သွားတဲ့အခါမှာ ပါဝင်ပစ္စည်းတွေကို ထပ်ထည့်ပြီး ဟင်းများများချက်လိုက်ပါ။ ဂျုံနယ်တဲ့အခါ ငန်သွားရင်လည်း ဂျုံတွေ ထပ်ထည့်လိုက်လို့ရပါတယ်။

၉။ မငန်တဲ့ပါဝင်ပစ္စည်းတွေ ထပ်ထည့်ပါ။

ငန်နေတာတွေ လျော့ပါးသွားစေဖို့အတွက် လတ်ဆတ်တဲ့အသီးတွေ၊ အရည်တွေ ထပ်ထည့်နိုင်ပါတယ်။ ခရမ်းချဉ်သီးကို အနှစ်ကလည်း အငန်တွေကို စုပ်ယူပေးနိုင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*