လမ္းဆက္ေလွ်ာက္ပါ… “တစ္ေန႔တစ္လံ ပုဂံဘယ္ေ႐ြ႕မလဲ”

လမ္းဆက္ေလွ်ာက္ပါ... “တစ္ေန႔တစ္လံ ပုဂံဘယ္ေ႐ြ႕မလဲ”
လမ္းဆက္ေလွ်ာက္ပါ... “တစ္ေန႔တစ္လံ ပုဂံဘယ္ေ႐ြ႕မလဲ”

လမ္းဆက္ေလွ်ာက္ပါ… “တစ္ေန႔တစ္လံ ပုဂံဘယ္ေ႐ြ႕မလဲ”

ျမန္မာစကားပုံတြင္…“တစ္ေန႔တစ္လံ ပုဂံဘယ္ေ႐ြ႕မလဲ” ဟူ၍ရွိပါသည္။ ရည္မွန္းခ်က္ပန္းတိုင္ မည္မွ်ေဝးပါသနည္း။ မည္မွ်ေဝးသည္ဆိုေစ

တစ္ေန႔ကို တစ္လံမွ်ပင္ေလွ်ာက္ကာ မွန္မွန္သြားၾကည့္ပါ။ ပုဂံက ဘယ္မွမေ႐ြ႕ပါ။ သူ႔ေနရာမွာသူရွိေနပါလိမ့္မည္။ ေ႐ြ႕ေနေသာ ကိုယ္က တစ္ေန႔ေရာက္ရမည္။

ပန္းတိုင္က ရွိကိုရွိေနသည္။ ေလွ်ာက္ကို ေလွ်ာက္ရမည္။ မေလွ်ာက္ဘဲမေရာက္။ ေလွ်ာက္ မွေရာက္ မည္။ မည္သည့္ကိစၥမဆို မလုပ္မီ

ေဝဖန္မႈေတြ၊ အဖ်က္အဆီးေတြ၊ တားဆီးမႈေတြ၊ စိတ္ပ်က္စရာ ေကာင္းေလာက္ေအာင္ ေျပာဆိုမႈေတြ ႀကဳံေတြ႕ရႏိုင္ပါသည္။

လူ႔သေဘာက… ကိုယ့္ထက္သာ မနာလိုခ်င္၊ ကိုယ့္ထက္ေၾကာ ေျပာခ်င္၊ ကိုယ့္ထက္ျမင့္ အျပစ္ျမင္ေျပာေန ေဝဖန္ေနသည္မ်ားကို လိုက္ၿပီးနားေထာင္ေနလွ်င္ ေျခတစ္လွမ္းမွ် မလွမ္းခ်င္ေလာက္ေအာင္ ျဖစ္သြားႏိုင္ပါသည္။

ထို႔ေၾကာင့္ ဘာကိုမွ် နားေထာင္စရာမလို၊ ဂ႐ုစိုက္စရာမလို ကိုယ့္လမ္းကိုယ္ေဖာက္၊ ကိုယ္ေလွ်ာက္ရမည့္လမ္းကို ဇြဲသန္သန္ႏွင့္ ရည္မွန္းထားသည့္အတိုင္း ေလွ်ာက္ရန္သာျဖစ္သည္။

ေရတြင္းထဲက ဖားပုံျပင္လည္းရွိသည္… ေရတြင္းနက္နက္ထဲတြင္ ေပ်ာ္ေမြ႕ေနၾကေသာ ဖားတို႔သည္ ေရတြင္းအျပင္ကို ခုန္ထြက္ရန္ မႀကိဳးစားခ်င္။ ေရတြင္း ေရကလည္း ခမ္းေတာ့မည္။ ေရခမ္းလွ်င္ေသကုန္လိမ့္မည္။

ေရတြင္းအျပင္ကို ထြက္ရန္ ခုန္တက္ ေနသည့္ ဖားေလးေတြကိုလည္း ဖားအိုႀကီးေတြက…“မတက္နဲ႔ ျပဳတ္က်လို႔ ေသကုန္မယ္” “အျပင္ေလာကမွာ ေၾကာက္စရာေတြ” “အေပၚကို တက္လို႔လည္း ဘာထူးမွာလဲ” “ငါတို႔တစ္သက္လုံး ဒီမွာေန … ဒီမွာေသၾကတာပဲ” စသည္ျဖင့္

အမ်ိဳးမ်ိဳး ဟန႔္တားၾကသည္။ နားေယာင္ေသာ ဖားေလးေတြက ေရတြင္းကို တစ္ေပျမင့္ေအာင္ပင္ ခုန္မတက္။ တစ္ေန႔တြင္ ဖားငယ္ေလးတစ္ေကာင္က ေရတြင္းကိုခုန္တက္သည္။ တစ္ေကာင္တစ္မ်ိဳး ဝိုင္းေအာ္ၿပီး ဟန႔္တားၾကသည္။

ဖားငယ္ေလးမွာ တစ္လက္မမွသည္ တစ္ေပ၊ တစ္ေပမွသည္ တစ္ကိုက္၊ တစ္ကိုက္မွသည္ တစ္ထစ္ခ်င္း၊ တစ္ခုန္ခ်င္း ပုံမွန္တက္သြားသည္။ ေအာက္ကဝိုင္းေအာ္ေနသည့္ ဖားေတြကလည္း ဝိုင္းေအာ္သည္။

ေနာက္ဆုံး ဖားေလးက ေရတြင္းေပါင္ေပၚကို ေရာက္သြားသည္။ သူက ေနာက္ဆုံးအေနျဖင့္ ေအာက္ကို ငုံ႔ၾကည့္ လိုက္သည္။ သူက နား႐ြက္ေလးကို လက္ေလးနဲ႔ကာၿပီး

“ခင္ဗ်ားတို႔ ဘာေတြ ေအာ္ေနၾကတာလဲ … ေလာကႀကီးက အက်ယ္ႀကီး … အဘိုးႀကီးေတြ ေျပာသလို မဟုတ္ဘူး” ဟု ျပန္ေအာ္သည္။

ထိုဖားေလးက နားမၾကား … နားမၾကားသျဖင့္ မည္သည့္ဖားေအာ္တာကိုမွ် မသိ။ ဇြဲရွိရွိႏွင့္ ေနာက္ဆုံး ပန္းတိုင္ကို ေရာက္လာသည္။

နားေတြကို ပိတ္ထားသင့္ ပိတ္ထားပါ နားမၾကားသလို ေနသင့္လည္း ေနလိုက္ပါ။ သို႔ေသာ္… တစ္လွမ္းခ်င္း တစ္ခုန္ခ်င္း ေ႐ြ႕ေနရန္ေတာ့ ဘယ္ေတာ့မွ် မေမ့ပါႏွင့္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

လမ်းဆက်လျှောက်ပါ… “တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ”

မြန်မာစကားပုံတွင်…“တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ” ဟူ၍ရှိပါသည်။ ရည်မှန်းချက်ပန်းတိုင် မည်မျှဝေးပါသနည်း။ မည်မျှဝေးသည်ဆိုစေ

တစ်နေ့ကို တစ်လံမျှပင်လျှောက်ကာ မှန်မှန်သွားကြည့်ပါ။ ပုဂံက ဘယ်မှမရွေ့ပါ။ သူ့နေရာမှာသူရှိနေပါလိမ့်မည်။ ရွေ့နေသော ကိုယ်က တစ်နေ့ရောက်ရမည်။

ပန်းတိုင်က ရှိကိုရှိနေသည်။ လျှောက်ကို လျှောက်ရမည်။ မလျှောက်ဘဲမရောက်။ လျှောက် မှရောက် မည်။ မည်သည့်ကိစ္စမဆို မလုပ်မီ

ဝေဖန်မှုတွေ၊ အဖျက်အဆီးတွေ၊ တားဆီးမှုတွေ၊ စိတ်ပျက်စရာ ကောင်းလောက်အောင် ပြောဆိုမှုတွေ ကြုံတွေ့ရနိုင်ပါသည်။

လူ့သဘောက… ကိုယ့်ထက်သာ မနာလိုချင်၊ ကိုယ့်ထက်ကြော ပြောချင်၊ ကိုယ့်ထက်မြင့် အပြစ်မြင်ပြောနေ ဝေဖန်နေသည်များကို လိုက်ပြီးနားထောင်နေလျှင် ခြေတစ်လှမ်းမျှ မလှမ်းချင်လောက်အောင် ဖြစ်သွားနိုင်ပါသည်။

ထို့ကြောင့် ဘာကိုမျှ နားထောင်စရာမလို၊ ဂရုစိုက်စရာမလို ကိုယ့်လမ်းကိုယ်ဖောက်၊ ကိုယ်လျှောက်ရမည့်လမ်းကို ဇွဲသန်သန်နှင့် ရည်မှန်းထားသည့်အတိုင်း လျှောက်ရန်သာဖြစ်သည်။

ရေတွင်းထဲက ဖားပုံပြင်လည်းရှိသည်… ရေတွင်းနက်နက်ထဲတွင် ပျော်မွေ့နေကြသော ဖားတို့သည် ရေတွင်းအပြင်ကို ခုန်ထွက်ရန် မကြိုးစားချင်။ ရေတွင်း ရေကလည်း ခမ်းတော့မည်။ ရေခမ်းလျှင်သေကုန်လိမ့်မည်။

ရေတွင်းအပြင်ကို ထွက်ရန် ခုန်တက် နေသည့် ဖားလေးတွေကိုလည်း ဖားအိုကြီးတွေက…“မတက်နဲ့ ပြုတ်ကျလို့ သေကုန်မယ်” “အပြင်လောကမှာ ကြောက်စရာတွေ” “အပေါ်ကို တက်လို့လည်း ဘာထူးမှာလဲ” “ငါတို့တစ်သက်လုံး ဒီမှာနေ … ဒီမှာသေကြတာပဲ” စသည်ဖြင့်

အမျိုးမျိုး ဟန့်တားကြသည်။ နားယောင်သော ဖားလေးတွေက ရေတွင်းကို တစ်ပေမြင့်အောင်ပင် ခုန်မတက်။ တစ်နေ့တွင် ဖားငယ်လေးတစ်ကောင်က ရေတွင်းကိုခုန်တက်သည်။ တစ်ကောင်တစ်မျိုး ဝိုင်းအော်ပြီး ဟန့်တားကြသည်။

ဖားငယ်လေးမှာ တစ်လက်မမှသည် တစ်ပေ၊ တစ်ပေမှသည် တစ်ကိုက်၊ တစ်ကိုက်မှသည် တစ်ထစ်ချင်း၊ တစ်ခုန်ချင်း ပုံမှန်တက်သွားသည်။ အောက်ကဝိုင်းအော်နေသည့် ဖားတွေကလည်း ဝိုင်းအော်သည်။

နောက်ဆုံး ဖားလေးက ရေတွင်းပေါင်ပေါ်ကို ရောက်သွားသည်။ သူက နောက်ဆုံးအနေဖြင့် အောက်ကို ငုံ့ကြည့် လိုက်သည်။ သူက နားရွက်လေးကို လက်လေးနဲ့ကာပြီး

“ခင်ဗျားတို့ ဘာတွေ အော်နေကြတာလဲ … လောကကြီးက အကျယ်ကြီး … အဘိုးကြီးတွေ ပြောသလို မဟုတ်ဘူး” ဟု ပြန်အော်သည်။

ထိုဖားလေးက နားမကြား … နားမကြားသဖြင့် မည်သည့်ဖားအော်တာကိုမျှ မသိ။ ဇွဲရှိရှိနှင့် နောက်ဆုံး ပန်းတိုင်ကို ရောက်လာသည်။

နားတွေကို ပိတ်ထားသင့် ပိတ်ထားပါ နားမကြားသလို နေသင့်လည်း နေလိုက်ပါ။ သို့သော်… တစ်လှမ်းချင်း တစ်ခုန်ချင်း ရွေ့နေရန်တော့ ဘယ်တော့မျှ မမေ့ပါနှင့်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*