ေငြရွာႏိုင္တဲ့ မိန္းမနဲ႔ ေငြမရွာႏိုင္တဲ့ မိန္းမ ဘာေတြကြာျခားလဲ…?(အမိ်ဳးသမီးတိုင္း သိထားသင့္တယ္ေနာ္..)

ေငြရွာႏိုင္တဲ့ မိန္းမနဲ႔ ေငြမရွာႏိုင္တဲ့ မိန္းမ ဘာေတြကြာျခားလဲ...?
ေငြရွာႏိုင္တဲ့ မိန္းမနဲ႔ ေငြမရွာႏိုင္တဲ့ မိန္းမ ဘာေတြကြာျခားလဲ...?

ေငြရွာႏိုင္တဲ့ မိန္းမနဲ႔ ေငြမရွာႏိုင္တဲ့ မိန္းမ ဘာေတြကြာျခားလဲ…?(အမိ်ဳးသမီးတိုင္း သိထားသင့္တယ္ေနာ္..)

ကြၽန္မ ငယ္႐ြယ္တဲ့ အခ်ိန္တုန္းက မဂၤလာေဆာင္ဖို႔ ဘာအတြက္ေၾကာင့္ ကိုယ္ပိုင္အိမ္တစ္လုံး၊ ကားတစ္စီး ရွိဖို႔ လိုအပ္တာလည္း ဆိုတာကို နားမလည္ခဲ့ဘူး။

လူတစ္ေယာက္နဲ႔ တစ္ေယာက္ လက္ထပ္တယ္ဆိုတာ… ခ်စ္ျခင္းေမတၱာ ရွိေန႐ုံနဲ႔ မလုံေလာက္ဘူးလားေပါ့။ အသက္အ႐ြယ္တစ္ခု ေရာက္လာတဲ့ အခါမွာေတာ့ ပိုက္ဆံဟာ ဘဝရဲ႕ ေနရာတိုင္းအတြက္ လိုအပ္တဲ့ အရာတစ္ခုျဖစ္တယ္ဆိုတာကို နားလည္လာခဲ့တယ္

အဝတ္အစားအသစ္ ဝယ္ခ်င္လို႔ ကုန္တိုက္ေတြကို သြားတဲ့အခါတိုင္း… ေစ်းႏႈန္းကို တိတ္တဆိတ္ အၿမဲအရင္ဆုံးၾကည့္ရေလ့ ရွိတယ္။ တစ္ခါတစ္ေလ တခ်ိဳ႕အက်ႌေတြဆို သိပ္ႀကိဳက္မိသြားေပမယ့္… သိပ္သေဘာမက်သလို ဟန္ေဆာင္ျဖစ္ခဲ့တယ္။

အေၾကာင္းျပခ်က္က ႐ိုးရွင္းပါတယ္… အဲဒီ အက်ႌေတြရဲ႕ ေစ်းႏႈန္းက ကြၽန္မခန႔္မွန္းထားတာထက္ အရမ္းမ်ားေနလို႔ေပါ့။ ဒါေပမယ့္ အခုေတာ့… ကိုယ္ႀကိဳက္တာေတြ႕ရင္ “ကြၽန္မကို ဒါေလး ထုတ္ေပးပါ” လို႔

ဝင့္ႂကြားစြာ ေျပာႏိုင္ေနၿပီ။ ကြၽန္မ မ်က္လုံးေတြမွာလည္း ေခ်တုံခ်တုံ ျဖစ္ေနတဲ့ အရိပ္အေယာင္မ်ိဳးလုံးဝ မရွိေတာ့ပါဘူး။ အေၾကာင္းကေတာ့… ကိုယ္ဒါကို ဝယ္ဖို႔ တတ္ႏိုင္တယ္ဆိုတာ ေသခ်ာေနလို႔ပါပဲ။

ဟိုအရင္တုန္းက… ေယာက္က်ၤားတစ္ေယာက္က ကိုယ့္ကို လက္ေဆာင္ေတြ ဝယ္ေပးတဲ့အခါ သူကြၽန္မကို ခ်စ္လို၊႔ ေမတၱာရွိလို႔… သူ႔ပိုက္ဆံေတြကို ကြၽန္မအတြက္ သုံးတယ္လို႔ တထစ္ခ် ထင္ခဲ့ဖူးတယ္။

ဒါေပမယ့္ အျခားမိန္းကေလးေတြကိုလည္း သူ ထိုနည္းလည္းေကာင္းပဲ ဆက္ဆံတာကိုေတြ႕ရတဲ့အခါ… ဒါဟာ အခ်စ္မဟုတ္ဘူးဆိုတာကို နားလည္ခဲ့တယ္။ အခု ကြၽန္မအေနနဲ႔ ဆက္ဆံေရးတစ္ခုမွာရွိေနေပမယ့္

ေယာက္က်ၤားတစ္ေယာက္ ဝယ္ေပးႏိုင္တဲ့ အရာအားလုံးကိုကြၽန္မ ကိုယ္တိုင္လည္း ဝယ္ႏိုင္ေနၿပီလို႔ကြၽန္မထင္တယ္။ အဲဒီ ႐ုပ္ပစၥည္းေတြထက္ ကြၽန္မေ ယာက္က်ၤားတစ္ေယာက္ဆီက ရဖို႔ ပိုၿပီး ဂ႐ုစိုက္ အေလးထားမိတဲ့ အရာေတြက

ကြၽန္မရဲ႕ အလုပ္မွာ ပိုၿပီး တိုးတက္ေတာက္ေျပာင္လာေအာင္ သူဟာ ကူညီပံ့ပိုးေပးႏိုင္တဲ့ သူတစ္ေယာက္ျဖစ္ႏိုင္လား မျဖစ္ႏိုင္ဘူးလား၊ ကြၽန္မ နာမက်န္းျဖစ္ေနတဲ့ အခ်ိန္ေတြမွာ သူဟာ ကြၽန္မကို တကယ္ ဂ႐ုစိုက္မယ့္ လူမ်ိဳး ျဖစ္ႏိုင္လား မျဖစ္ႏိုင္ဘူးလား…

ေနာက္ၿပီး သူက ကြၽန္မ မိဘေတြနဲ႔ မိသားစုတစၡဳလုံးကို ေလးေလးစားစား ဆက္ဆံမယ့္ လူမ်ိဳးျဖစ္ႏိုင္လား မျဖစ္ႏိုင္ဘူးလား ဆိုတာကိုပါပဲ။ လက္ထပ္ၿပီးသြားတဲ့အခါ ကိုယ္ပိုင္ပိုက္ဆံ မရွာႏိုင္တဲ့ မိန္းမတစ္ေယာက္ဟာ

ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္ မျဖစ္ႏိုင္ပါဘူး။ သူမ အမ်ိဳးသားဘက္က ေဆြမ်ိဳးေတြရဲ႕ အျပစ္တင္ေဝဖန္ျခင္းေတြနဲ႔လည္းေန႔စဥ္ရင္ဆိုင္ရမွာ ျဖစ္တဲ့အျပင္… အိမ္အလုပ္ေတြ အကုန္သိမ္းႀကဳံး လုပ္ရတာရယ္ ကေလးေတြ ထိန္းရတာနဲ႔

တစ္ေနကုန္ တစ္ေနခမ္း လုံးလည္ခ်ာလည္ လိုက္ေနရပါလိမ့္မယ္။ အဲေလာက္ ပင္ပန္းေနတဲ့ အမ်ိဳသမီးေတြဟာ ဘာတစ္ခုမွ ေစဒက မတက္ႏိုင္ပဲအဲဒီအစား သူ႔ရဲ႕ ဝမ္းနည္းနာက်င္မႈေတြ အကုန္လုံးကို အစာအိမ္ထဲပဲ မ်ိဳခ်ေခ်ဖ်က္ လိုက္တာနဲ႔ပဲ အဆုံးသတ္လိုက္ၾကရပါတယ္။

ပိုက္ဆံေကာင္းေကာင္း ရွာႏိုင္တဲ့ အမ်ိဳးသမီးေတြ အမ်ားစုကေတာ့ အဲလို ဇာတ္သိမ္းမ်ိဳးနဲ႔ ျခားနားပါတယ္။ သူတို႔က အဓိပၸါယ္မရွိတဲ့ အရာေတြအတြက္ ဘယ္သူ႔ကိုမွ သည္းခံမွာ မဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူမအနားမွာ လူေတြ ရွိသည္ျဖစ္ေစ မရွိဘူးျဖစ္ေစ

သူမကိုယ္သူမ အေကာင္းဆုံး ဆက္ၿပီး ရွင္သန္ေနႏိုင္တဲ့ အတြက္ေၾကာင့္ပါပဲ။ ဒါဟာ တကယ့္ လက္ေတြ႕ဘဝရဲ႕ မွန္ကန္တဲ့ အေၾကာင္းတရားေတြပါ။ အမ်ိဳးသမီးတိုင္းရဲ႕ အရံအစီအစဥ္ (backup plan) ဟာ ေငြပါပဲ။

မိန္းမတစ္ေယာက္ဟာ အရမ္းေတြ ခ်မ္းသာေနဖို႔ ဆိုတာထက္ ေငြလုံလုံေလာက္ေလာက္ ရွိဖို႔ေတာ့ လိုအပ္ပါတယ္။ ပိုက္ဆံဟာ အေရးမႀကီးဘူးလို႔ ဘယ္ေသာအခါမွ မထင္လိုက္ပါနဲ႔။ ခ်စ္ရတဲ့ အမ်ိဳးသမီးတို႔ေရ…

ရွင္တို႔ကို ဘယ္ေတာ့မွ သစၥာမေဖာက္သြားမယ့္ တစ္ခုတည္းေသာအရာက ကိုယ့္ရဲ႕ကိုယ္စြမ္း ဉာဏ္စြမ္းနဲ႔ ႀကိဳးစားၿပီး ထိုက္ထိုက္တန္တန္ ရွာလို႔ ရလာတဲ့ ပိုက္ဆံပါပဲ… ေငြရဖို႔အတြက္ အလုပ္ေတြ ႀကိဳးစားလုပ္တာ ပိုက္ဆံမက္တာ မဟုတ္ပါဘူး။

အသက္ ၂၀ အ႐ြယ္မွာ… ကိုယ့္ကိုယ္ကိုယ္ အေကာင္းဆုံး ရင္းႏွီးျမဳပ္ႏွံဖို႔အတြက္ ေငြရွိဖို႔ လိုပါတယ္။ အသက္ ၃၀ အ႐ြယ္မွာ… ကိုယ့္အနားမွာရွိတဲ့ ကိုယ္ခ်စ္တဲ့ လူေတြကိုအေကာင္းဆုံး ေစာင့္ေရွာက္ႏိုင္ဖို႔အတြက္ေငြရွိဖို႔ လိုပါတယ္။

အ သက္ ၄၀ အ႐ြယ္မွာ… ကိုယ္လုပ္ခ်င္တာ ဘာမဆို ယုံၾကည္မႈရွိရွိနဲ႔ လုပ္ႏိုင္ဖို႔အတြက္ ေငြရွိဖို႔ လိုပါတယ္။ အသက္ ၅၀ အ႐ြယ္မွာ… ကိုယ့္ရဲ႕ ဘဝေႏွာင္းပိုင္း အခ်ိန္ေတြမွာ အိုစာတာေကာင္းေကာင္းေနထိုင္သြားႏိုင္ဖို႔အတြက္ေငြရွိေနဖို႔ လိုအပ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ငွေရှာနိုင်တဲ့ မိန်းမနဲ့ ငွေမရှာနိုင်တဲ့ မိန်းမ ဘာတွေကွာခြားလဲ…?(အမျိုးသမီးတိုင်း သိထားသင့်တယ်နော်..)

ကျွန်မ ငယ်ရွယ်တဲ့ အချိန်တုန်းက မင်္ဂလာဆောင်ဖို့ ဘာအတွက်ကြောင့် ကိုယ်ပိုင်အိမ်တစ်လုံး၊ ကားတစ်စီး ရှိဖို့ လိုအပ်တာလည်း ဆိုတာကို နားမလည်ခဲ့ဘူး။

လူတစ်ယောက်နဲ့ တစ်ယောက် လက်ထပ်တယ်ဆိုတာ… ချစ်ခြင်းမေတ္တာ ရှိနေရုံနဲ့ မလုံလောက်ဘူးလားပေါ့။ အသက်အရွယ်တစ်ခု ရောက်လာတဲ့ အခါမှာတော့ ပိုက်ဆံဟာ ဘဝရဲ့ နေရာတိုင်းအတွက် လိုအပ်တဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာကို နားလည်လာခဲ့တယ်

အဝတ်အစားအသစ် ဝယ်ချင်လို့ ကုန်တိုက်တွေကို သွားတဲ့အခါတိုင်း… ဈေးနှုန်းကို တိတ်တဆိတ် အမြဲအရင်ဆုံးကြည့်ရလေ့ ရှိတယ်။ တစ်ခါတစ်လေ တချို့အင်္ကျီတွေဆို သိပ်ကြိုက်မိသွားပေမယ့်… သိပ်သဘောမကျသလို ဟန်ဆောင်ဖြစ်ခဲ့တယ်။

အကြောင်းပြချက်က ရိုးရှင်းပါတယ်… အဲဒီ အင်္ကျီတွေရဲ့ ဈေးနှုန်းက ကျွန်မခန့်မှန်းထားတာထက် အရမ်းများနေလို့ပေါ့။ ဒါပေမယ့် အခုတော့… ကိုယ်ကြိုက်တာတွေ့ရင် “ကျွန်မကို ဒါလေး ထုတ်ပေးပါ” လို့

ဝင့်ကြွားစွာ ပြောနိုင်နေပြီ။ ကျွန်မ မျက်လုံးတွေမှာလည်း ချေတုံချတုံ ဖြစ်နေတဲ့ အရိပ်အယောင်မျိုးလုံးဝ မရှိတော့ပါဘူး။ အကြောင်းကတော့… ကိုယ်ဒါကို ဝယ်ဖို့ တတ်နိုင်တယ်ဆိုတာ သေချာနေလို့ပါပဲ။

ဟိုအရင်တုန်းက… ယောက်င်္ကျားတစ်ယောက်က ကိုယ့်ကို လက်ဆောင်တွေ ဝယ်ပေးတဲ့အခါ သူကျွန်မကို ချစ်လို၊့ မေတ္တာရှိလို့… သူ့ပိုက်ဆံတွေကို ကျွန်မအတွက် သုံးတယ်လို့ တထစ်ချ ထင်ခဲ့ဖူးတယ်။

ဒါပေမယ့် အခြားမိန်းကလေးတွေကိုလည်း သူ ထိုနည်းလည်းကောင်းပဲ ဆက်ဆံတာကိုတွေ့ရတဲ့အခါ… ဒါဟာ အချစ်မဟုတ်ဘူးဆိုတာကို နားလည်ခဲ့တယ်။ အခု ကျွန်မအနေနဲ့ ဆက်ဆံရေးတစ်ခုမှာရှိနေပေမယ့်

ယောက်င်္ကျားတစ်ယောက် ဝယ်ပေးနိုင်တဲ့ အရာအားလုံးကိုကျွန်မ ကိုယ်တိုင်လည်း ဝယ်နိုင်နေပြီလို့ကျွန်မထင်တယ်။ အဲဒီ ရုပ်ပစ္စည်းတွေထက် ကျွန်မေ ယာက်င်္ကျားတစ်ယောက်ဆီက ရဖို့ ပိုပြီး ဂရုစိုက် အလေးထားမိတဲ့ အရာတွေက

ကျွန်မရဲ့ အလုပ်မှာ ပိုပြီး တိုးတက်တောက်ပြောင်လာအောင် သူဟာ ကူညီပံ့ပိုးပေးနိုင်တဲ့ သူတစ်ယောက်ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား၊ ကျွန်မ နာမကျန်းဖြစ်နေတဲ့ အချိန်တွေမှာ သူဟာ ကျွန်မကို တကယ် ဂရုစိုက်မယ့် လူမျိုး ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား…

နောက်ပြီး သူက ကျွန်မ မိဘတွေနဲ့ မိသားစုတစ္ခုလုံးကို လေးလေးစားစား ဆက်ဆံမယ့် လူမျိုးဖြစ်နိုင်လား မဖြစ်နိုင်ဘူးလား ဆိုတာကိုပါပဲ။ လက်ထပ်ပြီးသွားတဲ့အခါ ကိုယ်ပိုင်ပိုက်ဆံ မရှာနိုင်တဲ့ မိန်းမတစ်ယောက်ဟာ

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ အမျိုးသမီးတစ်ယောက် မဖြစ်နိုင်ပါဘူး။ သူမ အမျိုးသားဘက်က ဆွေမျိုးတွေရဲ့ အပြစ်တင်ဝေဖန်ခြင်းတွေနဲ့လည်းနေ့စဉ်ရင်ဆိုင်ရမှာ ဖြစ်တဲ့အပြင်… အိမ်အလုပ်တွေ အကုန်သိမ်းကြုံး လုပ်ရတာရယ် ကလေးတွေ ထိန်းရတာနဲ့

တစ်နေကုန် တစ်နေခမ်း လုံးလည်ချာလည် လိုက်နေရပါလိမ့်မယ်။ အဲလောက် ပင်ပန်းနေတဲ့ အမျိုသမီးတွေဟာ ဘာတစ်ခုမှ စေဒက မတက်နိုင်ပဲအဲဒီအစား သူ့ရဲ့ ဝမ်းနည်းနာကျင်မှုတွေ အကုန်လုံးကို အစာအိမ်ထဲပဲ မျိုချချေဖျက် လိုက်တာနဲ့ပဲ အဆုံးသတ်လိုက်ကြရပါတယ်။

ပိုက်ဆံကောင်းကောင်း ရှာနိုင်တဲ့ အမျိုးသမီးတွေ အများစုကတော့ အဲလို ဇာတ်သိမ်းမျိုးနဲ့ ခြားနားပါတယ်။ သူတို့က အဓိပ္ပါယ်မရှိတဲ့ အရာတွေအတွက် ဘယ်သူ့ကိုမှ သည်းခံမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူမအနားမှာ လူတွေ ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ

သူမကိုယ်သူမ အကောင်းဆုံး ဆက်ပြီး ရှင်သန်နေနိုင်တဲ့ အတွက်ကြောင့်ပါပဲ။ ဒါဟာ တကယ့် လက်တွေ့ဘဝရဲ့ မှန်ကန်တဲ့ အကြောင်းတရားတွေပါ။ အမျိုးသမီးတိုင်းရဲ့ အရံအစီအစဉ် (backup plan) ဟာ ငွေပါပဲ။

မိန်းမတစ်ယောက်ဟာ အရမ်းတွေ ချမ်းသာနေဖို့ ဆိုတာထက် ငွေလုံလုံလောက်လောက် ရှိဖို့တော့ လိုအပ်ပါတယ်။ ပိုက်ဆံဟာ အရေးမကြီးဘူးလို့ ဘယ်သောအခါမှ မထင်လိုက်ပါနဲ့။ ချစ်ရတဲ့ အမျိုးသမီးတို့ရေ…

ရှင်တို့ကို ဘယ်တော့မှ သစ္စာမဖောက်သွားမယ့် တစ်ခုတည်းသောအရာက ကိုယ့်ရဲ့ကိုယ်စွမ်း ဉာဏ်စွမ်းနဲ့ ကြိုးစားပြီး ထိုက်ထိုက်တန်တန် ရှာလို့ ရလာတဲ့ ပိုက်ဆံပါပဲ… ငွေရဖို့အတွက် အလုပ်တွေ ကြိုးစားလုပ်တာ ပိုက်ဆံမက်တာ မဟုတ်ပါဘူး။

အသက် ၂၀ အရွယ်မှာ… ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး ရင်းနှီးမြုပ်နှံဖို့အတွက် ငွေရှိဖို့ လိုပါတယ်။ အသက် ၃၀ အရွယ်မှာ… ကိုယ့်အနားမှာရှိတဲ့ ကိုယ်ချစ်တဲ့ လူတွေကိုအကောင်းဆုံး စောင့်ရှောက်နိုင်ဖို့အတွက်ငွေရှိဖို့ လိုပါတယ်။

အ သက် ၄၀ အရွယ်မှာ… ကိုယ်လုပ်ချင်တာ ဘာမဆို ယုံကြည်မှုရှိရှိနဲ့ လုပ်နိုင်ဖို့အတွက် ငွေရှိဖို့ လိုပါတယ်။ အသက် ၅၀ အရွယ်မှာ… ကိုယ့်ရဲ့ ဘဝနှောင်းပိုင်း အချိန်တွေမှာ အိုစာတာကောင်းကောင်းနေထိုင်သွားနိုင်ဖို့အတွက်ငွေရှိနေဖို့ လိုအပ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*