ေခြးလို မေနနဲ႕ သိုးလိုေန…(ေခြးက်င့္ေခြးႀကံ ႀကံၾကသူမ်ားအတြက္.)

ေခြးလို မေနနဲ႕ သိုးလိုေန...(ေခြးက်င့္ေခြးႀကံ ႀကံၾကသူမ်ားအတြက္.)
ေခြးလို မေနနဲ႕ သိုးလိုေန...(ေခြးက်င့္ေခြးႀကံ ႀကံၾကသူမ်ားအတြက္.)

ေခြးလို မေနနဲ႕ သိုးလိုေန…(ေခြးက်င့္ေခြးႀကံ ႀကံၾကသူမ်ားအတြက္.)

တခါတုန္းက ေတာကစား ထြက္လာေသာဘုရင္က ႐ြာအနီး ျမက္ခင္းတြင္ သိုးအုပ္ႀကီးကို ေတြ႕လိုက္ရ သျဖင့္ သူႏွင့္ အတူ ျမင္းစီးကာ ေဘးခ်င္းယွဥ္ လိုက္လာေသာ ပညာရွိ အမတ္ႀကီးကို ေမးလိုက္ေလသည္…

“အမတ္ႀကီး ဘယ္မွာ ၾကည့္လိုက္ ၾကည့္လိုက္ သိုးေတြက အုပ္စုလိုက္ ေတြ႕ရတယ္ေနာ္။ ေခြးေတြကိုေတာ့ ဘာျဖစ္လို႔ အဲဒီလို အုပ္စုလိုက္ မေတြ႕ရတာလဲ”… “မွန္လွပါ အရွင္မင္းႀကီးရဲ႕ ေမးခြန္းကို မနက္ျဖန္မွ ေျဖပါရေစဘုရား”

“ေကာင္းၿပီေလ”… ထိုေန႔ နန္းေတာ္ကို ျပန္ေရာက္လာသည့္ ညေနတြင္ အမတ္ႀကီးက အခန္း ႏွစ္ခန္းကို ျပင္ဆင္ေစသည္။ အခန္းတခန္း ထဲတြင္ အသားပုံႀကီး တပုံကို ခ်ထားၿပီး ေခြး အေကာင္ ၂၀ ကို ထည့္ကာ

ေသာ့ပိတ္ထားလိုက္သည္။အျခား အခန္းထဲတြင္ ျမက္ထုံးမ်ားကို ခ်ကာ သိုးအေကာင္ ၂၀ ကို အခန္းအတြင္း ေမာင္းသြင္းၿပီး တံခါးပိတ္ ထားလိုက္ေလသည္။ ေနာက္တေန႔ နံနက္တြင္ အမတ္ႀကီးက သူစီမံထားသည့္ အေၾကာင္းအရာကို မင္းႀကီးအား ေလွ်ာက္တင္ကာ

အခန္းမ်ားဆီသို႔ ေခၚလာေလသည္။ ပထမ ေခြးေတြ ထည့္ထားသည့္ အခန္းကို ဖြင့္လိုက္သည္။ ဘုရင္ႀကီးက အံ့အားသင့္ သြားသည္။ ေခြးေတြ အားလုံး အသက္ ေပ်ာက္ေနသည္။ အခန္းအလယ္တြင္ ခ်ထားသည့္

အသားပုံႀကီးကား ေနရာမပ်က္ ရွိေနသည္။ ေခြးတေကာင္မွ် အသားပုံကို စားသြားသည့္ပုံ မေပၚ။ ေနာက္တခန္းကို ဘုရင္အား ေခၚၿပီး ဖြင့္ၾကည့္ၾကသည္။ သိုးေတြ အားလုံး လွဲေလ်ာင္းကာ အိပ္စက္ေန ၾကသည္။ အခန္းအလယ္တြင္ ခ်ေပးထားသည့္ ျမက္ေတြလည္း မရွိေတာ့ေပ။

ထိုအျဖစ္အပ်က္မ်ားကို ဘုရင္ႀကီးအား အမတ္ႀကီးက ျပသၿပီးေနာက္ “ေခြးေတြဟာ သူတို႔ကို ေကြၽးထားတဲ့ အသားေတြကို တစက္မွ် မစားရဘဲ ေသကုန္ၾကရ ျခင္းမွာ တေကာင္ႏွင့္ တေကာင္ တိုက္ခိုက္ကာ တကိုယ္ေကာင္း ဆန္ျခင္းေၾကာင့္ပါ ဘုရား။

သိုးေတြကေတာ့ ေအးခ်မ္းစြာ မွ်ေဝစားေသာက္တတ္သည့္ အေလ့အထေၾကာင့္… အသက္ရွင္ကာ ေနထိုင္ႏိုင္ျခင္း ျဖစ္ေၾကာင္းပါဘုရား” ဟု ေလွ်ာက္တင္ေလသည္။

ေခြးမ်ားသည္ အုပ္စုလိုက္ဖြဲ႕ကာ ေနထိုင္တတ္ေသာ အေလ့အထ နည္းေလသည္။ အေကာင္နည္းနည္း စုမိလွ်င္ပင္ ျပႆနာရွာကာ မာန္ဖီတတ္သည္။ အစားအစာ အတြက္ဆိုလွ်င္ ေခြးမ်ားသည္ တေကာင္ႏွင့္ တေကာင္

မညႇာမတာ ကိုက္ၾက မာန္ဖီတတ္ၾကသည္။ ေရွးလူႀကီးမ်ားက ေခြးလို မေနႏွင့္ သိုးေတြလိုေနဟု ဆုံးမၾကျခင္းမွာ တေကာင္ႏွင့္ တေကာင္ မကိုက္ဘဲ ၿငိမ္ခ်မ္းစြာျဖင့္ အတူတကြ မွ်ေဝတတ္ေသာ စိတ္ရွိသည့္ လူ႔ေဘာင္ အဖြဲ႕အစည္းသည္သာ

တိုးတက္စည္ပင္ ဖြံ႕ၿဖိဳးမည္ ျဖစ္ေၾကာင္းကို ျပဆိုျခင္းျဖစ္သည္။ ေခြးေတြလို ငါ့တြက္ ငါ့ဟာ ငါ့ဥစၥာ ဆိုၿပီး ေလာဘတက္ ကိုက္လွ်င္ ေသၾကမည္။ အတၱေလာဘနဲ႔ တကိုယ္ေကာင္းစိတ္ ေမြးသူမ်ားသည္ ေခြးသ႑န္ႏွင့္ တူေပသည္။

သိုးေတြလို မွ်ေဝစိတ္ ထားလွ်င္ ရွင္ၾကမည္။ သူ႔ဖက္ ကိုယ့္ဖက္ သူ႔အတြက္ ကိုယ္အတြက္ မွ်တစြာ ေနထိုင္သူသည္ သိုးသ႑န္ႏွင့္ တူေပသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ခွေးလို မနေနဲ့ သိုးလိုနေ…(ခွေးကျင့်ခွေးကြံ ကြံကြသူများအတွက်.)

တခါတုန်းက တောကစား ထွက်လာသောဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရ သဖြင့် သူနှင့် အတူ မြင်းစီးကာ ဘေးချင်းယှဉ် လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်…

“အမတ်ကြီး ဘယ်မှာ ကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက် တွေ့ရတယ်နော်။ ခွေးတွေကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ”… “မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေဘုရား”

“ကောင်းပြီလေ”… ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်း နှစ်ခန်းကို ပြင်ဆင်စေသည်။ အခန်းတခန်း ထဲတွင် အသားပုံကြီး တပုံကို ချထားပြီး ခွေး အကောင် ၂၀ ကို ထည့်ကာ

သော့ပိတ်ထားလိုက်သည်။အခြား အခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါးပိတ် ထားလိုက်လေသည်။ နောက်တနေ့ နံနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ

အခန်းများဆီသို့ ခေါ်လာလေသည်။ ပထမ ခွေးတွေ ထည့်ထားသည့် အခန်းကို ဖွင့်လိုက်သည်။ ဘုရင်ကြီးက အံ့အားသင့် သွားသည်။ ခွေးတွေ အားလုံး အသက် ပျောက်နေသည်။ အခန်းအလယ်တွင် ချထားသည့်

အသားပုံကြီးကား နေရာမပျက် ရှိနေသည်။ ခွေးတကောင်မျှ အသားပုံကို စားသွားသည့်ပုံ မပေါ်။ နောက်တခန်းကို ဘုရင်အား ခေါ်ပြီး ဖွင့်ကြည့်ကြသည်။ သိုးတွေ အားလုံး လှဲလျောင်းကာ အိပ်စက်နေ ကြသည်။ အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ။

ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက် “ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစက်မျှ မစားရဘဲ သေကုန်ကြရ ခြင်းမှာ တကောင်နှင့် တကောင် တိုက်ခိုက်ကာ တကိုယ်ကောင်း ဆန်ခြင်းကြောင့်ပါ ဘုရား။

သိုးတွေကတော့ အေးချမ်းစွာ မျှဝေစားသောက်တတ်သည့် အလေ့အထကြောင့်… အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား” ဟု လျှောက်တင်လေသည်။

ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထ နည်းလေသည်။ အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာရှာကာ မာန်ဖီတတ်သည်။ အစားအစာ အတွက်ဆိုလျှင် ခွေးများသည် တကောင်နှင့် တကောင်

မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်။ ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေဟု ဆုံးမကြခြင်းမှာ တကောင်နှင့် တကောင် မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သော စိတ်ရှိသည့် လူ့ဘောင် အဖွဲ့အစည်းသည်သာ

တိုးတက်စည်ပင် ဖွံ့ဖြိုးမည် ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်။ ခွေးတွေလို ငါ့တွက် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်။ အတ္တလောဘနဲ့ တကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန်နှင့် တူပေသည်။

သိုးတွေလို မျှဝေစိတ် ထားလျှင် ရှင်ကြမည်။ သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*