ဓားတိုေနရင္ ဓားရွည္ မေတာင့္တနဲ႔ ေရွ႕တစ္လွမ္းတိုးခုတ္ပါ (အရမ္းႀကိဳက္လို႔ ထပ္ခါဖတ္မိတယ္..)

ဓားတိုေနရင္ ဓားရွည္ မေတာင့္တနဲ႔ ေရွ႕တစ္လွမ္းတိုးခုတ္ပါ (အရမ္းႀကိဳက္လို႔ ထပ္ခါဖတ္မိတယ္..)
ဓားတိုေနရင္ ဓားရွည္ မေတာင့္တနဲ႔ ေရွ႕တစ္လွမ္းတိုးခုတ္ပါ (အရမ္းႀကိဳက္လို႔ ထပ္ခါဖတ္မိတယ္..)

ဓားတိုေနရင္ ဓားရွည္ မေတာင့္တနဲ႔ ေရွ႕တစ္လွမ္းတိုးခုတ္ပါ (အရမ္းႀကိဳက္လို႔ ထပ္ခါဖတ္မိတယ္..)

အားနည္းခ်က္က အင္အားကို မခ်ိနဲ႔ေစဘူး… အားငယ္စိတ္ကသာ အားနည္းေစတာပါ။ ဆင္ေတြထဲမွာ အစြယ္ႏွစ္ေခ်ာင္းပါတဲ့ဆင္ကို စြယ္စုံဆင္လို႔ေခၚတယ္။ အစြယ္မပါတဲ့ဆင္ကို ဟိုင္းဆင္လို႔ေခၚတယ္။

ဟိုင္းဆင္က အစြယ္မပါေတာ့ ဘာလုပ္ရလဲဆိုေတာ့… ႏွာေမာင္းကို သန္ေအာင္လုပ္ရတယ္။သူ႔မွာ ႏွာေမာင္းပဲ အားကိုစရာရွိေတာ့တာကိုး။ ေတာထဲမွာ… စြယ္စုံဆင္နဲ႔ ဟိုင္းဆင္နဲ႔ေတြ႕ရင္ စြယ္စုံဆင္က ဟိုင္းဆင္ကို အစြယ္နဲ႔ေျပးထိုးတယ္။

အဲ့ဒီမွာ ဟိုင္းဆင္က စြယ္စုံဆင္ရဲ႕အစြယ္ကို ႏွာေမာင္းနဲ႔ လိမ္ခ်ိဳးပစ္လိုက္တယ္။ သစ္လုပ္သားေတြကေျပာဖူးတယ္… ေတာထဲမွာ အဲ့ဒီဟိုင္းဆင္ေတြနဲ႔ေတြ႕ရင္… ကြၽန္ေတာ္တို႔ဆင္ေတြကေျပးတာေပါ့။

ေျပးတာမလြတ္လို႔ အ႐ိုက္ခံရရင္ အ႐ႈိးေတာင္ ထင္တယ္တဲ့။ ဆင္ကို အ႐ိႈးထင္ေအာင္႐ိုက္ႏိုင္တယ္ဆိုမွေတာ့… သူ႔ရဲ႕ႏွာေမာင္းအားကို ခန္႔မွန္းသာၾကည့္။

ေျပာခ်င္တာက… မင္းတို႔မွာ ဘာခ်ိဴ႕ယြင္းခ်က္ပဲ ရွိရွိ အားမငယ္နဲ႔။ တစ္ဖက္မွာ အားနည္းရင္… တစ္ဖက္ဖက္မွာ အားသာလာေအာင္ ႀကိဳးစားၾက ။ အထက္ပါစကားသည္ ဆရာႀကီးဦးေအာင္သင္း၏ ၾသဝါဒျဖစ္သည္။

အားနည္းခ်က္ေတြရွိေပမယ့္ ေလာကႀကီးရဲ႕ ဘုရင္တစ္ဆူ ျဖစ္ခဲ့သူေတြအမ်ားႀကီးပါ။ အနည္းငယ္ ထုတ္ျပခ်င္ပါတယ္… မီးသီးကို စတင္တီထြင္ခဲ့တဲ့ ေသာမတ္အက္ဒီဆင္ဟာ ေက်ာင္းစာ အရမ္းညံ့တယ္။

ဆရာေတြကေတာင္ ညဏ္တုံးတဲ့သူလို႔ သတ္မွတ္ခံခဲ့ရတယ္။ ေနာက္ဆုံးမွာ… စာလည္း မလိုက္ႏိုင္တာကတစ္ေၾကာင္း… ေက်ာင္းကဆရာေတြရဲ႕ဖိအားေတြက တစ္ေၾကာင္းနဲ႔ သူေက်ာင္းမလိုက္ခ်င္တာနဲ႔ ထြက္လိုက္တယ္…။

အသက္ ဆယ္ႏွစ္ေက်ာ္မွာ နားပါ ထိုင္းသြားတယ္။ ဒါေပမယ့္… သူဝါသနာထုံတဲ့ တီထြင္မႈကို တစ္စိုက္မတ္မတ္ ႀကိဳးစားအားထုတ္ရင္း သိပၸံေလာကရဲ႕ဆရာတစ္ဆူျဖစ္ခဲ့တယ္..။

အေမရိကန္ႏိုင္ငံသူ ဂ်က္ဆီကာေလာ့ပ္ဟာ လက္ႏွစ္ဖက္ မပါဘူး။ သူရဲ႕အားထုတ္မႈေၾကာင့္ေျခေထာက္ႏွစ္ဖက္က လက္ႏွစ္ဖက္လိုပဲ အသုံးျပဳလို႔ရခဲ့တယ္…။ သိပၸံဘြဲ႕ရတယ္။ အံ့အားသင့္စရာအေကာင္းဆုံးက… ေလယာဥ္မႈးျဖစ္သြားတာပဲ။

လက္မပါတဲ့ေလယာဥ္မႉးတဲ့ဗ်…ာ သူဘယ္ေလာက္ေတာင္ အားထုတ္ခဲ့သလဲ… ေျပာခ်င္တာက အားနည္းခ်က္ ကိုယ္စီရွိေပမယ့္ ျပည့္စုံတဲ့ဘဝကို တည္ေဆာက္ခဲ့သူေတြ ေလာကႀကီးမွာ အမ်ားႀကီးပါပဲ…။

လြယ္လြယ္နဲ႔ မရပါဘူး။ သူမ်ားေျခတစ္လွမ္း လွမ္းရင္… သူတို႔ ႏွစ္လွမ္းလွမ္းရတယ္။ အားနည္းခ်က္၊ ခ်ိဴ႕ယြင္းခ်က္ေၾကာင့္ စိတ္ပ်က္အားငယ္ေနမယ္ဆိုရ…င္ အင္အားခ်ိနဲ႔ေနယုံပဲရွိမွာပါ။

အစြယ္မပါတဲ့ ဟိုင္းဆင္ဟာ အားကိုးစရာအစြယ္မရွိေပမယ့္ ႏွာေမာင္းကို သန္ေအာင္လုပ္ရသလို… သင့္ရဲ႕ အားနည္းခ်က္ဆိုတာကို ေမ့ထားၿပီး ႀကိဳးစားၾကည့္ပါ။ သင့္အတြက္ ေနရာေကာင္း တစ္ခုရွိပါတယ္…

အားနည္းခ်က္က အင္အားကို မခ်ိနဲ႔ေစဘူး… အားငယ္စိတ္ကသာ အားနည္းေစတာပါ။ ခင္ဗ်ားရဲ႕ဘဝကို ဘယ္သူကမွ အဆုံးအျဖတ္ မေပးႏိုင္ဘူး။ ပြဲတစ္ပြဲရဲ႕အေျဖဟာ….. ခင္ဗ်ားလက္ထဲမွာပဲရွိတယ္ဆိုတာ ယုံပါ..။

စကားတစ္ခြန္းလက္ေဆာင္ေပးခဲ့ခ်င္တယ္… “ဓားတိုေနလွ်င္ ဓားရွည္မေတာင့္တနဲ႔ ေရွ႕တစ္လွမ္းတိုးခုတ္ပါ။”

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ဓားတိုနေရင် ဓားရှည် မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ (အရမ်းကြိုက်လို့ ထပ်ခါဖတ်မိတယ်..)

အားနည်းချက်က အင်အားကို မချိနဲ့စေဘူး… အားငယ်စိတ်ကသာ အားနည်းစေတာပါ။ ဆင်တွေထဲမှာ အစွယ်နှစ်ချောင်းပါတဲ့ဆင်ကို စွယ်စုံဆင်လို့ခေါ်တယ်။ အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်။

ဟိုင်းဆင်က အစွယ်မပါတော့ ဘာလုပ်ရလဲဆိုတော့… နှာမောင်းကို သန်အောင်လုပ်ရတယ်။သူ့မှာ နှာမောင်းပဲ အားကိုစရာရှိတော့တာကိုး။ တောထဲမှာ… စွယ်စုံဆင်နဲ့ ဟိုင်းဆင်နဲ့တွေ့ရင် စွယ်စုံဆင်က ဟိုင်းဆင်ကို အစွယ်နဲ့ပြေးထိုးတယ်။

အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို နှာမောင်းနဲ့ လိမ်ချိုးပစ်လိုက်တယ်။ သစ်လုပ်သားတွေကပြောဖူးတယ်… တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်… ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့။

ပြေးတာမလွတ်လို့ အရိုက်ခံရရင် အရှိုးတောင် ထင်တယ်တဲ့။ ဆင်ကို အရှိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့… သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်။

ပြောချင်တာက… မင်းတို့မှာ ဘာချိူ့ယွင်းချက်ပဲ ရှိရှိ အားမငယ်နဲ့။ တစ်ဖက်မှာ အားနည်းရင်… တစ်ဖက်ဖက်မှာ အားသာလာအောင် ကြိုးစားကြ ။ အထက်ပါစကားသည် ဆရာကြီးဦးအောင်သင်း၏ သြဝါဒဖြစ်သည်။

အားနည်းချက်တွေရှိပေမယ့် လောကကြီးရဲ့ ဘုရင်တစ်ဆူ ဖြစ်ခဲ့သူတွေအများကြီးပါ။ အနည်းငယ် ထုတ်ပြချင်ပါတယ်… မီးသီးကို စတင်တီထွင်ခဲ့တဲ့ သောမတ်အက်ဒီဆင်ဟာ ကျောင်းစာ အရမ်းညံ့တယ်။

ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့ သတ်မှတ်ခံခဲ့ရတယ်။ နောက်ဆုံးမှာ… စာလည်း မလိုက်နိုင်တာကတစ်ကြောင်း… ကျောင်းကဆရာတွေရဲ့ဖိအားတွေက တစ်ကြောင်းနဲ့ သူကျောင်းမလိုက်ချင်တာနဲ့ ထွက်လိုက်တယ်…။

အသက် ဆယ်နှစ်ကျော်မှာ နားပါ ထိုင်းသွားတယ်။ ဒါပေမယ့်… သူဝါသနာထုံတဲ့ တီထွင်မှုကို တစ်စိုက်မတ်မတ် ကြိုးစားအားထုတ်ရင်း သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..။

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ လက်နှစ်ဖက် မပါဘူး။ သူရဲ့အားထုတ်မှုကြောင့်ခြေထောက်နှစ်ဖက်က လက်နှစ်ဖက်လိုပဲ အသုံးပြုလို့ရခဲ့တယ်…။ သိပ္ပံဘွဲ့ရတယ်။ အံ့အားသင့်စရာအကောင်းဆုံးက… လေယာဉ်မှုးဖြစ်သွားတာပဲ။

လက်မပါတဲ့လေယာဉ်မှူးတဲ့ဗျ…ာ သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ… ပြောချင်တာက အားနည်းချက် ကိုယ်စီရှိပေမယ့် ပြည့်စုံတဲ့ဘဝကို တည်ဆောက်ခဲ့သူတွေ လောကကြီးမှာ အများကြီးပါပဲ…။

လွယ်လွယ်နဲ့ မရပါဘူး။ သူများခြေတစ်လှမ်း လှမ်းရင်… သူတို့ နှစ်လှမ်းလှမ်းရတယ်။ အားနည်းချက်၊ ချိူ့ယွင်းချက်ကြောင့် စိတ်ပျက်အားငယ်နေမယ်ဆိုရ…င် အင်အားချိနဲ့နေယုံပဲရှိမှာပါ။

အစွယ်မပါတဲ့ ဟိုင်းဆင်ဟာ အားကိုးစရာအစွယ်မရှိပေမယ့် နှာမောင်းကို သန်အောင်လုပ်ရသလို… သင့်ရဲ့ အားနည်းချက်ဆိုတာကို မေ့ထားပြီး ကြိုးစားကြည့်ပါ။ သင့်အတွက် နေရာကောင်း တစ်ခုရှိပါတယ်…

အားနည်းချက်က အင်အားကို မချိနဲ့စေဘူး… အားငယ်စိတ်ကသာ အားနည်းစေတာပါ။ ခင်ဗျားရဲ့ဘဝကို ဘယ်သူကမှ အဆုံးအဖြတ် မပေးနိုင်ဘူး။ ပွဲတစ်ပွဲရဲ့အဖြေဟာ….. ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာ ယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်… “ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့ ရှေ့တစ်လှမ်းတိုးခုတ်ပါ။”

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*