မီလ်ံနာသူေဌးေတြရဲ႕ တူညီတဲ့ အက်င့္မ်ား(သင္ေရာ ဘယ္ႏွခ်က္ေလာက္ တူညီပါသလဲ…?)

မီလ်ံနာသူေဌးေတြရဲ႕ တူညီတဲ့ အက်င့္မ်ား(သင္ေရာ ဘယ္ႏွခ်က္ေလာက္ တူညီပါသလဲ...?)
မီလ်ံနာသူေဌးေတြရဲ႕ တူညီတဲ့ အက်င့္မ်ား(သင္ေရာ ဘယ္ႏွခ်က္ေလာက္ တူညီပါသလဲ...?)

မီလ်ံနာသူေဌးေတြရဲ႕ တူညီတဲ့ အက်င့္မ်ား(သင္ေရာ ဘယ္ႏွခ်က္ေလာက္ တူညီပါသလဲ…?)

စာေရးဆရာနဲ႔ မီလ်ံနာသူေဌး Tom Corley က မီလ်ံနာသူေဌးေပါင္း ၂၃၃ ေယာက္ ကို သူတို႔ရဲ႕ အခ်ိန္ကို ဘယ္လို သုံးၾကသလဲဆိုတာ… ၅ ႏွစ္ၾကာ ေတြ႕ဆုံေမးျမန္းခဲ့တယ္။ သူတို႔မွာ တူညီၾကတဲ့ အက်င့္ ၆ ခုရွိၾကတာကို ေတြ႕ရတယ္။ အဲဒါေတြက…

(၁) အၿမဲတမ္း သင္ယူေလ့လာေနၾကတယ္…

မီလ်ံနာသူေဌးေတြရဲ႕ ၄၉ ရာခိုင္ႏႈန္းက… သူတို႔ဟာ ေန႔စဥ္ မိနစ္အနည္းငယ္အၾကာ စကားလုံးအသစ္ေတြကို က်က္မွတ္ၾကတယ္။ ၆၁ ရာခိုင္ႏႈန္းက… ပညာရပ္တစ္ခု (ဥပမာ.. အားကစား တစ္ခု သို႔မဟုတ္ အြန္လိုင္းကေန ဘာသာရပ္တစ္ခု) ကို

တစ္ေန႔ အနည္းဆုံး ၂ နာရီ အခ်ိန္ေပးေလ့က်င့္ၾကတယ္။ ၆၃ ရာခိုင္ႏႈန္းက… အလုပ္အသြား အျပန္ ကားထဲမွာ ကက္ဆက္နဲ႔ အသံသြင္းထားတဲ့ စာအုပ္ေတြကို နားေထာင္ၾကတယ္။ ၇၁ ရာခိုင္ႏႈန္းကေတာ့…

စိတ္ဓာတ္ျမႇင့္တင္ေရး စာအုပ္ေတြကို ဖတ္ၾကတယ္။ သူတို႔ထဲက အမ်ားစုဟာ… ေအာင္ျမင္ေက်ာ္ၾကားသူေတြအေၾကာင္း ေရးထားတဲ့ အထုပၸတၱိ စာအုပ္ေတြကို ဖတ္ၾကတယ္။

(၂) စကားေျပာျခင္းထက္ နားေထာင္ျခင္းကို ပိုလုပ္ၾကတယ္…

သူတို႔ဟာ ၅ဆ ၁ဆ နားေထာင္တဲ့ ဥပေဒကို လိုက္နာၾကတယ္။ အဲဒါက… သူတို႔ဟာ စကားေျပာတဲ့ အခ်ိန္ထက္ နားေထာင္တာ အခ်ိန္ ၅ ဆ ပိုလုပ္ၾကတယ္။ သူတို႔ဟာ အေၾကာင္းအရာ တစ္ခုအေပၚ

အျမင္ရႈေထာင့္ အမ်ိဳးမ်ိဳးက ေဝဖန္သုံးသပ္တာေတြကို အေလးေပး နားေထာင္ၾကတယ္။ သူတို႔ထဲက ၈၁ ရာခိုင္ႏႈန္းဟာ… အလုပ္ထဲကေရာ အလုပ္ျပင္ပက လူေတြရဲ႕ အႀကံေပးခ်က္ေတြကို နားေထာင္ၾကတယ္။

(၃) အသင္းအဖြဲ႕နဲ႔ လုပ္တတ္ၾကတယ္

သူတို႔ထဲက ၈၆ ရာခိုင္ႏႈန္းဟာ… တစ္ေယာက္တည္း အလုပ္ မလုပ္တတ္ၾကဘူး။ သူတို႔ရဲ႕ အားသာခ်က္ေတြကို အာ႐ုံထားလုပ္ၾကၿပီး… အားနည္းခ်က္ေတြကိုေတာ့ ကြၽမ္းက်င္သူေတြကို လုပ္ခိုင္းတတ္ၾကတယ္။ သူတို႔ဟာ ရည္မွန္းခ်က္တူသူေတြနဲ႔ ပူးတြဲ လုပ္ကိုင္ၾကတယ္။

(၄) အိပ္မက္ ႀကီးႀကီးမက္ၾကတယ္

မီလ်ံနာသူေဌး အမ်ားစုဟာ… အိပ္မက္ ႀကီးႀကီးမက္သူေတြျဖစ္႐ုံမကဘဲ သူတို႔ရဲ႕ အနာဂတ္ (ဥပမာ.. ၁၀ ႏွစ္အၾကာ) မွာ ဘာျဖစ္ခ်င္တယ္ဆိုတာကို စာနဲ႔ေရးထားတတ္ၾကတယ္။ သူေမးခဲ့တဲ့ မီလ်ံနာ သူေဌးတစ္ေယာက္က ေျပာျပခဲ့တယ္။ သူဟာ…

ဝိုင္အရက္ လုပ္ငန္းကို စိတ္ဝင္စားလို႔ လုပ္ကိုင္ခ်င္တယ္။ သူ႔မိသားစုနဲ႔ မိတ္ေဆြေတြက မေအာင္ျမင္ႏိုင္ဘူးလို႔ ေျပာၿပီး တားၾကတယ္။ ဒါေပမဲ့ သူဟာ သူလုပ္ခ်င္တာကို ဆက္လုပ္တယ္။ ၁၅ ႏွစ္အၾကာမွာ သူဟာ ဝိုင္လုပ္ငန္းနဲ႔ ခ်မ္းသာသြားတယ္။

(၅) က်န္းမာေရးကို ဂ႐ုစိုက္ၾကတယ္

က်န္းမာမွ အသက္ရွည္ရွည္ aနရမယ္။ အလုပ္ကို ကိုယ္စြမ္း ဉာဏ္စြမ္းရွိသမွ် လုပ္ႏိုင္မယ္ဆိုတာ သူတို႔ သိၾကတယ္။ သူတို႔ဟာ… ခ်မ္းသာတယ္၊ သုံးျဖဳန္းႏိုင္တယ္ဆိုၿပီး ေသာက္စား မူးယစ္မေနၾကဘူး။ အဆီအဆိမ့္ေတြ စားမေနၾကဘူး။ အရသာရွိတာထက္…

က်န္းမာေရးအတြက္ ေကာင္းတဲ့ အစားအေသာက္ကိုပဲ စားၿပီး ေလ့က်င့္ခန္း မွန္မွန္လုပ္ၾကတယ္ သို႔မဟုတ္ အားကစား တစ္ခုခု (ေဂါက္႐ိုက္ျခင္း၊ တင္းနစ္႐ိုက္ျခင္းစတာ) သို႔မဟုတ္ လမ္းေလွ်ာက္တာ လုပ္ၾကတယ္။

(၆) သူတို႔ဟာ တြက္ခ်က္တဲ့ ကံစမ္းမႈ လုပ္ၾကတယ္

သူတို႔ထဲက ၉၄ ရာခိုင္ႏႈန္းက ေျပာၾကတယ္… သူတို႔ဟာ ဘယ္ေတာ့မွ ေလာင္းကစား မလုပ္ၾကဘူးတဲ့။ ေလာင္းကစားျခင္းျဖင့္ ခ်မ္းသာမယ္လို႔ မယုံၾကည္ၾကဘူး။ ဒါေပမဲ့… အခြင့္အလမ္းတစ္ခုေတြ႕တဲ့အခါ

အဲဒါေအာင္ျမင္ႏိုင္မယ္လို႔ ယုံၾကည္ရင္… ရွိသမွ်ကို ပုံေအာရင္းၿပီး လုပ္တတ္ၾကတယ္။ သင့္မွာ အဲဒီအက်င့္ေတြ ရွိ /မရွိ ဆန္းစစ္ၾကည့္ရင္… ခ်မ္းသာသူတစ္ေယာက္ jဖစ္လာမလားဆိုတာ… ခန႔္မွန္းလို႔ ရပါတယ္။

ခရက္ဒစ္#ဗန္းေမာ္သိန္းေဖ# ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

မီလျံနာသူဌေးတွေရဲ့ တူညီတဲ့ အကျင့်များ(သင်ရော ဘယ်နှချက်လောက် တူညီပါသလဲ…?)

စာရေးဆရာနဲ့ မီလျံနာသူဌေး Tom Corley က မီလျံနာသူဌေးပေါင်း ၂၃၃ ယောက် ကို သူတို့ရဲ့ အချိန်ကို ဘယ်လို သုံးကြသလဲဆိုတာ… ၅ နှစ်ကြာ တွေ့ဆုံမေးမြန်းခဲ့တယ်။ သူတို့မှာ တူညီကြတဲ့ အကျင့် ၆ ခုရှိကြတာကို တွေ့ရတယ်။ အဲဒါတွေက…

(၁) အမြဲတမ်း သင်ယူလေ့လာနေကြတယ်…

မီလျံနာသူဌေးတွေရဲ့ ၄၉ ရာခိုင်နှုန်းက… သူတို့ဟာ နေ့စဉ် မိနစ်အနည်းငယ်အကြာ စကားလုံးအသစ်တွေကို ကျက်မှတ်ကြတယ်။ ၆၁ ရာခိုင်နှုန်းက… ပညာရပ်တစ်ခု (ဥပမာ.. အားကစား တစ်ခု သို့မဟုတ် အွန်လိုင်းကနေ ဘာသာရပ်တစ်ခု) ကို

တစ်နေ့ အနည်းဆုံး ၂ နာရီ အချိန်ပေးလေ့ကျင့်ကြတယ်။ ၆၃ ရာခိုင်နှုန်းက… အလုပ်အသွား အပြန် ကားထဲမှာ ကက်ဆက်နဲ့ အသံသွင်းထားတဲ့ စာအုပ်တွေကို နားထောင်ကြတယ်။ ၇၁ ရာခိုင်နှုန်းကတော့…

စိတ်ဓာတ်မြှင့်တင်ရေး စာအုပ်တွေကို ဖတ်ကြတယ်။ သူတို့ထဲက အများစုဟာ… အောင်မြင်ကျော်ကြားသူတွေအကြောင်း ရေးထားတဲ့ အထုပ္ပတ္တိ စာအုပ်တွေကို ဖတ်ကြတယ်။

(၂) စကားပြောခြင်းထက် နားထောင်ခြင်းကို ပိုလုပ်ကြတယ်…

သူတို့ဟာ ၅ဆ ၁ဆ နားထောင်တဲ့ ဥပဒေကို လိုက်နာကြတယ်။ အဲဒါက… သူတို့ဟာ စကားပြောတဲ့ အချိန်ထက် နားထောင်တာ အချိန် ၅ ဆ ပိုလုပ်ကြတယ်။ သူတို့ဟာ အကြောင်းအရာ တစ်ခုအပေါ်

အမြင်ရှုထောင့် အမျိုးမျိုးက ဝေဖန်သုံးသပ်တာတွေကို အလေးပေး နားထောင်ကြတယ်။ သူတို့ထဲက ၈၁ ရာခိုင်နှုန်းဟာ… အလုပ်ထဲကရော အလုပ်ပြင်ပက လူတွေရဲ့ အကြံပေးချက်တွေကို နားထောင်ကြတယ်။

(၃) အသင်းအဖွဲ့နဲ့ လုပ်တတ်ကြတယ်

သူတို့ထဲက ၈၆ ရာခိုင်နှုန်းဟာ… တစ်ယောက်တည်း အလုပ် မလုပ်တတ်ကြဘူး။ သူတို့ရဲ့ အားသာချက်တွေကို အာရုံထားလုပ်ကြပြီး… အားနည်းချက်တွေကိုတော့ ကျွမ်းကျင်သူတွေကို လုပ်ခိုင်းတတ်ကြတယ်။ သူတို့ဟာ ရည်မှန်းချက်တူသူတွေနဲ့ ပူးတွဲ လုပ်ကိုင်ကြတယ်။

(၄) အိပ်မက် ကြီးကြီးမက်ကြတယ်

မီလျံနာသူဌေး အများစုဟာ… အိပ်မက် ကြီးကြီးမက်သူတွေဖြစ်ရုံမကဘဲ သူတို့ရဲ့ အနာဂတ် (ဥပမာ.. ၁၀ နှစ်အကြာ) မှာ ဘာဖြစ်ချင်တယ်ဆိုတာကို စာနဲ့ရေးထားတတ်ကြတယ်။ သူမေးခဲ့တဲ့ မီလျံနာ သူဌေးတစ်ယောက်က ပြောပြခဲ့တယ်။ သူဟာ…

ဝိုင်အရက် လုပ်ငန်းကို စိတ်ဝင်စားလို့ လုပ်ကိုင်ချင်တယ်။ သူ့မိသားစုနဲ့ မိတ်ဆွေတွေက မအောင်မြင်နိုင်ဘူးလို့ ပြောပြီး တားကြတယ်။ ဒါပေမဲ့ သူဟာ သူလုပ်ချင်တာကို ဆက်လုပ်တယ်။ ၁၅ နှစ်အကြာမှာ သူဟာ ဝိုင်လုပ်ငန်းနဲ့ ချမ်းသာသွားတယ်။

(၅) ကျန်းမာရေးကို ဂရုစိုက်ကြတယ်

ကျန်းမာမှ အသက်ရှည်ရှည် aနရမယ်။ အလုပ်ကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ လုပ်နိုင်မယ်ဆိုတာ သူတို့ သိကြတယ်။ သူတို့ဟာ… ချမ်းသာတယ်၊ သုံးဖြုန်းနိုင်တယ်ဆိုပြီး သောက်စား မူးယစ်မနေကြဘူး။ အဆီအဆိမ့်တွေ စားမနေကြဘူး။ အရသာရှိတာထက်…

ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအသောက်ကိုပဲ စားပြီး လေ့ကျင့်ခန်း မှန်မှန်လုပ်ကြတယ် သို့မဟုတ် အားကစား တစ်ခုခု (ဂေါက်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်းစတာ) သို့မဟုတ် လမ်းလျှောက်တာ လုပ်ကြတယ်။

(၆) သူတို့ဟာ တွက်ချက်တဲ့ ကံစမ်းမှု လုပ်ကြတယ်

သူတို့ထဲက ၉၄ ရာခိုင်နှုန်းက ပြောကြတယ်… သူတို့ဟာ ဘယ်တော့မှ လောင်းကစား မလုပ်ကြဘူးတဲ့။ လောင်းကစားခြင်းဖြင့် ချမ်းသာမယ်လို့ မယုံကြည်ကြဘူး။ ဒါပေမဲ့… အခွင့်အလမ်းတစ်ခုတွေ့တဲ့အခါ

အဲဒါအောင်မြင်နိုင်မယ်လို့ ယုံကြည်ရင်… ရှိသမျှကို ပုံအောရင်းပြီး လုပ်တတ်ကြတယ်။ သင့်မှာ အဲဒီအကျင့်တွေ ရှိ /မရှိ ဆန်းစစ်ကြည့်ရင်… ချမ်းသာသူတစ်ယောက် jဖစ်လာမလားဆိုတာ… ခန့်မှန်းလို့ ရပါတယ်။

ခရက်ဒစ်#ဗန်းမော်သိန်းဖေ# လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*