Credit#Lifehack
Unicode
သင့်ကို ဘောစိတစ်ယောက် ဖြစ်လာစေမယ့် စီးပွားရေးအိုင်ဒီယာများ…
ကျွန်တော်တို့ အများစုဟာ ရုံးချိန်အတွင်းမှာပဲ အလုပ်လုပ်ကိုင်နေကြပြီး ကိုယ်တိုင် တစ်ပိုင်တစ်နိုင် အလုပ်လေး စတင်လုပ်ဆောင်ဖို့ တွေးတောတံနေရာမှာကျ ဟုတ်မှပါ့မလားနဲ့ တွေဝေနေကြတယ်။
ဘယ်သူမဆို သူများအလုပ်မှာ လုပ်နေရတာနဲ့စာရင် ကိုယ်တိုင်ကိုယ်ကျ သူဌေးဘဝနဲ့ ရပ်တည်ချင်ကြသူချည်းပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ ဝန်ထမ်း အနည်းစုလောက်ကတော့
ကိုယ်တိုင်သူဌေးဖြစ်ချင်ရမယ့် အစား သူများနားမှာ ဝန်းရံပေးနေရဖို့ပဲ မျှော်လင့်တတ်ကြတယ်။ ဒါကတော့ သဘာဝပါပဲ။ ဒါကတော့ ကလေးအတွေး ရှိသူတွေလို့ပဲ ဆိုရမလားတော့ မသိပါဘူး။
အရေးကြီးတာက ကိုယ့်အတွက်ကိုယ် ရပ်တည်ပြီး ကိုယ်ပိုင်အလုပ်လေးလေးနဲ့ အသက်မွေးဝမ်းကျောင်း ချင်ပြီး ကိုယ်ပိုင်ဝင်ငွေတွေ ရှာချင်တဲ့ အတွေးစိတ်ကူးမျိုး ရှိနေမယ်ဆိုရင်တော့
ကိုယ့်စိတ်နှလုံးသားထဲမှာ အိပ်မက် တစ်ခုလို အမြဲတမ်းစွဲထင် ရည်ရွယ်နေတဲ့ လုပ်ဆောင်ချင်တဲ့အရာက ဘာလဲဆိုတာ သိအောင်လုပ်ရမယ်။ ဒါပေမဲ့ မဖြစ်နိုင်တဲ့ လျှို့လျှို့ဝှက်ဝှက်နဲ့ လေထဲတိုက်အိမ်ဆောက်ချင်တဲ့ စိတ်ကူးမျိုးတွေနဲ့
တခြားသော ပေါက်ပေါက်ရှာရှာ စိတ်ကူးမျိုးတွေကို မြေဝယ်မကျ ထိန်းသိမ်းလုပ်ဆောင်ချင်တဲ့ ဆန္ဒစိတ်ကူးမျိုးတွေ ရှိနေရမှာတော့ မဟုတ်ဘူးပေါ့။ပြောရရင်တော့ အမြဲတမ်း ever-expending ဖြစ်နေတဲ့ ကမ္ဘာကြီးထဲမှာ
ကိုယ်ပိုင်စီးပွားရေးတစ်ခု ကောင်းကောင်း run လာနိုင်တဲ့အချိန်ကျရင် ကိုယ်ဖြစ်ချင်တာတွေထဲက အတော်များများကို လုပ်ဆောင်နိုင်မယ်။ များစွာသော စီးပွားရေးလုပ်ငန်းရှင်တွေဟာ စီးပွားရေးတစ်ဖက်နဲ့ စတင်လုပ်ဆောင်ဖို့ အားပေးကြတယ်။ ဆိုလိုတာက
ကိုယ်က အချိန်ပြည့်ဝန်ထမ်းအဖြစ်နဲ့ အသက်မွေးဝမ်းကျောင်မှု ပြုလုပ်နေရတယ်ဆိုရင်တောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အလဟတ်သတ်မဖြစ်စေဖို့ လိုပါတယ်။ ဒါပေမဲ့ အချိန်ပြည့်အလုပ် လုပ်ကိုင်နေရင်း စီးပွားရေးလည်း တစ်ဖက်တစ်လမ်းက လုပ်ဆောင်မယ်ဆိုရင်
အခက်အခဲတွေတော့ ရှိလာနိုင်တယ်။ ထိခိုက်မှုတွေ၊ အတော်များများ စွန့်လွှတ်လိုက်ရတာတွေလည်း ရှိလာနိုင်ပါတယ်။ ဒါကြောင့် အောက်မှာ ဖော်ပြထားတဲ့ အချက် (၃) ချက်ကို ရင်ထဲမှာ စွဲမှတ်ထားဖို့ လိုပါတယ်။
(၁) အလေ့အထတွေကို စီးပွားရေးအိုင်ဒီယာတွေအဖြစ် ပြောင်းလဲပါ
ကျွန်တော်တို့တွေ ဘာတွေညာတွေမှာ ပရော်ဖက်ရှင်နယ်ကျကျ ကျွမ်းကျင်မှုတွေလိုတယ်၊ မလိုဘူးဆိုတာ တွေကို ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပြဋ္ဌာန်းနေဖို့မလိုပါဘူး။
ဘာပဲဖြစ်ဖြစ် တကယ်တော့ စီးပွားရေးအိုင်ဒီယာ တွေက ကိုယ့်ရဲ့ အလေ့အထတွေဆီကနေ ကူးပြောင်းလာတာ များပါတယ်။
(၂) အင်အားသုံးနိုင်သမျှ သုံးပြီးလုပ်ဆောင်ပါ
စီးပွားရေးအိုင်ဒီယာတွေအဖြစ် ပြောလဲလုပ်ဆောင်နိုင်ဖို့အတွက် ကိုယ့်မှာ ဘာတွေရှိနေပြီလဲဆိုတာ ကြည့်ပါ။ လိုအပ်ပါက brainstorm လုပ်ပါ။
ပြီးရင် သင့်ကို ကိုယ်ပိုင်စီးပွားရေးလမ်းပေါ်ရောက်အောင် လုပ်ဆောင်ပေးနိုင်မယ့် အထောက်အပံ့ဖြစ်စေတဲ့ ကိုယ်ပိုင်အရာတွေ ဘာတွေရှိမလဲရှာဖွေပြီး အသုံးချရပါမယ်။
(၃) ကိုယ့်ရဲ့ဝင်ငွေတိုးပွားလာဖို့အတွက် ကိုယ့်အလုပ်အကိုင်တွေကို အသုံးချပါ
တစ်ခါတစ်ရံမှာ အလွယ်ကူဆုံးနဲ့ အကောင်းဆုံး စီးပွားရေးအိုင်ဒီယာတွေက ကိုယ်လုပ်ကိုင်ဆောင်ရွက်နေတဲ့ အရာတွေထဲကနေ ပေါ်ထွက်လာတတ်ကြတယ်။
Credit#Lifehack
Be the first to comment
Leave a Reply
Your email address will not be published.
*