လူ႔ေလာကတြင္ စံသတ္မွတ္ထားေသာ ဘာသာရပ္မ်ား (ေမဂ်ာနဲ႕ မိုင္နာ ခြဲျခား သိျမင္ႏိုင္ၾကပါေစ)

လူ႔ေလာကတြင္ စံသတ္မွတ္ထားေသာ ဘာသာရပ္မ်ား (ေမဂ်ာနဲ႕ မိုင္နာ ခြဲျခား သိျမင္ႏိုင္ၾကပါေစ)
လူ႔ေလာကတြင္ စံသတ္မွတ္ထားေသာ ဘာသာရပ္မ်ား (ေမဂ်ာနဲ႕ မိုင္နာ ခြဲျခား သိျမင္ႏိုင္ၾကပါေစ)

လူ႔ေလာကတြင္ စံသတ္မွတ္ထားေသာ ဘာသာရပ္မ်ား (ေမဂ်ာနဲ႕ မိုင္နာ ခြဲျခား သိျမင္ႏိုင္ၾကပါေစ)

ဦးအိမ္ေနရင္းပတ္တဲ့နာရီကိုၾကည့္…သိန္း ၆၀၀ ေက်ာ္တန္တယ္။ ထသြားထလာ ပတ္တဲ့နာရီဆို ဒီထက္ အဆေပါင္းမ်ားစြာတန္တယ္။ ေျပာရရင္ေတာ့ ဦးက သာမန္လူတန္စားထက္ေတာ့ အနည္းငယ္ပိုခ်မ္းသာတယ္ေပါ့ကြာ။

ဒါေပမဲ့ ….ဦးက ဘြဲ႕ရပညာတတ္မဟုတ္ဘူး။ ကြၽန္ေတာ္တို႔ပရဟိတလုပ္ေနတဲ့ ေတာင္ေပၚစာသင္ေက်ာင္းေတြအတြက္ အလႉေငြလႉဒါန္းခ်င္ပါတယ္ဆိုၿပီး ဖုန္းဆက္လို႔ အလႉရွင္ ဦးေအာင္ေဇာ္ဝင္း (Star Light Company) နဲ႔လာေတြ႕ၿပီးသူနဲ ႔စကားေျပာေနတာပါ။

သူကဆက္ေျပာတယ္…” ဘြဲ႕ဆိုတာ အလကားပါကြာ..မဂၤလာေဆာင္ဖိတ္စာနဲ႔ အသုဘဖိတ္စာမွာပဲသုံးလို႔ရတယ္ လို႔ ဦးကေျပာမယ္ကြာ…ေမာင္စိုးထိုက္ မင္းျငင္းမလား.. ခုပဲၾကည့္ေလ ဘြဲ႕မရတဲ့ဦးက ဘြဲ႕ရ ၄၀၀ေက်ာ္ကိုလစာေပးခိုင္းေနတာ..”

“ဟုတ္ကဲ့..တစ္ခါတစ္ေလေတာ့လဲ အဲ့လိုထင္မိပါတယ္ခင္ဗ်ာ” “ဦးကိုယ္တိုင္လဲ အဲ့လိုထင္ခဲ့မိဖူးတယ္.. လြဲတာေပါ့သားရယ္.. တက္တက္စင္ေအာင္ကိုလြဲတာ.. ပညာေရးဆိုတာ တကယ္တန္းေတာ့ မင္းတို႔ ငါတို႔ကို ေတြးတတ္ေအာင္သင္ေပးတာ…

သိပ္အေရးႀကီးတယ္.. Thinking ေပါ့ကြာ.. လူ႔ေလာကမွာ ေတြးေခၚေမွ်ာ္ျမင္ႏိုင္စြမ္းကို စာသင္ေက်ာင္းေတြကေန အစပ်ိဳးသင္ေပးလိုက္တာ.. ဒါေၾကာင့္ ပညာတတ္ဘြဲ႕ရဖို႔ အရမ္းလိုအပ္တယ္ သား..

ဒါနဲ႔စကားစပ္မိလို႔ … ပညာေရးနဲ႔ပတ္သတ္ဆက္ႏြယ္ၿပီး စာသင္ေက်ာင္းေတြဆီကေန ဦးရလိုက္တဲ့ အေတြးသင္ခန္းစာေလးတစ္ခုကို ေျပာျပမယ္..

ဦးရဲ႕ဘဝတစ္ခုလုံးကိုေျပာင္းလဲသြားေစတဲ့အေတြးေပါ့ကြာ..” (ကြၽန္ေတာ္သိပ္စိတ္ဝင္စားသြားတယ္..ျပည့္စုံႂကြယ္ဝခ်မ္းသာသူတစ္ဦးရဲ႕ ဘဝကိုေျပာင္းလဲသြားေစတဲ့အေတြး ဆိုပါလား…)

“ဒီလိုရွိတယ္ေမာင္စိုးထိုက္ရဲ႕..သားလဲေက်ာင္းေနခဲ့တာပဲ.. အတန္းတင္စာေမးပြဲကို သားေျဖဖူးမွာေပါ့.. စာေမးပြဲဆိုတာ ဘာသာရပ္ေတြ အကုန္ေျဖရတာ.. အမွတ္ေလးဆယ္ဆို ေအာင္တယ္ ..အမွတ္ ၇၅.၈၀ ဆိုဂုဏ္ထူးေပါ့ကြာ..

ဘာသာစုံဂုဏ္ထူးရေနပါေစ တစ္ဘာသာေလာက္ က်သြားရင္ စာေမးပြဲေအာင္ပါ့မလား..” “မရပါဘူးဦး..ဘာသာစုံအမွတ္ ၄၀ ေအာင္မွတ္ရမွစာေမးပြဲေအာင္တာပါ” “ဒါပြိဳင့္ပဲ သား..ဒါ မိန္းပြိဳင့္ပဲ..ဒါကိုဆက္ၿပီး Thinking လုပ္ၾကရေအာင္…

လူ႔ေလာကျပင္ပစာေမးပြဲ ေတြမွာလဲ ဒါမ်ိဳးပဲသား.. လူတစ္ေယာက္ေပါ့ကြာ… သူဟာ စီးပြားေရးမွာ သိပ္ေအာင္ျမင္တယ္.. သားသမီး ဇနီးမယားကို အိမ္ေကာင္းယာေကာင္းနဲ႔ ကားအေကာင္းစားနဲ႔ထားႏိုင္တယ္.. လိုတရ သုံးႏိုင္ စြဲႏိုင္တယ္…

ဒါဟာသူလူ႔ေလာကစာေမးပြဲမွာ ေဘာဂေဗဒဘာသာ ကို ေအာင္တာပဲသား.. တစ္ခ်ိဳ႕ဆိုရင္ အရမ္းခ်မ္းသာၾကတယ္ ဂုဏ္ထူးနဲ႔ေအာင္တာေပါ့” (ကြၽန္ေတာ္ေတြးမိတယ္..တစ္ခ်ိဳ႕လူေတြလူ႔ဘဝကို ဆင္းဆင္းရဲရဲျဖတ္သန္းေနရတယ္

စားခ်င္တာမစားရ ဝတ္ခ်င္တာမဝတ္ရ.. သားသမီး ဇနီးမယားကိုလဲ ေကာင္းေကာင္းမထားႏိုင္.. ဒါဟာ..သူတို႔ေတြ လူ႔ေလာက စာေမးပြဲမွာ ေဘာဂေဗဒဘာသာကို က်တာေပါ့..)

ဦးေဇာ္က ဆက္ေျပာတယ္…

“တစ္ခ်ိဳ႕လူေတြက်ေတာ့ စီးပြားေရးမွာ ဂုဏ္ထူးနဲ႔ေတာ့ေအာင္ပါရဲ႕..က်န္းမာေရးကခ်ဴခ်ာလိုက္တာ.. ဟိုႏိုင္ငံေဆးကု ဒီႏိုင္ငံသြားေဆးကု… ဘာစည္းစိမ္မွမခံစားႏိုင္.. ကိုယ္ရွာထားတဲ့ပိုက္ဆံကို ေဆး႐ုံမွာခ်ည္းကုန္ေနရတဲ့သူေဌးေတြရွိတယ္..

အဲ့ဒီလူမ်ိဳးကေတာ့… လူ႔ေလာကစာေမးပြဲမွာ ေဘာဂေဗဒဘာသာေတာ့ေအာင္ပါရဲ႕… ဒါေပမဲ့ ခႏၶာေဗဒဘာသာ Bio မွာ က်တာေပါ့… ဒီလူမ်ိဳးကိုလဲ လူ႔ေလာကစာေမးပြဲေအာင္ျမင္တယ္မဆိုႏိုင္ဘူးသား” (ဟုတ္တယ္..ရွိတာေပါ့.. ပတ္ဝန္းက်င္မွာၾကည့္လိုက္.

ခ်မ္းသာေပမဲ့ ကိုယ္ရွာသမွ်ေငြ ကိုယ္မခံစားႏိုင္ပဲ မက်န္းမာလို႔ ေဆးကုေနရသူေတြအမ်ားႀကီးပဲ… အင္း..သူတို႔လိုလူမ်ိဳးလဲ လူ႔ေလာကစာေမးပြဲက်တယ္..)

“သားေရ..တစ္ခ်ိဳ႕လူေတြက်ေတာ့ ေငြကလဲ တအားခ်မ္းသာက်န္းမာေရးကလဲေကာင္း လူ႔ေလာကႀကီးမွာ စိတ္ခ်မ္းသာစရာ….ေတြခ်ည္း ခံစား စံစားေနေပမဲ့ …. ပတ္ဝန္းက်င္က သူ႔ကိုဆို ေရွာင္ၾကတယ္.

ဘာျဖစ္လို႔လဲဆိုေတာ့ သူကမိန္းမလိုက္စားတယ္.. စီးပြာေရးဆိုလဲ ကလိန္ကက်စ္က်တယ္… စိတ္ဓာတ္ေအာက္တန္းက်တာမွအဝီဇိ ေရာက္ေနၿပီ.. သူ႔ဇနီးကလဲ ေန႔တိုင္းမ်က္ရည္နဲ႔မ်က္ခြက္.. ညီအကိုေမာင္ႏွမ မိဘေတြကလဲ သူ႔ေၾကာင့္ အရွက္ေတြရ…

ဒါဆိုရင္ေတာ့ သူဟာ လူ႔ေလာကစာေမးပြဲမွာ ေဘာဂေဗဒဘာသာ နဲ႔ Bio ဘာသာကိုေအာင္ေပမဲ့ လူမႈေရးဘာသာ က်တာပဲသားေရ..” (မွန္လိုက္တာ..လမ္းမွာေတြ႕ရင္ေဝးေဝးေရွာင္ဆိုတဲ့လူမ်ိဳးေတြ.ေငြရွိလို႔သာထိပ္မွာေနရာယူေနတာ..ကိုယ္က်င့္တရားကေျမာင္းထဲကမတတ္ႏိုင္တဲ့ လူေတြ အမ်ားႀကီးေတြ႕ဖူးတယ္…

မလြန္ဆန္ႏိုင္လို႔သာ ၿပဳံးျပေနရေပမဲ့ ကြယ္ရာက်ရင္ေတာ့ထြီခနဲ ထြမ္ခနဲ အန္ခ်င္စရာ အပုပ္နံ႔တစ္ေထာင္းေထာင္းနဲ႔ လူခ်မ္းသာတစ္ခ်ိဳ႕… လူမႈေရး ဘာသာမွာ ပိုးစိုးပက္စက္ရႈံးနိမ့္သူေတြေပါ့ )

“သားေရ.တစ္ခ်ိဳ႕ ဘာသာရပ္က်ေတာ့ ကိုယ္နဲ႔မဆိုင္ေပမဲ့ သင္ရတဲ့ ဘာသာေတြရွိတယ္..ဥပမာ ျမန္မာျဖစ္ေပမဲ့ အဂၤလပ္စာသင္ရတယ္..ျမန္မာ့သမိုင္းလဲသင္ရသလို ကိုယ္နဲ႔သိပ္မဆိုင္လွတဲ့ ကမာၻ႔သမိုင္းလဲသင္ရတယ္..

အဲ့လိုပဲသား..လူ႔ေဘာင္လူ႔ေလာကမွာ ကိုယ္နဲ႔တိုက္႐ိုက္မဆိုင္ေပမဲ့ ကိုယ့္ပတ္ဝန္းက်င္ကိုလဲေကာင္းက်ိဳးျပဳရမယ္..မိမိအက်ိဳးမပါလဲ တျခားလူေတြအက်ိဳးကိုတတ္ႏိုင္သေလာက္

ေဆာင္႐ြက္ရမယ္…လူ႔ေလာကအတြက္ ပရဟိတဘာသာရပ္ေပါ့ကြာ.. ဒီဘာသာကိုေတ့ာ သားတို႔ဆို ဂုဏ္ထူးနဲ႔ေအာင္တာေပါ့..” ( Woooo…ေပ်ာ္လိုက္တာ..ကိုယ္ဂုဏ္ထူးရတဲ့ဘာသာလဲ ရွိတာပဲ..ပရဟိတဘာသာဂုဏ္ထူးကြ…)

” အခုေျပာသြားတဲ့အထိ သားနားလည္တယ္ေနာ္” “ဟုတ္ကဲ့ နားလည္ပါတယ္ဦးေဇာ္ သားလဲ လူ႔ေလာက စာေမးပြဲကို ဘာသာစုံဂုဏ္ထူးနဲ႔ကို ေအာင္ျမင္ေအာင္ႀကိဳးစားမယ္ခင္ဗ်”..လို႔ ကြၽန္ေတာ္ စိတ္အားတတ္ႂကြစြာ ျပန္ေျဖလိုက္တယ္..

ေရွ႕မွာခ်ထားတဲ့ ေရေႏြးၾကမ္းကို ခပ္ျဖည္းျဖည္းေမာ့ေသာက္ရင္း ဦးေဇာ္က စိတ္ဓာတ္တတ္ႂကြေနတဲ့ ကြၽန္ေတာ့္ပုံစံကို ၿပဳံးၿပီးၾကည့္ေနတယ္..ၿပီးေတာ့မွ “ေမာင္စိုးထိုက္ တကၠသိုလ္တတ္ခဲ့တာပဲမဟုတ္လား

တကၠသိုလ္မွာ ေမဂ်ာဘာသာနဲ႔ မိုင္နာ ဘာသာဆိုၿပီး ႏွစ္မ်ိဳးရွိတယ္ေနာ္” “ဟုတ္ပါတယ္ဦး..တကၠသိုလ္မွာ ကိုယ္အထူးျပဳထားတဲ့ ဘြဲ႕အတြက္ကလြဲရင္ က်န္တဲ့ဘာသာရပ္ေတြက မိုင္နာဘာသာလို႔ေခၚပါတယ္ခင္ဗ်ာ..”

“လူ႔ေလာကစာေမးပြဲမွာ ဦးခုနကေျပာခဲ့တဲ့ဘာသာရပ္ေတြကမိုင္နာဘာသာရပ္ေတြကြ..ေမဂ်ာဘာသာမဟုတ္ေသးဘူး..” “ဗ်ာ..” ကြၽန္ေတာ္ အံ့ၾသသြားသည္ နားမလယ္စြာနဲ႔ ေငးၾကည့္ေနမိသည္

(လူတစ္ေယာက္ဟာ က်န္းမာမယ္..ခ်မ္းသာမယ္.. ကိုယ္က်င့္တရားလဲေကာင္းတယ္..ပတ္ဝန္းက်င္ကိုလဲ အက်ိဳးျပဳမယ္… ပရဟိတေတြလဲလုပ္လို႔ ခ်စ္ခင္သူေတြဝိုင္းဝိုင္းလယ္ေနတဲ့ဘဝဟာ

လူ႔ေလာကမွာ ေက်နပ္ေနေပ်ာ္ၿပီမဟုတ္လား..လူ႔ေလာက စာေမးပြဲေအာင္ၿပီမဟုတ္လား.. ဒါကို အဓိကမဟုတ္ေသးဘူးတဲ့လား..) ကြၽန္ေတာ္ အရမ္းသိခ်င္သြားတယ္.. ကြၽန္ေတာ္ဦးေဇာ္ကို အေလာတႀကီးေမးလိုက္တယ္.

“ဒါဆိုေမဂ်ာဘာသာက ဘာလဲဦးေဇာ္”

ကြၽန္ေတာ္ေမးတာကို ဦးေဇာ္ခ်က္ျခင္းမေျဖပါ.. သူ ထိုင္ရာကေနျဖည္းျဖည္းခ်င္းထလိုက္တယ္..
အခန္းေထာင့္ကိုတစ္လွမ္းျခင္း တစ္လွမ္းျခင္းသြားတယ္.. ႐ုံးခန္းရဲ႕မွန္နံရံကေနအေဝးကိုလွမ္းၾကည့္ၿပီးလက္အုပ္ခ်ီလိုက္တယ္..

ၿပီးေတာ့ စကားႏွစ္ခြန္းကို ေလးေလးနက္နက္ေျပာလိုက္တယ္..” သစၥာေလးပါး “” ႐ုပ္နာမ္ႏွစ္ပါး ” “အိုး…..” ကြၽန္ေတာ္ အရမ္းကိုစိတ္လႈပ္ရွားတုန္လႈပ္သြားတယ္.. “ဟုတ္တယ္သား…သစၥာေလးပါးနဲ႔ ႐ုပ္နာမ္ႏွစ္ပါးကိုမသိေသးဘဲ လူ႔ေလာကႀကီးမွာ ရွင္သန္ေနရင္ေတာ့ မင္းတို႔ငါတို႔ အရႈံးႀကီး ရႈံးၿပီ.

ဒီဘဝတင္မက သံသရာမွာပါ ရႈံးၿပီသားေရ….ျမတ္ဗုဒၶက…………..။ ….။ ဦးေဇာ္ေနာက္ထပ္ စကားေတြေျပာေနေပမဲ့ ကြၽန္ေတာ္မၾကားေတာ့ပါ…

သစၥာေလးပါး နဲ႔ ႐ုပ္နာမ္ႏွစ္ပါးဆိုေသာ စကားႏွစ္ခြန္းသည္ ကြၽန္ေတာ့္ရင္ထဲ အႀကိမ္ႀကိမ္ အခါခါျဖင့္ပဲ့တင္သံလို ထပ္ခါထပ္ခါလႈိင္းထေနပါသည္.. ထိုစကားႏွစ္ခြန္းသည္ ကြၽန္ေတာ့္ႏွလုံးစိတ္ဝမ္းကိုေအးခ်မ္းသြားေစသည္..

ဓမၼ၏အလင္းေၾကာင့္ ကြၽန္ေတာ့္ရင္သည္ တဒဂၤသန္႔ရွင္းသြားပါသည္.ပီတိအဟုန္ေၾကာင့္ လူလည္း ကတုန္ကရင္ျဖစ္လို႔ေနသည္.. ထိုေန႔က ဦးေဇာ္သည္ ေတာင္တန္းေဒသ ကေလးငယ္မ်ားေအးခ်မ္းစြာ စာသငျႏိုငျပႇီး ဘြဲ႕ရပညာတတ္မ်ားျဖစ္ေစဖို႔

စာသင္ေက်ာင္းမ်ားေဆာက္လုပ္ရန္ သိန္း 100 ေက်ာ္လႉဒါန္းခဲ့ပါသည္.. ထို႔အတူ.. ကြၽန္ေတာ္တို႔ ဘဝတစ္ေလ်ာက္လုံး က်င့္သုံးဖို႔ရန္ အတြက္အဖိုးတန္လွေသာ လူ႔ေလာကစာေမးပြဲ သင္ခန္းစာမ်ားကိုလဲလမ္းၫႊန္သင္ျပေပးခဲ့ပါသည္..

ကြၽန္ေတာ္တို႔စာေမးပြဲေအာင္ဖို႔ ႀကိဳးစားရေပအုံးမည္.. လူ႔ေလာကတြင္ သတ္မွတ္ထားေသာ ဘာသာရပ္ စံ မ်ားကိုႀကိဳးစားေလ့က်င့္သင္ယူရအုံးမည္.. မိုင္နာဘာသာမ်ားသာမက ေမဂ်ာဘာသာရပ္ႀကီးကိုပါေအာင္မွတ္ေလးေတာ့ရေအာင္ ေျဖဆိုရပါအုံးမည္….။….။

(စာႂကြင္း….ကြၽန္ေတာ္သည္ ဗုဒၶဘာသာ ေမဂ်ာယူထားသူတစ္ဦးျဖစ္ပါသည္..စာဖတ္သူမိတ္ေဆြသည္ တျခားဘာသာဝင္ျဖစ္ပါကလည္း ကိုယ္ယူထားသည့္ ေမဂ်ာဘာသာကိုေအာင္မွတ္ရေအာင္ ေျဖေစခ်င္ပါေၾကာင္း …)

ခရက္ဒစ္#မူရင္းပိုစ့္ပိုင္ရွင္အား ဂါရဝျပဳပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

လူ့လောကတွင် စံသတ်မှတ်ထားသော ဘာသာရပ်များ (မေဂျာနဲ့ မိုင်နာ ခွဲခြား သိမြင်နိုင်ကြပါစေ)

ဦးအိမ်နေရင်းပတ်တဲ့နာရီကိုကြည့်…သိန်း ၆၀၀ ကျော်တန်တယ်။ ထသွားထလာ ပတ်တဲ့နာရီဆို ဒီထက် အဆပေါင်းများစွာတန်တယ်။ ပြောရရင်တော့ ဦးက သာမန်လူတန်စားထက်တော့ အနည်းငယ်ပိုချမ်းသာတယ်ပေါ့ကွာ။

ဒါပေမဲ့ ….ဦးက ဘွဲ့ရပညာတတ်မဟုတ်ဘူး။ ကျွန်တော်တို့ပရဟိတလုပ်နေတဲ့ တောင်ပေါ်စာသင်ကျောင်းတွေအတွက် အလှူငွေလှူဒါန်းချင်ပါတယ်ဆိုပြီး ဖုန်းဆက်လို့ အလှူရှင် ဦးအောင်ဇော်ဝင်း (Star Light Company) နဲ့လာတွေ့ပြီးသူနဲ့စကားပြောနေတာပါ။

သူကဆက်ပြောတယ်…” ဘွဲ့ဆိုတာ အလကားပါကွာ..မင်္ဂလာဆောင်ဖိတ်စာနဲ့ အသုဘဖိတ်စာမှာပဲသုံးလို့ရတယ် လို့ ဦးကပြောမယ်ကွာ…မောင်စိုးထိုက် မင်းငြင်းမလား.. ခုပဲကြည့်လေ ဘွဲ့မရတဲ့ဦးက ဘွဲ့ရ ၄၀၀ကျော်ကိုလစာပေးခိုင်းနေတာ..”

“ဟုတ်ကဲ့..တစ်ခါတစ်လေတော့လဲ အဲ့လိုထင်မိပါတယ်ခင်ဗျာ” “ဦးကိုယ်တိုင်လဲ အဲ့လိုထင်ခဲ့မိဖူးတယ်.. လွဲတာပေါ့သားရယ်.. တက်တက်စင်အောင်ကိုလွဲတာ.. ပညာရေးဆိုတာ တကယ်တန်းတော့ မင်းတို့ ငါတို့ကို တွေးတတ်အောင်သင်ပေးတာ…

သိပ်အရေးကြီးတယ်.. Thinking ပေါ့ကွာ.. လူ့လောကမှာ တွေးခေါ်မျှော်မြင်နိုင်စွမ်းကို စာသင်ကျောင်းတွေကနေ အစပျိုးသင်ပေးလိုက်တာ.. ဒါကြောင့် ပညာတတ်ဘွဲ့ရဖို့ အရမ်းလိုအပ်တယ် သား..

ဒါနဲ့စကားစပ်မိလို့ … ပညာရေးနဲ့ပတ်သတ်ဆက်နွယ်ပြီး စာသင်ကျောင်းတွေဆီကနေ ဦးရလိုက်တဲ့ အတွေးသင်ခန်းစာလေးတစ်ခုကို ပြောပြမယ်..

ဦးရဲ့ဘဝတစ်ခုလုံးကိုပြောင်းလဲသွားစေတဲ့အတွေးပေါ့ကွာ..” (ကျွန်တော်သိပ်စိတ်ဝင်စားသွားတယ်..ပြည့်စုံကြွယ်ဝချမ်းသာသူတစ်ဦးရဲ့ ဘဝကိုပြောင်းလဲသွားစေတဲ့အတွေး ဆိုပါလား…)

“ဒီလိုရှိတယ်မောင်စိုးထိုက်ရဲ့..သားလဲကျောင်းနေခဲ့တာပဲ.. အတန်းတင်စာမေးပွဲကို သားဖြေဖူးမှာပေါ့.. စာမေးပွဲဆိုတာ ဘာသာရပ်တွေ အကုန်ဖြေရတာ.. အမှတ်လေးဆယ်ဆို အောင်တယ် ..အမှတ် ၇၅.၈၀ ဆိုဂုဏ်ထူးပေါ့ကွာ..

ဘာသာစုံဂုဏ်ထူးရနေပါစေ တစ်ဘာသာလောက် ကျသွားရင် စာမေးပွဲအောင်ပါ့မလား..” “မရပါဘူးဦး..ဘာသာစုံအမှတ် ၄၀ အောင်မှတ်ရမှစာမေးပွဲအောင်တာပါ” “ဒါပွိုင့်ပဲ သား..ဒါ မိန်းပွိုင့်ပဲ..ဒါကိုဆက်ပြီး Thinking လုပ်ကြရအောင်…

လူ့လောကပြင်ပစာမေးပွဲ တွေမှာလဲ ဒါမျိုးပဲသား.. လူတစ်ယောက်ပေါ့ကွာ… သူဟာ စီးပွားရေးမှာ သိပ်အောင်မြင်တယ်.. သားသမီး ဇနီးမယားကို အိမ်ကောင်းယာကောင်းနဲ့ ကားအကောင်းစားနဲ့ထားနိုင်တယ်.. လိုတရ သုံးနိုင် စွဲနိုင်တယ်…

ဒါဟာသူလူ့လောကစာမေးပွဲမှာ ဘောဂဗေဒဘာသာ ကို အောင်တာပဲသား.. တစ်ချို့ဆိုရင် အရမ်းချမ်းသာကြတယ် ဂုဏ်ထူးနဲ့အောင်တာပေါ့” (ကျွန်တော်တွေးမိတယ်..တစ်ချို့လူတွေလူ့ဘဝကို ဆင်းဆင်းရဲရဲဖြတ်သန်းနေရတယ်

စားချင်တာမစားရ ဝတ်ချင်တာမဝတ်ရ.. သားသမီး ဇနီးမယားကိုလဲ ကောင်းကောင်းမထားနိုင်.. ဒါဟာ..သူတို့တွေ လူ့လောက စာမေးပွဲမှာ ဘောဂဗေဒဘာသာကို ကျတာပေါ့..)

ဦးဇော်က ဆက်ပြောတယ်…

“တစ်ချို့လူတွေကျတော့ စီးပွားရေးမှာ ဂုဏ်ထူးနဲ့တော့အောင်ပါရဲ့..ကျန်းမာရေးကချူချာလိုက်တာ.. ဟိုနိုင်ငံဆေးကု ဒီနိုင်ငံသွားဆေးကု… ဘာစည်းစိမ်မှမခံစားနိုင်.. ကိုယ်ရှာထားတဲ့ပိုက်ဆံကို ဆေးရုံမှာချည်းကုန်နေရတဲ့သူဌေးတွေရှိတယ်..

အဲ့ဒီလူမျိုးကတော့… လူ့လောကစာမေးပွဲမှာ ဘောဂဗေဒဘာသာတော့အောင်ပါရဲ့… ဒါပေမဲ့ ခန္ဓာဗေဒဘာသာ Bio မှာ ကျတာပေါ့… ဒီလူမျိုးကိုလဲ လူ့လောကစာမေးပွဲအောင်မြင်တယ်မဆိုနိုင်ဘူးသား” (ဟုတ်တယ်..ရှိတာပေါ့.. ပတ်ဝန်းကျင်မှာကြည့်လိုက်.

ချမ်းသာပေမဲ့ ကိုယ်ရှာသမျှငွေ ကိုယ်မခံစားနိုင်ပဲ မကျန်းမာလို့ ဆေးကုနေရသူတွေအများကြီးပဲ… အင်း..သူတို့လိုလူမျိုးလဲ လူ့လောကစာမေးပွဲကျတယ်..)

“သားရေ..တစ်ချို့လူတွေကျတော့ ငွေကလဲ တအားချမ်းသာကျန်းမာရေးကလဲကောင်း လူ့လောကကြီးမှာ စိတ်ချမ်းသာစရာ….တွေချည်း ခံစား စံစားနေပေမဲ့ …. ပတ်ဝန်းကျင်က သူ့ကိုဆို ရှောင်ကြတယ်.

ဘာဖြစ်လို့လဲဆိုတော့ သူကမိန်းမလိုက်စားတယ်.. စီးပွာရေးဆိုလဲ ကလိန်ကကျစ်ကျတယ်… စိတ်ဓာတ်အောက်တန်းကျတာမှအဝီဇိ ရောက်နေပြီ.. သူ့ဇနီးကလဲ နေ့တိုင်းမျက်ရည်နဲ့မျက်ခွက်.. ညီအကိုမောင်နှမ မိဘတွေကလဲ သူ့ကြောင့် အရှက်တွေရ…

ဒါဆိုရင်တော့ သူဟာ လူ့လောကစာမေးပွဲမှာ ဘောဂဗေဒဘာသာ နဲ့ Bio ဘာသာကိုအောင်ပေမဲ့ လူမှုရေးဘာသာ ကျတာပဲသားရေ..” (မှန်လိုက်တာ..လမ်းမှာတွေ့ရင်ဝေးဝေးရှောင်ဆိုတဲ့လူမျိုးတွေ.ငွေရှိလို့သာထိပ်မှာနေရာယူနေတာ..ကိုယ်ကျင့်တရားကမြောင်းထဲကမတတ်နိုင်တဲ့ လူတွေ အများကြီးတွေ့ဖူးတယ်…

မလွန်ဆန်နိုင်လို့သာ ပြုံးပြနေရပေမဲ့ ကွယ်ရာကျရင်တော့ထွီခနဲ ထွမ်ခနဲ အန်ချင်စရာ အပုပ်နံ့တစ်ထောင်းထောင်းနဲ့ လူချမ်းသာတစ်ချို့… လူမှုရေး ဘာသာမှာ ပိုးစိုးပက်စက်ရှုံးနိမ့်သူတွေပေါ့ )

“သားရေ.တစ်ချို့ ဘာသာရပ်ကျတော့ ကိုယ်နဲ့မဆိုင်ပေမဲ့ သင်ရတဲ့ ဘာသာတွေရှိတယ်..ဥပမာ မြန်မာဖြစ်ပေမဲ့ အင်္ဂလပ်စာသင်ရတယ်..မြန်မာ့သမိုင်းလဲသင်ရသလို ကိုယ်နဲ့သိပ်မဆိုင်လှတဲ့ ကမ္ဘာ့သမိုင်းလဲသင်ရတယ်..

အဲ့လိုပဲသား..လူ့ဘောင်လူ့လောကမှာ ကိုယ်နဲ့တိုက်ရိုက်မဆိုင်ပေမဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုလဲကောင်းကျိုးပြုရမယ်..မိမိအကျိုးမပါလဲ တခြားလူတွေအကျိုးကိုတတ်နိုင်သလောက်

ဆောင်ရွက်ရမယ်…လူ့လောကအတွက် ပရဟိတဘာသာရပ်ပေါ့ကွာ.. ဒီဘာသာကိုတေ့ာ သားတို့ဆို ဂုဏ်ထူးနဲ့အောင်တာပေါ့..” ( Woooo…ပျော်လိုက်တာ..ကိုယ်ဂုဏ်ထူးရတဲ့ဘာသာလဲ ရှိတာပဲ..ပရဟိတဘာသာဂုဏ်ထူးကွ…)

” အခုပြောသွားတဲ့အထိ သားနားလည်တယ်နော်” “ဟုတ်ကဲ့ နားလည်ပါတယ်ဦးဇော် သားလဲ လူ့လောက စာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ကို အောင်မြင်အောင်ကြိုးစားမယ်ခင်ဗျ”..လို့ ကျွန်တော် စိတ်အားတတ်ကြွစွာ ပြန်ဖြေလိုက်တယ်..

ရှေ့မှာချထားတဲ့ ရေနွေးကြမ်းကို ခပ်ဖြည်းဖြည်းမော့သောက်ရင်း ဦးဇော်က စိတ်ဓာတ်တတ်ကြွနေတဲ့ ကျွန်တော့်ပုံစံကို ပြုံးပြီးကြည့်နေတယ်..ပြီးတော့မှ “မောင်စိုးထိုက် တက္ကသိုလ်တတ်ခဲ့တာပဲမဟုတ်လား

တက္ကသိုလ်မှာ မေဂျာဘာသာနဲ့ မိုင်နာ ဘာသာဆိုပြီး နှစ်မျိုးရှိတယ်နော်” “ဟုတ်ပါတယ်ဦး..တက္ကသိုလ်မှာ ကိုယ်အထူးပြုထားတဲ့ ဘွဲ့အတွက်ကလွဲရင် ကျန်တဲ့ဘာသာရပ်တွေက မိုင်နာဘာသာလို့ခေါ်ပါတယ်ခင်ဗျာ..”

“လူ့လောကစာမေးပွဲမှာ ဦးခုနကပြောခဲ့တဲ့ဘာသာရပ်တွေကမိုင်နာဘာသာရပ်တွေကွ..မေဂျာဘာသာမဟုတ်သေးဘူး..” “ဗျာ..” ကျွန်တော် အံ့သြသွားသည် နားမလယ်စွာနဲ့ ငေးကြည့်နေမိသည်

(လူတစ်ယောက်ဟာ ကျန်းမာမယ်..ချမ်းသာမယ်.. ကိုယ်ကျင့်တရားလဲကောင်းတယ်..ပတ်ဝန်းကျင်ကိုလဲ အကျိုးပြုမယ်… ပရဟိတတွေလဲလုပ်လို့ ချစ်ခင်သူတွေဝိုင်းဝိုင်းလယ်နေတဲ့ဘဝဟာ

လူ့လောကမှာ ကျေနပ်နေပျော်ပြီမဟုတ်လား..လူ့လောက စာမေးပွဲအောင်ပြီမဟုတ်လား.. ဒါကို အဓိကမဟုတ်သေးဘူးတဲ့လား..) ကျွန်တော် အရမ်းသိချင်သွားတယ်.. ကျွန်တော်ဦးဇော်ကို အလောတကြီးမေးလိုက်တယ်.

“ဒါဆိုမေဂျာဘာသာက ဘာလဲဦးဇော်”

ကျွန်တော်မေးတာကို ဦးဇော်ချက်ခြင်းမဖြေပါ.. သူ ထိုင်ရာကနေဖြည်းဖြည်းချင်းထလိုက်တယ်..
အခန်းထောင့်ကိုတစ်လှမ်းခြင်း တစ်လှမ်းခြင်းသွားတယ်.. ရုံးခန်းရဲ့မှန်နံရံကနေအဝေးကိုလှမ်းကြည့်ပြီးလက်အုပ်ချီလိုက်တယ်..

ပြီးတော့ စကားနှစ်ခွန်းကို လေးလေးနက်နက်ပြောလိုက်တယ်..” သစ္စာလေးပါး “” ရုပ်နာမ်နှစ်ပါး ” “အိုး…..” ကျွန်တော် အရမ်းကိုစိတ်လှုပ်ရှားတုန်လှုပ်သွားတယ်.. “ဟုတ်တယ်သား…သစ္စာလေးပါးနဲ့ ရုပ်နာမ်နှစ်ပါးကိုမသိသေးဘဲ လူ့လောကကြီးမှာ ရှင်သန်နေရင်တော့ မင်းတို့ငါတို့ အရှုံးကြီး ရှုံးပြီ.

ဒီဘဝတင်မက သံသရာမှာပါ ရှုံးပြီသားရေ….မြတ်ဗုဒ္ဓက…………..။ ….။ ဦးဇော်နောက်ထပ် စကားတွေပြောနေပေမဲ့ ကျွန်တော်မကြားတော့ပါ…

သစ္စာလေးပါး နဲ့ ရုပ်နာမ်နှစ်ပါးဆိုသော စကားနှစ်ခွန်းသည် ကျွန်တော့်ရင်ထဲ အကြိမ်ကြိမ် အခါခါဖြင့်ပဲ့တင်သံလို ထပ်ခါထပ်ခါလှိုင်းထနေပါသည်.. ထိုစကားနှစ်ခွန်းသည် ကျွန်တော့်နှလုံးစိတ်ဝမ်းကိုအေးချမ်းသွားစေသည်..

ဓမ္မ၏အလင်းကြောင့် ကျွန်တော့်ရင်သည် တဒင်္ဂသန့်ရှင်းသွားပါသည်.ပီတိအဟုန်ကြောင့် လူလည်း ကတုန်ကရင်ဖြစ်လို့နေသည်.. ထိုနေ့က ဦးဇော်သည် တောင်တန်းဒေသ ကလေးငယ်များအေးချမ်းစွာ စာသငနြိုငပြှီး ဘွဲ့ရပညာတတ်များဖြစ်စေဖို့

စာသင်ကျောင်းများဆောက်လုပ်ရန် သိန်း 100 ကျော်လှူဒါန်းခဲ့ပါသည်.. ထို့အတူ.. ကျွန်တော်တို့ ဘဝတစ်လျောက်လုံး ကျင့်သုံးဖို့ရန် အတွက်အဖိုးတန်လှသော လူ့လောကစာမေးပွဲ သင်ခန်းစာများကိုလဲလမ်းညွှန်သင်ပြပေးခဲ့ပါသည်..

ကျွန်တော်တို့စာမေးပွဲအောင်ဖို့ ကြိုးစားရပေအုံးမည်.. လူ့လောကတွင် သတ်မှတ်ထားသော ဘာသာရပ် စံ များကိုကြိုးစားလေ့ကျင့်သင်ယူရအုံးမည်.. မိုင်နာဘာသာများသာမက မေဂျာဘာသာရပ်ကြီးကိုပါအောင်မှတ်လေးတော့ရအောင် ဖြေဆိုရပါအုံးမည်….။….။

(စာကြွင်း….ကျွန်တော်သည် ဗုဒ္ဓဘာသာ မေဂျာယူထားသူတစ်ဦးဖြစ်ပါသည်..စာဖတ်သူမိတ်ဆွေသည် တခြားဘာသာဝင်ဖြစ်ပါကလည်း ကိုယ်ယူထားသည့် မေဂျာဘာသာကိုအောင်မှတ်ရအောင် ဖြေစေချင်ပါကြောင်း …)

ခရက်ဒစ်#မူရင်းပိုစ့်ပိုင်ရှင်အား ဂါရဝပြုပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*