အ႐ြက္သန္၊ အပြင့္အားေကာင္းျပီး အရသာရွိေသာ အသီးကို ျဖစ္ေစေသာ… ေအာ္ဂဲနစ္ ေဆးရည္ အလြယ္တကူ ျပဳလုပ္ အသုံးျပဳနည္း

အ႐ြက္သန္၊ အပြင့္အားေကာင္းျပီး အရသာရွိေသာ အသီးကို ျဖစ္ေစေသာ... ေအာ္ဂဲနစ္ ေဆးရည္ အလြယ္တကူ ျပဳလုပ္ အသုံးျပဳနည္း
အ႐ြက္သန္၊ အပြင့္အားေကာင္းျပီး အရသာရွိေသာ အသီးကို ျဖစ္ေစေသာ... ေအာ္ဂဲနစ္ ေဆးရည္ အလြယ္တကူ ျပဳလုပ္ အသုံးျပဳနည္း

အ႐ြက္သန္၊ အပြင့္အားေကာင္းျပီး အရသာရွိေသာ အသီးကို ျဖစ္ေစေသာ… ေအာ္ဂဲနစ္ ေဆးရည္ အလြယ္တကူ ျပဳလုပ္ အသုံးျပဳနည္း

အပင္ေတြကို တိုက္႐ိုက္ ၾကက္ဥခြံ ၊ဟင္းအခ်ိဳမႈန္႔ ၊ငါးပိေတြ ေကြၽးတာထက္ ပိုထိေရာက္ေသာနည္း… ရလဒ္ေကာင္းေအာ္ဂဲနစ္ ေဆးရည္ အလြယ္တ ကူ ျပဳလုပ္အသုံးျပဳနည္း။

အပင္အတြက္ အျမစ္ကိုလည္း သန္မာေစပါတယ္။ အ႐ြက္ အပြင့္ အသီးတို႔အတြက္ အ႐ြက္သန္ အပြင့္အား ေကာင္း အရသာရွိေသာ အသီးကို ျဖစ္ေစပါတယ္။

ကုန္ၾကမ္းမ်ား… ၾကက္ဥ ၁ လုံး၊ ၾကက္ဥအခြံ ၂ လုံး၊ ဟင္းအခ်ိဳမႈန႔္ ၁ ဇြန္း၊ ငါးပိစိမ္းအရည္ ၁ ဇြန္း (မွ်င္ငပိ /ငပိေထာင္း ေထာင္းတဲ့ ငပိစိမ္း ၁ ဇြန္း လည္းသုံးလို႔ရ)

ျပဳလုပ္နည္း

ၾကက္ဥ ၁ လုံးေခါက္ပါ ဟင္းအခ်ိဳမႈန႔္ ၁ ဇြန္း ထည့္ပါ။ ငါးပိရည္ ၁ ဇြန္းထည့္ပါ။ အသီးေဖ်ာ္စက္ထဲထည့္ၿပီး ၾကက္ဥအခြံ ၂ လုံး သမ ေအာင္ ေရာႀကိတ္ပါ။

ေဖ်ာ္စက္ မရွိသူမ်ား ၾကက္ဥအခြံကိုင႐ုပ္ဆုံ ကိုသန႔္စင္ေအာင္ေဆးၿပီး ၾကက္ဥအခြံ ကို ေထာင္းႏိုင္ပါတယ္။ ေရ ၁ လီတာစီ ေရဘူးထဲ အဆင္သင့္ ထည့္ထားပါ။

အသင့္ႀကိတ္ ေဖ်ာ္ထားေသာ ၾကက္ဥ အရည္ကို ၁ ဇြန္းဆီ ထည့္ပါ။ သမေအာင္ လုပ္ခါပါ။ ၅-၆ ပုလင္းခန႔္ရပါလိမ့္မည္။ အဖုံး လုံေအာင္ပိတ္ပါ။ ေနပူတြင္ ေဆးထည့္ထားေသာ ေရဘူး ၇ ရက္ထားပါ။

တစ္ေန႔ ၁ ႀကိမ္ လႈပ္ခါေပးရပါမည္။ ၂၁-ရက္အတြင္းမွာေတာ့ အႏုဇီဝပိုးမ်ားေပါက္ပြားၿပီး အနီေရာင္ ရွိေသာ ဂ်ဴလင္စီ စံေခါစင္ကို ရရွိပါၿပီ။ ေဆးေအာင္ျမင္ၿပီး ေဆးရည္ ျဖစ္လာၿပီဆိုပါက ျပန္လည္ ပြားယူရတာပိုၿပီး လ်င္ျမန္ပါတယ္

ပြားနည္း

ၾကက္ဥ ၁ လုံး၊ ဟင္းခ်ိဳ မႈန႔္ ၁ဇြန္း၊ ငါးပိရည္ ၁ ဇြန္း၊ ေဆးဦးရည္ ၂ဇြန္း သမေအာင္ေမႊပါ။ ၁ လီတာရွိေသာ ေရအသင့္ပုလင္းထဲ ၁ ဇြန္းစီထည့္ပါ။ ၅/၆ ပုလင္း လီတာခန႔္ရပါမည္။

သမေရာစပ္ထားေသာ အရည္ ထည့္ၿပီးသားထဲ ေနာက္ထပ္ ေဆးဦးရည္ ၃ ဇြန္း ထပ္ထည့္ၿပီး လႈပ္ခါပါ။ ပုလင္းကို လဲရက္အဖုံးပိတ္ ေနပူထဲ ၇ ရက္ထားပါ။ အရင္ ပထမေဆးလို ၂၁ ရက္ေစာင့္စရာ မလိုေတာ့ပါ။ ၇ ရက္ျပည့္ရင္ အသုံးျပဳလို႔ရပါၿပီဗ်ာ။

အသုံးျပဳနည္း

ေဆးဖ်န္းပုံး ၂၀ လီတာ ၁ ပုံးကို ေဆးရည္ ၂ဝ ဇြန္း ၇ ရက္ ၁ႀကိမ္ဖ်န္းေပးပါ။က်စ္ေနေသာ ေျမအတြက္ ေျမႀကီးထဲထည့္ပါ။ ေဆးရည္ ၂၀ ဇြန္း ေရ ၂၀လီတာေရာ… ေျမႀကီးထဲထည့္ဖ်န္း အပင္အတြက္ အျမစ္ကိုလည္း သန္မာေစတယ္။ အစာခ်က္အား ပိုမိုေကာင္းမြန္ေစပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

အရွက်သန်၊ အပွင့်အားကောင်းပြီး အရသာရှိသော အသီးကို ဖြစ်စေသော… အော်ဂဲနစ် ဆေးရည် အလွယ်တကူ ပြုလုပ် အသုံးပြုနည်း

အပင်တွေကို တိုက်ရိုက် ကြက်ဥခွံ ၊ဟင်းအချိုမှုန့် ၊ငါးပိတွေ ကျွေးတာထက် ပိုထိရောက်သောနည်း… ရလဒ်ကောင်းအော်ဂဲနစ် ဆေးရည် အလွယ်တ ကူ ပြုလုပ်အသုံးပြုနည်း။

အပင်အတွက် အမြစ်ကိုလည်း သန်မာစေပါတယ်။ အရွက် အပွင့် အသီးတို့အတွက် အရွက်သန် အပွင့်အား ကောင်း အရသာရှိသော အသီးကို ဖြစ်စေပါတယ်။

ကုန်ကြမ်းများ… ကြက်ဥ ၁ လုံး၊ ကြက်ဥအခွံ ၂ လုံး၊ ဟင်းအချိုမှုန့် ၁ ဇွန်း၊ ငါးပိစိမ်းအရည် ၁ ဇွန်း (မျှင်ငပိ /ငပိထောင်း ထောင်းတဲ့ ငပိစိမ်း ၁ ဇွန်း လည်းသုံးလို့ရ)

ပြုလုပ်နည်း

ကြက်ဥ ၁ လုံးခေါက်ပါ ဟင်းအချိုမှုန့် ၁ ဇွန်း ထည့်ပါ။ ငါးပိရည် ၁ ဇွန်းထည့်ပါ။ အသီးဖျော်စက်ထဲထည့်ပြီး ကြက်ဥအခွံ ၂ လုံး သမ အောင် ရောကြိတ်ပါ။

ဖျော်စက် မရှိသူများ ကြက်ဥအခွံကိုငရုပ်ဆုံ ကိုသန့်စင်အောင်ဆေးပြီး ကြက်ဥအခွံ ကို ထောင်းနိုင်ပါတယ်။ ရေ ၁ လီတာစီ ရေဘူးထဲ အဆင်သင့် ထည့်ထားပါ။

အသင့်ကြိတ် ဖျော်ထားသော ကြက်ဥ အရည်ကို ၁ ဇွန်းဆီ ထည့်ပါ။ သမအောင် လုပ်ခါပါ။ ၅-၆ ပုလင်းခန့်ရပါလိမ့်မည်။ အဖုံး လုံအောင်ပိတ်ပါ။ နေပူတွင် ဆေးထည့်ထားသော ရေဘူး ၇ ရက်ထားပါ။

တစ်နေ့ ၁ ကြိမ် လှုပ်ခါပေးရပါမည်။ ၂၁-ရက်အတွင်းမှာတော့ အနုဇီဝပိုးများပေါက်ပွားပြီး အနီရောင် ရှိသော ဂျူလင်စီ စံခေါစင်ကို ရရှိပါပြီ။ ဆေးအောင်မြင်ပြီး ဆေးရည် ဖြစ်လာပြီဆိုပါက ပြန်လည် ပွားယူရတာပိုပြီး လျင်မြန်ပါတယ်

ပွားနည်း

ကြက်ဥ ၁ လုံး၊ ဟင်းချို မှုန့် ၁ဇွန်း၊ ငါးပိရည် ၁ ဇွန်း၊ ဆေးဦးရည် ၂ဇွန်း သမအောင်မွှေပါ။ ၁ လီတာရှိသော ရေအသင့်ပုလင်းထဲ ၁ ဇွန်းစီထည့်ပါ။ ၅/၆ ပုလင်း လီတာခန့်ရပါမည်။

သမရောစပ်ထားသော အရည် ထည့်ပြီးသားထဲ နောက်ထပ် ဆေးဦးရည် ၃ ဇွန်း ထပ်ထည့်ပြီး လှုပ်ခါပါ။ ပုလင်းကို လဲရက်အဖုံးပိတ် နေပူထဲ ၇ ရက်ထားပါ။ အရင် ပထမဆေးလို ၂၁ ရက်စောင့်စရာ မလိုတော့ပါ။ ၇ ရက်ပြည့်ရင် အသုံးပြုလို့ရပါပြီဗျာ။

အသုံးပြုနည်း

ဆေးဖျန်းပုံး ၂၀ လီတာ ၁ ပုံးကို ဆေးရည် ၂ဝ ဇွန်း ၇ ရက် ၁ကြိမ်ဖျန်းပေးပါ။ကျစ်နေသော မြေအတွက် မြေကြီးထဲထည့်ပါ။ ဆေးရည် ၂၀ ဇွန်း ရေ ၂၀လီတာရော… မြေကြီးထဲထည့်ဖျန်း အပင်အတွက် အမြစ်ကိုလည်း သန်မာစေတယ်။ အစာချက်အား ပိုမိုကောင်းမွန်စေပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*