













Unicode

ပုဇွန်ကြိုက်လို့ ဝယ်စားမယ်ဆိုရင်… အမြီးဖျားကဆူးကို သတိထားဖယ်ရှားပေးပါ

ပင်လယ်စာတွေဟာ စားရတာ လတ်ဆတ်ပြီး အရသာရှိပေမယ့် ချက်ပြုတ်ဖို့အတွက်ဆိုရင်… အချိန် ပေးပြီး ဆေး ကြောဖယ်ရှားရတဲ့ အရာတွေလည်း ရှိ ပါတယ်။ ပုစွန်ဟင်းချက်တော့မယ်ဆိုရင်…

ပုစွန်ရဲ့အခွံခွာရတာ၊ ကျောခွဲပြီး အညစ်အကြေးထုတ် ပေးရတာအပြင်… အမြီးဖျားက ဆူးချွန်လေးကိုလည်း ချိုးပြီး ဖယ်ရှားပေး ရပါတယ်။ ပုစွန်ဟင်းတစ်ခွက် ချက်ဖူးကြတဲ့ အိမ်ရှင်မများ

ပုစွန် အမြီးဖျားက ဆူးလေး လက်ကို ဆူးဖူးတာ၊ ရှဖူးတာမျိုး ကြုံဖူးကြပါလား… လက်ကို ဆူးဖူး၊ ရှဖူးပြီး အခုချိန်ထိ ကျန်းမာရေး ကောင်းနေသေးရင်တော့… အလွန်ကံကောင်းနေ သေးတယ်လို့ မှတ်ယူပါ…။

ဒါပေမယ့် နောက်တစ်ခါ ပုစွန်ကိုင်ရင်တော့… သတိထားကြဖို့ ဖော်ပြပါ သတင်းလေးက အကြောင်းရင်းကို ပြောပြပါမယ်။ တရုပ်နိုင်ငံ ဂျန်ဆုစီရင်စု ဂွမ်နမ်မြို့က အသက် ၆၀ နှစ်အရွယ် အမျိုး သမီးကြီးဟာ

ဟင်းချက်ဖို့ ပြင်ဆင်စဉ် ပုစွန်ရဲ့ ဖင်ပိုင်းက အမြီးဆူး လက်ကို ပြတ်ရှခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာ သေဆုံးသွားခဲ့ပါတယ်။ လက်ကို ပြတ်ရှခဲ့တဲ့ ပထမရက်မှာ ခပ်မြက်မြက်လေးသာ ခံစားနေခဲ့ရပါတယ်။

ဒုတိယရက်မှာတော့… လက်ဟာ ရောင်ကိုင်းစ ပြုလာပါတယ်။ ဒါပေမယ့်လည်း မကြာခင်ပျောက်သွားမှာပါ ဆိုပြီး… ဒီတိုင်းပဲ ထားလိုက်ပါတယ်။ တတိယရက် မှာတော့… အပြင်းဖျားလာတဲ့အတွက် မိသားစုက ဆေးရုံတင်ပို့ ခဲ့ကြပါတယ်။

ဆေးရုံမှာ ဆရာဝန်က စစ်ဆေးမှုများ ပြုလုပ်ပြီးနောက်မှာတော့… သူမရဲ့ အတွင်းက လီစာတွေအားလုံး တစ်ဖြည်းဖြည်း ပျက်စီး လာနေတာကိုတွေ့ ခဲ့ရပါတယ်။ ဆရာဝန်တွေက ကြိုးစားပြီး ကုသပေမယ့်…

ဆယ်ရက်အကြာမှာ ဆေးရုံပေါ်မှာပဲ ေ သဆုံးသွား ခဲ့ပါတယ်။ ဆရာဝန် တွေက Vibrio vulnificus ဆိုတဲ့ မေးခိုင်ပိုး ဝင်တယ်လို့ သံသယရှိပြီး… ဒီပိုးဟာ လူကို အချိန်တိုအတွင်း ေ သအောင် တိုက်ခိုက်နိုင်တဲ့ အထိ

ပြင်းထန်တယ်လို့ ဆိုပါတယ်။ ဒီလိုဘက်တီးရီးယားတွေကို ရေသတ္တဝါတွေနဲ့ သက်ဆိုင်တဲ့ အရာတွေမှာ အများဆုံးတွေ့ရတတ်ပြီး… ပင်လယ်စာတွေကို ကျက်အောင် ချက်ပြုတ် မစားတာမျိုး… လူ နဲ့ထိ ခိုက်မိပြီး ပြတ်ရှခံရတာတွေကနေ တစ်ဆင့်…

ခန္ဓာကိုယ်ထဲ ဝင်ရောက် ပျံ့နှံ့ပြီး တိုက်ခိုက်တတ်တယ်လို့ ဆိုပါတယ်။ ဒီလို ပိုးဝင်ခံရသူ အများစုဟာ… ၄၈ နာရီအတွင်း ေ သဆုံးတတ်ကြောင်း သိ ရှိ ရပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*