Unicode
ချမ်းသာချင်တဲ့ လူတစ်ယောက်အနေ နဲ့ ပထမဆုံး လိုက်နာကျင့်သုံးရမဲ့ အချက်
ဆရာဖေမြင့်ရဲ့ … ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ် စာအုပ်ထဲမှာ လူတစ်ယောက်အနေ နဲ့ ချမ်းသာချင်ရင် ပထမဆုံး လိုက်နာ ကျင့်သုံးရမဲ့ တစ်ချက် ရှိပါတယ်…။ အဲ့တာဘာလဲဆိုတော့ …
” ငါရတဲ့ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းသည် ငါ့အတွက်ကိုယ်ပိုင် ဥစ္စာဖြစ်စေရမည်တဲ့ ” ကျွန်တော်တို့ဝင်ငွေက ကျွန်တော်တို့ကိုယ်ပိုင်ဟုတ်ပါရဲ့လား? …
စာထဲမှ ာညွှန်းဆိုထားတာကတော့ … မင်းအဝတ်ထည်တွေရဖို့ အပ်ချူပ်သမားကို ပိုက်ဆံမပေးရဘူးလား , ဖိနပ်စီးဖို့ ဖိနပ်ချူပ်သမားကို ငွေမပေးရဘူးလား။ အဲ့လိုပဲ အစားသောက်တွေအတွက်ကော ဘေဘီလုံမြို့မှာ မင်းပိုက်ဆံကို မသုံးရဘူးလား။
ပြီးခဲ့တဲ့လက ရတဲ့ မင်းရဲ့ဝင်ငွေ ဘယ်နှစ်ပြားကျန်သလဲ ပြီးခဲ့တဲ့ တစ်နှစ်လုံးက ရတဲ့ ငွေကော ဘယ်မလဲ… မရှိဘူးမို့လား။ တကယ်တော့ မင်းကိုယ်မင်းက လွဲပြီး လူတစ်ကာကို ပိုက်ဆံတွေ ပေးနေခဲ့တာ ပါတဲ့ … ။
အဲ့လို မဟုတ်ပဲ မင်းရလာတဲ့ ဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံကို စုဆောင်းခဲ့မယ် ဆိုရင် ဆယ်နှစ်အတွင်းမှာ မင်းဟာ ဘယ်လောက် ချမ်းသာနေမလဲ ..?
” အဓိက ဒီစာပိုဒ်လေးရဲ့ ဆိုလိုရင်းဖြစ်တဲ့ ငါရတဲ့ ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းဟာ ငါ့အတွက် ကိုယ်ပိုင် ဥစ္စာ ဖြစ်ရမည် ” ဆိုတာ ကိုယ်ဝင်ငွေ တွေကို ဝင်သလောက် သုံးမပြစ်ပဲ ဆယ်ပုံ တစ်ပုံလောက်ကို စုဆောင်းထားဖို့ပဲ ဖြစ်ပါတယ် …
အဲ့လို စုဆောင်းထားတဲ့ တစ်ဆင့်မှာပဲ မပြီးပဲ ကိုယ်စုထားတဲ့ ငွေတိုင်းဟာ ကိုယ့်အတွက် အလုပ်လုပ်ပေး နိုင်မဲ့ ကျေးကျွန်တွေ ဖြစ်ရမယ်။
တစ်နည်းအားဖြင့် စုဆောင်းရုံနဲ့မပြီးဘူး။ ပြန်လည် ရင်းနှီးပြီး ခိုင်းစေရမယ်။ အဲ့ကျေးကျွန်ငွေသားတွေကနေ တစ်ဆင့် နောက်ထပ် အစွယ်ဖွား သားသမီးတွေ မွေးနိုင်အောင် လုပ်ဆောင် ရမယ်တဲ့ …။
မင်းဟာ ချမ်းသာချင်တဲ့လူဆိုရင် မင်းစုဆောင်းသမျှ ကို တိုးပွားအောင် လုပ်ရပါမယ်တဲ့ …။
ဒါကြောင့် ချမ်းသာချင်တဲ့ လူတစ်ယောက်အနေ နဲ့ ပထမဆုံး လိုက်နာကျင့်သုံးရမဲ့ အချက်ဟာ ကိုယ်ဝင်ငွေရဲ့ ဆယ်ပုံ တစ်ပုံကို ကိုယ့်အတွက် ပြန်လည် စုဆောင်းဖို့ပဲ ဖြစ်ပါတယ် …။
#ဆရာကြီးဖေမြင့်ရဲ့စာအုပ်ထဲမှကိုးကား၍
Leave a Reply