အထူးကု ဆရာဝန္နဲ႔ ျပၿပီး မေပ်ာက္ တဲ့ ေခ်ာင္းဆိုးရင္က်ပ္ ေရာဂါကို (၅) ရက္ထဲ နဲ႔ ေပ်ာက္ကင္းေစတဲ့ ေဆးနည္း

Young woman is having flu and she is sneezing.

အထူးကု ဆရာဝန္နဲ႔ ျပၿပီး မေပ်ာက္ တဲ့ ေခ်ာင္းဆိုးရင္က်ပ္ ေရာဂါကို (၅) ရက္ထဲ နဲ႔ ေပ်ာက္ကင္းေစတဲ့ ေဆးနည္း”ကို စာဖတ္ပရိသတ္မ်ား အသုံးျပဳ ေသာက္သုံး ႏိုင္ေစရန္ ေရးသားေဖာ္ျပ လိုက္ ပါတယ္။

ေငြ မကုန္ပဲ ေရာဂါ သက္သာ ေစတဲ့ ေဆးနည္းမို႔. က်မနဲ႔..ေရာဂါတူသူမ်ား..ရွိရင္.စမ္းေသာက္ၾကည့္ ေစ ခ်င္ ပါတယ္။

ေန႔စဥ္..ရက္ဆက္ ေခ်ာင္းဆိုး ရင္က်ပ္ ျဖစ္ေနတာ.ရက္၂၀ေက်ာ္ေနပီ ျဖစ္ခါစ တပါတ္ေလာက္ အထိ ေန႔တိုင္း ေဆးခန္း သြားျပတယ္။ မသက္သာဘူး ေလႁပြန္ေရာင္တာနဲ႔ ေခ်ာင္းဆိုးရင္က်ပ္ တြဲျဖစ္ေတာ့ ေနရဆိုး ေဆးနည္းမ်ိဳးစုံ ဝယ္ေသာက္။

ဒါလဲ မေပ်ာက္ဘူး ရက္၂၀ေက်ာ္လာေတာ့ လူႀကီးေတြက စိုးရိမ္လာလို႔ အထူးကုနဲ႔ ျပေတာ့ ဒီတိုင္းမျဖစ္ဘူး ဆိုၿပီး ေဆး႐ုံသြားဖို႔ စီစဥ္ေနတုန္း

အိမ္ကို ႐ြာက ဦးေလး အလည္ေရာက္တာနဲ႔ ႀကဳံေရာ ဦးေလးက.ေနဦး ေဆး႐ုံမသြားေသးနဲ႔ဦး သေဘၤာ႐ြက္ေရေႏြးစိမ္ ေသာက္ၾကည့္စမ္း ဆိုတာ နဲ႔ အာ့ေန႔ တေန႔လုးံ ဝင္သေလာက္ သေဘၤာ႐ြက္ ကို ေရေႏြးစိမ္ေသာက္တာ ညက် အိပ္ႏိုင္တယ္။

ဒါနဲ႔ ေရာဂါ သက္သာတာပဲ ဆိုၿပီး ေနာက္ရက္ေတြ ဆက္တိုက္ ေသာက္ေပးတာ ၅ရက္ေလာက္ေနေတာ့ ေခ်ာင္းဆိုး ရင္က်ပ္ ေလႁပြန္ေရာင္တာ အရွင္း ေျပာက္သြားတယ္။

သေဘာရၤြက္ ကို အသုံးျပဳပုံက အ႐ြက္စိုကိုပဲ ျဖစ္ျဖစ္ အ႐ြက္ေျခာက္ကိုပဲ ျဖစ္ျဖစ္ ခြက္ထဲ ထည့္ အေပၚကေန ေရေႏြးပူပူ ကို ေလာင္းထဲ့ၿပီး မပူမေအးေလးမွာ ေသာက္လို႔ ရပီ။

ေသာက္ခါစမွာ အ႐ြက္စိမ္းေစာ္ နံေနေပမဲ့ သုံးခြက္ေလာက္ ေသာက္ၿပီးသြားရင္ အဆင္ေျပေျပ ေသာက္ႏိုင္သြားၿပီ။

ေဆးနည္းဒါန ေဝမွ်ရေသာ ကုသိုလ္ အက်ိဳးေၾကာင့္ မိမိ ေအးခ်မ္း သာယာသလို ေလာကသားအားလုံး ေအးခ်မ္း သာယာပါေစ အသိမွန္ အျမင္မွန္ မ်ားျဖင့္ က်န္ရွိေသာ ဘဝ ကို လွပစြာျဖတ္သန္း ႏိုင္ၾကပါေစ။

REF: EAINDRA_ED MEDIA

Unicode

အထူးကု ဆရာဝန်နဲ့ ပြပြီး မပျောက် တဲ့ ချောင်းဆိုးရင်ကျပ် ရောဂါကို (၅) ရက်ထဲ နဲ့ ပျောက်ကင်းစေတဲ့ ဆေးနည်း”ကို စာဖတ်ပရိသတ်များ အသုံးပြု သောက်သုံး နိုင်စေရန် ရေးသားဖော်ပြ လိုက် ပါတယ်။

ငွေ မကုန်ပဲ ရောဂါ သက်သာ စေတဲ့ ဆေးနည်းမို့. ကျမနဲ့..ရောဂါတူသူများ..ရှိရင်.စမ်းသောက်ကြည့် စေ ချင် ပါတယ်။

နေ့စဉ်..ရက်ဆက် ချောင်းဆိုး ရင်ကျပ် ဖြစ်နေတာ.ရက်၂၀ကျော်နေပီ ဖြစ်ခါစ တပါတ်လောက် အထိ နေ့တိုင်း ဆေးခန်း သွားပြတယ်။ မသက်သာဘူး လေပြွန်ရောင်တာနဲ့ ချောင်းဆိုးရင်ကျပ် တွဲဖြစ်တော့ နေရဆိုး ဆေးနည်းမျိုးစုံ ဝယ်သောက်။

ဒါလဲ မပျောက်ဘူး ရက်၂၀ကျော်လာတော့ လူကြီးတွေက စိုးရိမ်လာလို့ အထူးကုနဲ့ ပြတော့ ဒီတိုင်းမဖြစ်ဘူး ဆိုပြီး ဆေးရုံသွားဖို့ စီစဉ်နေတုန်း

အိမ်ကို ရွာက ဦးလေး အလည်ရောက်တာနဲ့ ကြုံရော ဦးလေးက.နေဦး ဆေးရုံမသွားသေးနဲ့ဦး သင်္ဘောရွက်ရေနွေးစိမ် သောက်ကြည့်စမ်း ဆိုတာ နဲ့ အာ့နေ့ တနေ့လုးံ ဝင်သလောက် သင်္ဘောရွက် ကို ရေနွေးစိမ်သောက်တာ ညကျ အိပ်နိုင်တယ်။

ဒါနဲ့ ရောဂါ သက်သာတာပဲ ဆိုပြီး နောက်ရက်တွေ ဆက်တိုက် သောက်ပေးတာ ၅ရက်လောက်နေတော့ ချောင်းဆိုး ရင်ကျပ် လေပြွန်ရောင်တာ အရှင်း ပြောက်သွားတယ်။

သဘောင်္ရွက် ကို အသုံးပြုပုံက အရွက်စိုကိုပဲ ဖြစ်ဖြစ် အရွက်ခြောက်ကိုပဲ ဖြစ်ဖြစ် ခွက်ထဲ ထည့် အပေါ်ကနေ ရေနွေးပူပူ ကို လောင်းထဲ့ပြီး မပူမအေးလေးမှာ သောက်လို့ ရပီ။

သောက်ခါစမှာ အရွက်စိမ်းစော် နံနေပေမဲ့ သုံးခွက်လောက် သောက်ပြီးသွားရင် အဆင်ပြေပြေ သောက်နိုင်သွားပြီ။

ဆေးနည်းဒါန ဝေမျှရသော ကုသိုလ် အကျိုးကြောင့် မိမိ အေးချမ်း သာယာသလို လောကသားအားလုံး အေးချမ်း သာယာပါစေ အသိမှန် အမြင်မှန် များဖြင့် ကျန်ရှိသော ဘဝ ကို လှပစွာဖြတ်သန်း နိုင်ကြပါစေ။

REF: EAINDRA_ED MEDIA

Be the first to comment

Leave a Reply

Your email address will not be published.


*